♪ Online Accounts တွေကိုကာကွယ်ဖို့ နည်း(၅) နည်း။ ♫
Strong Passwords တွေကိုအမြဲအသုံးပြုပါ။
Passwords တွေကိုရိုးရိုးရှင်းရှင်းပေးခြင်းဟာဖောက်ထွင်းခံရဖို့ လွယ်ကူတဲ့အတွက် သင့် Passwords တွေကို Strong ဖြစ်အောင်ပြုလုပ်သင့်ပါတယ်။မှတ်ရလည်းလွယ်တဲ့ ဖောက်ထွင်းရခက်တဲ့ Passwords တွေပေးရင်တော့အကောင်းဆုံးပါပဲ။ကောင်းမွန်တဲ့ Passwords တွေပြုလုပ်ဖို့ အောက်ကအချက်တွေကိုလိုက်နာသင့်ပါတယ်။
  • Dictionary ထဲမှာမပါတဲ့ စကားလုံးမျိုးကိုသုံးပါ။
  • Special Characters,Numbersတွေကိုအသုံးပြုပါ။
  • Upper Case,Lower Case Letters တွေကိုရောနှောသုံးပါ။
  • စကားလုံးအနည်းဆုံး (၁၀) လုံးပါဝင်သင့်ပါတယ်။
  • Birthdate,Postal Code, Phone Number တို့ လိုမှန်းဆရလွယ်တဲ့ Number တွေ၊စကားလုံးတွေကိုအသုံးမပြုသင့်ပါ။
မှတ်ရလွယ်ပြီးကောင်းမွန်တဲ့ Passwords တွေပြုလုပ်ဖို့ နည်းတွေ ရှိပါတယ်။
  • Letters တွေနေရာမှာ Numbers တွေ အစားထိုးသုံးပါ။ဥပမာ ။ thuzarအစား thuz@1
  • Sentence တစ်ခုကစကားလုံးတွေ ရဲ့  ထိပ်ဆုံးစာလုံးတွေကိုအသုံးပြုပါ။ဥပမာ ။ “Everything I Do I Do It For You” ဆိုတဲ့ စာကြောင်းကနေ EIDIDIFY ဆိုတဲ့ Password ပြုလုပ်နိုင်ပါတယ်။
  • စကားလုံးတစ်ခုကို Reverse လုပ်ပြီးသုံးပါ။ဥပမာ ။ neighborhood —> doohrobhgien
အပေါ်ကဥပမာပေးထားတဲ့ Passwords တွေကအရမ်းတော့ ကောင်းမွန်မှုမရှိပါဘူး။Numbers,Letters,Special Characters တွေ ပါဝင်ပြီးရှည်လျားတဲ့ Passwords မျိုးပေးနိုင်ရင်တော့ အကောင်းဆုံးပါ။ဥပမာ။   E1d_1D!4Y:
Passwords ပေးဖို့ မစဉ်းစားတတ်ရင် Pronounceable Password Manager လို Web App တွေကိုသုံးနိုင်ပါတယ်။
မတူညီတဲ့ Passwords တွေသုံးပါ။
Image result for use different password
Password Manager တွေ သုံးပါ။
Image result for use password manager
အင်တာနက်စွဲလမ်းသူတွေ အတွက်တော့ Online Account တွေ ရာဂဏန်းလောက်ရှိမယ်ထင်ပါတယ်။အဲလောက်များတဲ့အကောင့်တွေ မှာမတူညီတဲ့၊ မှန်းဆရခက်တဲ့ Passwords တွေကိုသင်ဘယ်လို Manage လုပ်မလဲ? LastPassလို Password Manager ကိုသုံးရင် Master Password တစ်ခုသာမှတ်ထားရမှာဖြစ်ပြီးကျန်တဲ့ Passwords အားလုံးကိုမေ့ထားနိုင်ပါပြီ။ LastPass က Features တွေ များစွာပါရှိပါတယ်။ကောင်းမွန်တဲ့ Features အနည်းငယ်ကိုဖော်ပြလိုက်ပါတယ်။ Password Generator ပါရှိပြီးဖောက်ထွင်းရခက်တဲ့ Passwords တွေကို ပြုလုပ်ပေးနိုင်ပါတယ်။ Passwords တွေကိုကဏ္ဍတွေခွဲပြီးမှတ်သားပေးနိုင်သလို Auto Login,Auto Fill  လုပ်ပေးနိုင်ပါတယ်။ Passwords သာမကဘဲ Secure Notes,Auto Fill Form တွေကိုပါမှတ်သားပေးနိုင်ပါတယ်။ LastPass က Online , Offline ရောသုံးနိုင်ပါတယ်။ Online မှာလည်းသင့်အကောင့်တွေကိုသိမ်းထားတဲ့အတွက် Device အားလုံးကနေ Sync လုပ်ပြီးသုံးနိုင်ပါတယ်။Online မှာသိမ်းထားလို့  စိတ်ချရပါ့မလား?အဲဒီအတွက် LastPass က Security Features တွေ များစွာပြုလုပ်ပေးထားပါတယ်။ Google Authenticator ကိုသုံးပြီး 2-step verification ပြုလုပ်နိုင်သလိုတစ်ခြား Multi Factor Authentication လုပ်နိုင်တဲ့ Features တွေ လည်းရှိပါတယ်။LastPass က Free/Premium နှစ်မျိုးရှိပြီးWindows,Mac,Linuxတို့ မှာ Free သုံးနိုင်ပါတယ်။ Premium ၀ယ်သုံးရင်တော့ Mobile ,Tablet တွေမှာပါသုံးနိုင်တယ်လို့ အကြမ်း ဖျင်းပြောနိုင်ပါတယ်။Password တွေကို Online မှာမသိမ်းချင်ရင် KeePassလို Open Source Freeware ကိုသုံးနိုင်ပါတယ်။ KeePass က LastPassလောက် Features တွေ မစုံသလိုအသုံးပြုရတာသိပ်ပြီးအဆင်မပြေလှပါဘူး။
Two-Factor Authentication အသုံးပြုပါ။
Google,Facebook,Microsoftစတဲ့ Service တွေ က Two-Factor Authentication ကို Support ပေးပါတယ်။အဲလိုမျိုး Service တွေမှာ Two-Factor Authentication ကိုအသုံးပြုခြင်းဖြင့်သင့်အကောင့်တွေကို Passwords နှစ်ထပ်ခတ်ပြီးလုံခြုံမှုရှိစေပါတယ်။ ဒီ Feature ကိုသုံးခြင်းဖြင့်သင့်အကောင့် Password တွေကိုတစ်ခြားသူကသိသည့်တိုင်အောင် သင့်ဖုန်းသူ့ မှာမရှိတဲ့ အတွက် သင့်အကောင့်ကိုသူဝင်လို့ မရတော့ပါဘူး။ Two-Factor Authentication က သင့်အကောင့်ကိုသင့် Mobile Phone နဲ့  ပူးချည်ထားသလို ဖြစ်ပါတယ်။ Google, Microsoft အကောင့်တွေမှာ 2-step verification အသုံးပြုနည်းကိုရေးပေးဖူးပါတယ်။
Websites တော်တော်များများမှာ  Passwordမေ့သွားရင် Recover လုပ်နိုင်ဖို့  တစ်ခြားအီးမေးတစ်ခုကိုအသုံးပြုလို့ ရပါတယ်။Passwords မမေ့ခင်ကတည်းက Account Setting ထဲမှာ Setup လုပ်ထားဖို့ လိုပါတယ်။အဲဒီ Feature ကိုအသုံးပြုခြင်းဖြင့်သင့်အကောင့် Hack ခံရရင် ပြန်ပြီး Recover လုပ်နိုင်မှာပါ။
အချုပ်အားဖြင့်ပြောရရင် အင်တာနက်အသုံးပြုနေရင်တော့ ဘယ်အရာမှစိတ်မချရပါဘူး။ ဒါပေမယ့် အပေါ်ကနည်းတွေကိုအသုံးပြုပြီးသင့်အကောင့်တွေကို အကောင်းဆုံးကာကွယ်နိုင်ပါတယ်။
Credit to ==> Digital Times
COMMENTS
Name
art,1,article,1323,cartoon variety,22,crime,68,culture,1,documentary,8,Entertainment,9,health,33,history,2,international,7720,interview,221,knowledge,9,Live,8,LocalNews,16351,news,2842,opinion,767,photos,203,poem,116,satires,39,song,12,speech,12,sports,155,statement,59,technic,58,translate,34,video,1068,voice,76,
ltr
item
dawnmanhon: ♪ Online Accounts တွေကိုကာကွယ်ဖို့ နည်း(၅) နည်း။ ♫
♪ Online Accounts တွေကိုကာကွယ်ဖို့ နည်း(၅) နည်း။ ♫
https://i2.wp.com/digitaltimes.com.mm/wp-content/uploads/2018/02/bigstock-Security-Technology-Online-and-110557469.jpg?fit=740%2C479&ssl=1
dawnmanhon
http://www.dawnmanhon.com/2018/02/online-accounts.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2018/02/online-accounts.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy