လူသတ်သမားကြည်လင်းကို ၀န်းရံသူများ ရဲတပ်ဖွဲ့လိုက်ဖမ်း၍ ထွက်ပြေးနေ


ဦးကိုနီလုပ်ကြံခံရမှု၏ ၄၂ ကြိမ်မြောက်ရုံးချိန်းတွင် ‘မင်းတို့ ထမင်းဝအောင်စားထား’ စာတန်းပါ တီရှပ်အင်္ကျီများဝတ်ဆင်၍ တရား ရုံး၌ ကြည်လင်းကို လာရောက်ဝန်းရံသူလေးဦးထွက်ပြေးတိမ်းရှောင် နေ၍ ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးနေသည်။
လူသတ်သမားကြည်လင်းကို လာရောက်ဝန်းရံသူအမျိုးသား လေး ဦးကို အင်းစိန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ် ကာ အင်းစိန်မြို့နယ်တရားရုံးသို့ ဦးတိုက်လျှောက်ထားခြင်းဖြစ်ပြီး တရားသူကြီးက နိုင်ငံတော်ငြိမ်ဝပ်ရေး ထိခိုက်သည့်ပြစ်မှုကို တစ်ဦးတစ် ယောက်ကျူးလွန်ချင်လာအောင် အများပြည်သူထိတ်လန့်မှု ဖြစ်စေရန် ရည်ရွယ်ပြုလုပ်သည့်ပုဒ်မ ၅၀၅(ခ)အပြင် ပြည်သူ့ဝန်ထမ်းကိုနစ်နာ စေမည်ဟု ခြိမ်းခြောက်ခြင်းပုဒ်မ ၁၈၉ တို့ဖြင့် ဖေဖော်ဝါရီ ၆ ရက်ကဖမ်းဝရမ်းထုတ်ခဲ့ခြင်း ဖြစ်သည်။

လက်ညှိုးထိုးနေသော ပုံဖြင့် ‘မင်းတို့ထမင်းဝအောင်စားထား’ စာတန်းပါ တီရှပ်များဝတ်ဆင်ကာ ဖေဖော်ဝါရီ ၂ ရက်က မြောက် ပိုင်းခရိုင်တရားရုံးသို့ လာရောက် ၀န်းရံခဲ့သည့် မြတ်ဘုန်းမိုရ်၊ တင် ဌေးအောင်(ခေါ်)အကြီးကောင် တို့အပါအ၀င် လေးဦးကို အ ထက်ပါပုဒ်မနှစ်ခုဖြင့် ဖေဖော်ဝါရီ ၆ ရက်တွင် ဖမ်းဝရမ်းထုတ်ခဲ့ ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိ တစ်ဦးက ပြောသည်။

‘‘အရှေ့ပိုင်းခရိုင်ရဲမှူးနဲ့ သာ ကေတထွေအုပ်တို့ သာကေတမှာ ရှိတဲ့သူတို့အိမ်တွေမှာ လိုက်ရှာ နေတယ်။ အိမ်တွေမှာတော့ မရှိ တော့ဘူး။ ထွက်ပြေးနေတယ်’’ ဟု ၎င်းကပြောသည်။

၎င်းတို့ အတပ်ခံထားရသော ပုဒ်မများသည် ထောင်ဒဏ်၂ နှစ် အထိ ချမှတ်နိုင်သောပုဒ်မများ ဖြစ်သည်။

‘‘စွဲတဲ့အကြောင်းကတော့ တရားရုံးရဲ့ စစ်ဆေးကြားနာမှုအ ပေါ်မှာ အနှောင့်အယှက်ပေး တယ်။ ခြိမ်းခြောက်တယ်။ တရား ဥပဒေ စိုးမိုးရေးကို ပျက်ပြား အောင်လုပ်တယ်။ အဲဒီအချက် တွေအပေါ် မူတည်ပြီးတရားစွဲ တယ်။ အဲဒီတရားစွဲတာနဲ့ပတ် သက်ပြီး ဒီနေ့တိုင်းအဆင့်နဲ့လေး ယောက်စလုံးကို ဖမ်းဝရမ်းထုတ် လိုက်တယ်။ ရှေ့နေများအဖွဲ့ရဲ့ တောင်းဆိုချက်ရယ်၊ တိုင်ကြား ချက်တွေကြောင့် တရားစွဲဆို လိုက်တာဖြစ်တယ်’’ ဟု အမည် မဖော်လိုသူရှေ့နေတစ်ဦးကပြော သည်။ သေနတ်သမား ကြည်လင်းကို လာရောက်ဝန်းရံသူလေးဦးထဲမှာ နှစ်ဦးသည် ပြီးခဲ့သည့် ၂၀၁၇ မေလ ၉ ရက်ညက မင်္ဂလာတောင်ညွန့်မြို့နယ် ၁၂၂လမ်းထောင့်ရှိတိုက်ခန်းတစ်ခုတွင် ခိုးဝင်ဘင်္ဂါလီများ ရောက်နေသည်ဟုဆိုကာ ၀င်ရောက်စစ်ဆေးရာမှ ဖြစ်ပွားခဲ့သည့် ပဋိပက္ခတွင်ပါဝင်သူများ ဖြစ်သည်။

မြတ်ဘုန်းမိုရ်နှင့် တင်ဌေး အောင်(ခေါ်)အကြီးကောင်တို့၏ လက်ကိုင်ဖုန်းသို့ 7Day Daily သတင်းစာက ယမန်နေ့တွင်ဖုန်း ဖြင့် ဆက်သွယ်ခဲ့သော်လည်း ဖုန်း စက်ပိတ်ထားသည်။

မြတ်ဘုန်းမိုရ်သည် မိုင်ဒါ ကွင်းတွင် ဖေဖော်ဝါရီ ၄ ရက်က ပြုလုပ်သည့်မြန်မာ့တပ်မတော်၏ နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံ ရေးနှင့် လုပ်ငန်းစဉ်များအပေါ် သပ်လျှိုသွေးခွဲသူများအား ဆန့် ကျင်ရှုတ်ချပွဲသို့လည်း တက် ရောက်ခဲ့သေးသည်။

လူသတ်တရားခံအဖြစ် စွပ် စွဲခံရသူများကို ၀န်းရံရုံမက လူ သတ်ခြင်းကို အားပေးကြောင်းပြု မူခြင်းသည် လူသတ်မှုကို တရား ရုံးရှေ့၌ ပြောင်ပြောင်တင်းတင်း အားပေးခြင်း၊ လှုံ့ဆော်ခြင်း၊ ဖိ အားပေးခြင်းဖြစ်၍ ဖွဲ့စည်းပုံအ ခြေခံဥပဒေပုဒ်မ ၁၉(က)အရ ဥပဒေနှင့်အညီ လွတ်လပ်စွာတ ရားစီရင်ရေးကို အနှောင့်အယှက် အဟန့်အတားဖြစ်ရာရောက်၍ ကန့်ကွက်ကြောင်းနှင့် ဥပဒေနှင့် အညီထိရောက်စွာ အရေးယူပေး ရန် တရားရေးအသိုင်းအ၀ိုင်းက တောင်းဆိုထားသည်။

တောင်းဆိုသည့်ရှေ့နေအ ဖွဲ့အစည်းများသည် မြန်မာနိုင်ငံ ရှေ့နေအသင်း၊ လွတ်လပ်သော ရှေ့နေများအသင်း၊ ရန်ကုန်ရှေ့ နေအသင်း၊ မြန်မာမီဒီယာရှေ့နေ များကွန်ရက်နှင့် ဥပဒေဘွဲ့ရသူ များအသင်းတို့ဖြစ်သည်။

===========

7Day News Journal

http://7daydaily.com/story/119853

COMMENTS

Name

art,1,article,1317,cartoon variety,22,crime,68,culture,1,documentary,8,Entertainment,8,health,33,history,2,international,7570,interview,221,knowledge,8,Live,8,LocalNews,16111,news,2842,opinion,767,photos,203,poem,116,satires,39,song,12,speech,12,sports,147,statement,59,technic,57,translate,34,video,1068,voice,76,
ltr
item
dawnmanhon: လူသတ်သမားကြည်လင်းကို ၀န်းရံသူများ ရဲတပ်ဖွဲ့လိုက်ဖမ်း၍ ထွက်ပြေးနေ
လူသတ်သမားကြည်လင်းကို ၀န်းရံသူများ ရဲတပ်ဖွဲ့လိုက်ဖမ်း၍ ထွက်ပြေးနေ
https://3.bp.blogspot.com/-SzNsjp6lxlo/WnxrGKQbATI/AAAAAAAAeeU/RuIyJJKwfCsfw3uiVcnN7zBgJN5K_f8mQCLcBGAs/s400/q1.jpg
https://3.bp.blogspot.com/-SzNsjp6lxlo/WnxrGKQbATI/AAAAAAAAeeU/RuIyJJKwfCsfw3uiVcnN7zBgJN5K_f8mQCLcBGAs/s72-c/q1.jpg
dawnmanhon
http://www.dawnmanhon.com/2018/02/blog-post_799.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2018/02/blog-post_799.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy