ခြံအမှတ် (၅၄)ကို မီးရှို့ရန် ကြိုးပမ်းခဲ့သူဝင်းနိုင် ရာဇဝင်

ဒေါ်ကြည်ကြည်သန်း နံနက် ၄ နာရီခန့်ထ၍ ထမင်းအိုးတည်ချိန်တွင်အလုပ်သွားမည့် ခင်ပွန်းဖြစ်သူဝင်းနိုင်တစ်ယောက် အိမ်ရှေ့၌အရက်ထသောက်နေပြီ ဖြစ်သည်။သို့နှင့် ထမင်းကျက်သည့်အခါ ချိုင့်ထဲခူးခပ်ထည့်ပေးပြီး ဝင်းနိုင်ဝတ်မည်ပြောသော ပလေကတ်ပုဆိုးကိုပင် ထုတ်ပေးလိုက်သေး၏။

ခင်ပွန်းသည် ဝင်းနိုင်မှာ ၂၄ နာရီ အချိန်ပြည့် အလုပ်ဆင်း ရသည်မို့ နံနက် ၅ နာရီခန့် အ လုပ်သွားပြီဆိုလျှင် နောက်တစ် နေ့ နံနက် ၈ နာရီခန့်မှ ပြန်ရောက် တတ်သည်။ သို့သော် ဖေဖော်ဝါရီ၂ ရက် နံနက် ခင်ပွန်းပြန်မရောက်မီ နံနက် ၁ နာရီခန့်တွင် ရပ်ကွက် လူကြီးနှင့်အတူ ရဲများရောက် လာပြီး ဝင်းနိုင်ကိုမေး၍ အိမ်ထဲ ဝင်ရှာသည်။

ထိုအခါမှ ဝင်းနိုင်သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ တက္ကသိုလ်ရိပ်သာလမ်း အမှတ် (၅၄)နေအိမ်တွင်းသို့ ဓာတ်ဆီပုလင်းမီးရှို့ ပစ်သွင်းခဲ့၍ ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးနေကြောင်း သိတော့သည်။

ထို့ကြောင့် ဒေါ်ကြည်ကြည် သန်းသည် ခင်ပွန်း အလုပ်သွား ကြောင်း ပြောပြီး နံနက် ၃ နာရီတွင်ဝင်းနိုင်ကို ၎င်းညစောင့်သော လုပ်ငန်းခွင်၌ ရဲတပ်ဖွဲ့က ဖမ်းမိခဲ့သည်။

အသက် (၄၈) နှစ်အရွယ် ဝင်းနိုင်သည် မြောက်ဒဂုံမြို့နယ် (၅၁) ရပ်ကွက် အောင်သစ္စာလမ်း အနောက်ရှိ သပြေခြံကျူးကျော် တဲစုတွင် နေထိုင်သူဖြစ်ပြီး တက္က သိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင် ဆန်းစုကြည်ပိုင် ကမ္ဘာကျော်ခြံအ မှတ် (၅၄) ဝင်းအတွင်းသို့ ဖေဖော်ဝါရီ ၁ ရက် နံနက် ၆ နာရီခွဲခန့်က ဓာတ်ဆီပုလင်းမီးရှို့၍ ပစ်ခဲ့သူ ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန် ခဲ့သည်။

၎င်းသည် ဇနီးသည်အပါအ ဝင် သားသမီးသုံးဦးနှင့် အတူ အဆိုပါ ကျူးကျော်တဲစုရှိ ၁၀ ပေ ခန့်ရှိ ခနော်နီ ခနော်နဲ့နှင့် ကြမ်းခင်းများကျိုးပျက်နေပြီး ထရံအကာများလည်း ယိုယွင်းနေသည်။ အဆိုပါ ကျူးကျော်တဲစုသို့ ပြောင်းလာသည်မှာ လေးလခန့်သာရှိသေးသည်။ ယခင်က ကျူးကျော် တဲစုနှင့် မလှမ်းမကမ်းတွင် တည်ရှိသော မြောက်ဒဂုံမြို့နယ် (၅၁) ရပ်ကွက် ဘုရင့်နောင် (၂) လမ်းတွင်နေထိုင်ပြီး ထိုမတိုင်မီက သာကေတမြို့နယ်၌ နေထိုင်ခဲ့သည်။

အရံမီးသတ်တပ်ဖွဲ့အဖြစ် လုပ်ကိုင်ခဲ့ဖူးသလို၊ ဝင်းနိုင်သည်Global Hawk ကုမ္ပဏီတွင် လုံခြုံရေးအစမ်းခန့် ဝန်ထမ်းအဖြစ် လွန်ခဲ့သည့် နှစ်လက ဝင်ရောက်ခဲ့ပြီး လက်ရှိတွင် ကမ္ဘာအေးဘုရားလမ်း မြကျွန်းသာ အပန်းဖြေဥယျာဉ်အတွင်းရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် ၂၄ နာရီ လုံခြုံရေးဝန်ထမ်း လုပ်ကိုင်နေသည်။ ယင်းမတိုင်မီက မြောက်ဥက္ကလာပဘုန်းကြီးလမ်းရှိ OSC ဆေးရုံတွင် လုံခြုံရေးအဖြစ် လုပ်ကိုင်ဖူးသည်။

၎င်းသည် ယခင်က ရပ်ကွက် အတွင်း ဆိုက်ကားနင်းသူဖြစ်ပြီး နံနက်ပိုင်းတွင် လမ်းဘေးရှိ အ မှိုက်များ၊ ဘူးခွံများကောက်ကာ ရောင်းလေ့ရှိသည်။ ထို့အပြင် အ ရက်အလွန်သောက်တတ်သူဖြစ် ကြောင်း ၎င်းနေထိုင်သည့် အောင် သစ္စာလမ်း ရာအိမ်မှူး ဦးခင်ထွေး က ပြောသည်။ ဦးခင်ထွေးသည် ဝင်းနိုင်နှင့် လွန်ခဲ့သည့် နှစ်အ နည်းငယ်ကတည်းက ရင်းနှီးသူ ဖြစ်ပြီး ရဲတပ်ဖွဲ့ ထုတ်ပြန်သလိုပင် ဝင်းနိုင်သည် စိတ်မနှံ့သူဖြစ်နိုင် ကြောင်း မှတ်ချက်ပြုသည်။

‘‘စိတ်လွတ်ကိုယ်လွတ်ဖြစ် တာတော့ တစ်ခါမှ မမြင်ဖူးဘူး။ သူ့ဟာသူ အရက်ကြောင်သလား၊ နဂိုကတည်းက ကြောင်တောင် တောင် ဖြစ်တာလားတော့ မသိ ဘူး။ တစ်ခါတလေလည်း လမ်း သွားရင် မိုးပေါ်မော့ပြီးတစ် ယောက်တည်း ရယ်ချင်လည်း ရယ်သွား၊ စကားတွေပြောချင် လည်းပြောသွားလုပ်နေတာ’’ ဟု ၎င်းကဆိုသည်။

သို့သော် ခိုက်ရန်ဖြစ်ပွားခြင်း၊ ပြဿနာရှာခြင်းမျိုးမရှိဘဲ တစ်ဦးတည်း အော်ဟစ် ပြောဆိုနေသည်မျိုးတော့ရှိကြောင်း ဦးခင်ထွေးကဆိုသည်။

ဒေါ်ကြည်ကြည်သန်းသည် အသက် (၅၄)နှစ်အရွယ်ရှိပြီး ၎င်း၏သားကြီးက ဆိုင်ကယ်ကယ်ရီဆွဲသည်။ သမီးလတ်သည် ရောဂါဖြစ်နေပြီး သမီးငယ်မှာ ခုနစ်တန်းကျောင်း သူဖြစ်သည်။ ၎င်းတို့ အိမ်ထောင်သက် အနှစ်၂၀ ခန့်ရှိပြီဖြစ်သည်။ ညားခါစက ထိုသို့မဟုတ်ဘဲ နောက်ပိုင်းတွင် အရက်သောက်များ၍ ယခုကဲ့သို့ ပြောင်းလဲလာကြောင်း ဒေါ်ကြည်ကြည်သန်းက ဆိုသည်။ ထို့ပြင် လွန်ခဲ့သည့် ၂ နှစ်က ဖျာပုံဘက်တွင် အလုပ်သွားလုပ်ပြီးနောက် ပြန်လည်ရောက်ရှိလာစဉ် အခြေအနေပို၍ဆိုးလာသည်ဟု ဇနီးသည်ကဆိုသည်။

‘‘သူက အဲဒီလိုဖြစ်သွားတာ ကလည်း ဖျာပုံဘက်ကို ငါးဖမ်း စက်လှေလိုက်သွားတာ။ လိုက် သွားတဲ့နှစ်တုန်းက အဲဒီမှာအရိုက် ခံရတာခေါင်းမှာ ဒဏ်ရာတွေရှိ တယ်။ ပင်လယ်ထဲမှာကျတော့ အချိုမှုန့်ဆိုလား သိပ်တာ။ ဒဏ် ရာတွေအများကြီးပဲ။ အဲဒီက လာ ပြီးကတည်းက ဟိုပြောဒီပြောနဲ့ လျှောက်ပြောနေတာာပဲ။ ဘယ် သူ့ကိုမှ ပြောတာမှမဟုတ်ဘူး။ သူ့ဟာသူပြောနေတာ။ တစ်ခါ တလေလည်း ကောင်းနေတာပဲ’’ ဟု ၎င်းကဆိုသည်။

ဝင်းနိုင်သည် ၂၀၁၆အတွင်း (၅၁)ရပ်ကွက်တွင် အတွင်းခံ တစ်ထည်သာဝတ်ဆင်၍ လမ်း လျှောက်ကာ စကားများအော် ပြောနေသောကြောင့် ရပ်ကွက် က၀ိုင်းဖမ်းကာ စိတ်ကျန်းမာရေး ဆေးရုံ(ရန်ကုန်)သို့ ပို့ဆောင်ခဲ့ဖူး ကြောင်း အဆိုပါရပ်ကွက်နေ အမျိုးသားတစ်ဦးက ပြောသည်။ ထို့နောက် မြောက်ဥက္ကလာပရှိ OSC ဆေးရုံတွင် အလုပ်လုပ်စဉ် ကလည်း ထမင်းစားရင်း တစ် ယောက်တည်းစကားကြာမြင့်စွာ ပြောနေသောကြောင့် OSC ၀န် ထမ်းများကခေါ်ဆောင်ကာ အိမ် သို့ပြန်အပ်ပြီး စိတ်ကျန်းမာရေး ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း OSC ဆေးရုံမှ အမည်မဖော်လို သည့်လုံခြုံရေးဝန်ထမ်းဟောင်း တစ်ဦးက ပြောသည်။

၎င်းသည် တစ်ခါက လမ်း ဘေးမှ စာအုပ်တစ်အုပ်ကို ကောက်ယူလာပြီး ထိုစာအုပ်ထဲ တွင် ရုပ်ပုံများရေးခြစ်လေ့ရှိ သည်။ ထို့ပြင် ၀င်းနိုင်သည် စာ မတတ်သောကြောင့် သမီးဖြစ်သူ ကို ၎င်းမကျေနပ်သူများ၏အမည် များ ချရေးခိုင်းလေ့ရှိကြောင်း ဇနီးကပြောသည်။ သို့သော်ထိုစာအုပ်ကို မည်သူ့ကိုမျှအထိမခံဟု ဆိုသည်။

ယင်းစာအုပ်သည် ၎င်းကို ဖမ်းမိစဉ် သိမ်းဆည်းရမိသော သက်သေခံပစ္စည်းတစ်ခုဖြစ်လာ ပြီး ယင်းစာအုပ်တွင်းမှ ရေးသား ချက်များနှင့် ၎င်း၏သမီးဖြစ်သူ ၏ လက်ရေးကိုတိုက်ဆိုင်စစ် ဆေးခဲ့ကြောင်း ရဲတပ်ဖွဲ့ကထုတ် ပြန်သည်။

၎င်းသည် ဒေါ်အောင်ဆန်းစု ကြည်နှင့်ပတ်သက်၍ မည်သည့် စကားမျှ မပြောဆိုဖူးကြောင်း၊ ၎င်း၏ဇနီးသည်က ဆို သည်။ သို့သော် ဗိုလ်ချုပ်အောင် ဆန်းကိုမူ ၎င်း၏စကားများထဲတွင် လေးလေးစားစားထည့်သွင်းပြော တတ်သည်ဟု ပြောသည်။

ထို့အပြင် ယခု အခင်းမဖြစ်မီ ရက်များအတွင်း ၎င်းသည် ငွေ များပိုသုံးခြင်း၊ ပိုက်ဆံအပိုရခြင်း မျိုးရှိ၊ မရှိမေးမြန်းရာ မရှိဟု ဇနီးက ဆိုသည်။ ၎င်းရသည့် လစာဖြင့် ဆန်လေးလုံးသာ ဝယ်ပေးပြီး ဝင်းနိုင်ကိုယ်တိုင်မှာမူ ဇန်နဝါရီလကုန်တွင် မျက်နှာ ပေါင်းသွားတင်ခဲ့ကြောင်း ဇနီးကပြောသည်။

ဝင်းနိုင်သည် ၎င်းလုံခြုံရေး အလုပ်လုပ်သည့် လမ်းနီမှတ် တိုင် အင်လျားကန်ပေါင်မှ ကန် တစ်ဖက်ကို ကြည့်ရင်း ‘ဒေါ်စု အိမ်’ စသည်ဖြင့် ပြောလေ့ရှိပြီး ဒေါ်စုမှာ ၎င်းကို အဆက်အသွယ် ပြုနေသည်ဟု တစ်ခါပြောဖူး ကြောင်း ၎င်းနှင့်အလုပ်အတူ လုပ်ကိုင်သည့် လုံခြုံရေးဝန်ထမ်း ခေါင်းဆောင် ဦးဆလိုင်းက ပြော သည်။ ဦးဆလိုင်းသည် ဝင်းနိုင်နှင့် အလုပ်အတူ လုပ်သော်လည်း နေ့ ဆိုင်း ညဆိုင်းကွဲပြီး အခင်းဖြစ် သည့်နေ့က ဦးဝင်းနိုင်နှင့် အတူ ရှိမနေခဲ့ဟုဆိုသည်။

အခင်းဖြစ်သည့် နံနက်က ဝင်းနိုင်သည် အိမ်မှ နံနက် ၅ နာရီ အတိတွင် အလုပ်သို့ ထွက်ခွာ သွားသည်ဟု ဇနီးသည်က ပြောသည်။ ဝင်းနိုင်မှာ ဓာတ်ဆီပု လင်းကို မီးရှို့၍ ဒေါ်အောင်ဆန်းစု ကြည်၏ နေအိမ်တွင်းသို့ ဖေဖော် ဝါရီ ၁ ရက် နံနက် ၆ နာရီခွဲခန့်က ပစ်သွင်းခဲ့ပြီးနောက် ၎င်းအလုပ် လုပ်နေသည့် လမ်းနီကန်ပေါင်ဘေးမှ အဆောက်အအုံ လုပ်ငန်းခွင်သို့ နံနက် ၈ နာရီခန့်တွင်အလုပ်ဝင်ခဲ့သည်။ အလုပ်မှာ နံနက် ၈ နာရီမှ နောက်တစ်နေ့ နံနက် ၈ နာရီအထိ ၂၄ နာရီဆင်းရသည့် လုံခြုံရေးအလုပ်ဖြစ်သည်။ ၂ ရက်နေ့ နံနက် ၃ နာရီတွင် ရဲတပ်ဖွဲ့ဝင်များက ၎င်းအလုပ်လုပ်ရာ နေရာသို့ သွားရောက်ဖမ်းဆီးခဲ့သည်။

ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်တွင် ၎င်းသည် ဒေါ်အောင်ဆန်းစုကြည်ပိုင်ခြံဝင်းရှိလူများက ၎င်းကို မှော်ပညာဖြင့် ပြုစားထားခြင်းကြောင့် အနံ့ဆိုးများ အမြဲရနေပြီး အိပ်၍မရဘဲ စိတ်တွင် မခံမရပ်နိုင် ခံစားနေရသဖြင့်ယခုကဲ့သို့ ကျူးလွန်ခဲ့ကြောင်း ထွက်ဆိုသည်။ ထို့အပြင် ၎င်း၏ သမီးငယ်ကို ရေးခိုင်းသည့် စာအုပ်တွင် ‘ဒေါ်အောင်ဆန်းစုကြည်နေရာရှိ ကင်မရာများနှင့်ဝင်းနိုင် တစ်ယောက်တည်းကို လိုက်ရိုက်နေပါသည်။ မှော်ပညာနှင့်လည်း လိုက်နှောင့်ယှက်နေပါသည်’ဟု စသည်ဖြင့် ဒီဇင်ဘာ ၂၆ ရက် ရက်စွဲဖြင့် ရေးသားထားသည်ကို တွေ့ရသည်။

၎င်းဆေးကုသခဲ့သည့် ရွာ သာကြီး စိတ်ကျန်းမာရေးဆေးရုံ သို့ အကြောင်းကြား မေးမြန်းရာ ဆေးရုံတာဝန်ရှိသူ တစ်ဦးက ဝင်းနိုင်ကို ကုသခဲ့သည့် တာဝန် ကျဆရာဝန်ကို မမှတ်မိတော့ ကြောင်း ပြန်လည်ဖြေဆိုသည်။

သို့သော် အချို့ကမူ ဝင်းနိုင် စိတ်မနှံ့သော်လည်း နောက် ကွယ်မှ ခိုင်းစေသူများ၊ အကွက် ချလုပ်သူများ ရှိနေသည်ဟု ထင် နေဆဲဖြစ်သည်။ ၎င်း၏လုပ်ဖော် ကိုင်ဖက် ဦးဆလိုင်းက ‘‘သူက ဒီအတိုင်းငွေပေးခိုင်းရင် လုပ်မယ့် သူမျိုးတော့ မဟုတ်ဘူး။ အူတူ တူနဲ့လေ။ ဒီအတိုင်း မြှောက်ပေး ရင်တော့ လုပ်ချင်လုပ်မယ့်ပုံစံ ပါ’’ ဟု သူ့အမြင်ကို ပြောသည်။

Source: 7 Day

COMMENTS

Name

art,1,article,1344,cartoon variety,22,crime,70,culture,1,documentary,9,Entertainment,9,health,36,history,2,international,8559,interview,223,knowledge,9,Live,8,LocalNews,17532,news,2842,opinion,781,photos,203,poem,117,satires,39,song,12,speech,12,sports,193,statement,59,technic,59,translate,34,video,1073,voice,76,
ltr
item
dawnmanhon: ခြံအမှတ် (၅၄)ကို မီးရှို့ရန် ကြိုးပမ်းခဲ့သူဝင်းနိုင် ရာဇဝင်
ခြံအမှတ် (၅၄)ကို မီးရှို့ရန် ကြိုးပမ်းခဲ့သူဝင်းနိုင် ရာဇဝင်
https://4.bp.blogspot.com/-lm7IZALbHOk/WnUyJfchGUI/AAAAAAAAebA/GdSXrHR_cqo5lXHFq4I2S1nFjYF540QhgCLcBGAs/s400/q1.jpg
https://4.bp.blogspot.com/-lm7IZALbHOk/WnUyJfchGUI/AAAAAAAAebA/GdSXrHR_cqo5lXHFq4I2S1nFjYF540QhgCLcBGAs/s72-c/q1.jpg
dawnmanhon
http://www.dawnmanhon.com/2018/02/blog-post_56.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2018/02/blog-post_56.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy