NLD အစိုးရက အရင် စစ်အစိုးရတွေ အတိုင်းဖိနှိပ်တယ်လို့ ယန်ဟီးလီပြော

 မြန်မာနိုင်ငံ ၀င်ခွင့်ပိတ်ပင်ခံထားရတဲ့ ယန်ဟီးလီက ဘင်္ဂလားဒေ့ရှ်နဲ့ ထိုင်းနိုင်ငံတို့က ဒုက္ခသည် စခန်းတွေကို သွားခဲ့
ရခိုင် ပြည်နယ်မှာ အစုလိုက် အပြုံလိုက် သတ်ဖြတ်မြှုပ်နှံ ထားတဲ့ နေရာ ငါးနေရာထက် မနည်းကို ဘူးသီးတောင် မြို့နယ်၊ ဂူတာပြင် ရွာနားမှာ တွေ့ရတယ်လို့ အေပီ သတင်းဌာန ကထုတ်ပြန်ခဲ့ပြီးနောက် မြန်မာ နိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စ ယန်ဟီးလီ က ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေဟာ လူမျိုးတုံး သတ်ဖြတ်မှု လက္ခဏာမျိုး ဖြစ်နေတယ်လို့ ဝေဖန် ပြောဆိုလိုက်ပြီး စုံစမ်းစစ်ဆေးဖို့လည်း မြန်မာ အစိုးရကို တိုက်တွန်းလိုက် ပါ တယ်။

မြန်မာ နိုင်ငံကို ဝင်ခွင့် ပိတ်ပင်ခံထားရတဲ့ အတွက် ဘင်္ဂလားဒေ့ရှ်နဲ့ ထိုင်းနိုင်ငံတို့က ဒုက္ခသည် စခန်းတွေကို သွားရောက်အပြီး တောင်ကိုရီးယားမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူက အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။

သူနဲ့ တွေ့ခဲ့တဲ့ ရိုဟင်ဂျာ ဒုက္ခသည်တစ်ယောက်က ရခိုင်ပြည်နယ်ကနေ ထွက်မပြေးခင် ရုပ်အလောင်း ၄၃၀ ကျော်ကို မြှုပ်နှံ ပေးခဲ့ရတယ်လို့ ပြောကြောင်း မစ္စယန်ဟီးလီက ပြောပါတယ်။

အသတ်ခံရတယ်၊ ပျောက်ဆုံးနေတယ်ဆိုသူတွေရဲ့ နာမည်စာရင်းတွေ အများကြီးကိုလည်း သူတို့ လက်ခံ ရရှိထားတယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့ကို ဝင်ခွင့်ပေးဖို့နဲ့ နိုင်ငံတကာ သတင်း မီဒီယာတွေကို ရခိုင်ပြည်နယ်ထဲ ဝင်ခွင့်ပေးဖို့လည်း မစ္စယန်ဟီးလီက တောင်းဆိုပါတယ်။

မြန်မာလုံခြုံရေး တပ်ဖွဲ့တွေဟာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအပေါ်မှာ သာမက တခြား တိုင်းရင်းသား လူနည်းစုတွေအပေါ်မှာလည်း အကြမ်းဖက်မှု ဖိနှိပ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ သူက ဆိုပါတယ်။

ဒါ့အပြင် မစ္စ ယန်ဟီးလီက အရင် စစ်အစိုးရ လက်ထက်က ဖိနှိပ်တဲ့ အလေ့အကျင့်တွေကို ဒေါ်အောင်ဆန်း စုကြည်ရဲ့ အရပ်သား အစိုးရ လက်ထက်မှာ ဆက်ကျင့်သုံးနေတာ တွေ့ရလို့ စိတ်ပျက် မိတယ်လို့လည်း ဝေဖန် ပြောဆိုခဲ့ ပါတယ်။

RFA Burmese
http://www.bbc.com/burmese

COMMENTS

Name

art,1,article,1316,cartoon variety,22,crime,68,culture,1,documentary,8,Entertainment,8,health,33,history,2,international,7558,interview,221,knowledge,8,Live,8,LocalNews,16088,news,2842,opinion,767,photos,203,poem,116,satires,39,song,12,speech,12,sports,146,statement,59,technic,57,translate,34,video,1068,voice,76,
ltr
item
dawnmanhon: NLD အစိုးရက အရင် စစ်အစိုးရတွေ အတိုင်းဖိနှိပ်တယ်လို့ ယန်ဟီးလီပြော
NLD အစိုးရက အရင် စစ်အစိုးရတွေ အတိုင်းဖိနှိပ်တယ်လို့ ယန်ဟီးလီပြော
https://4.bp.blogspot.com/-6zvCTzuW524/WnM4z92cWQI/AAAAAAABlDg/sa4trQkYP0MIsBKXDhC5nPoApDrLOtdIACLcBGAs/s400/1.jpg
https://4.bp.blogspot.com/-6zvCTzuW524/WnM4z92cWQI/AAAAAAABlDg/sa4trQkYP0MIsBKXDhC5nPoApDrLOtdIACLcBGAs/s72-c/1.jpg
dawnmanhon
http://www.dawnmanhon.com/2018/02/nld.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2018/02/nld.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy