ဦးဝင်းမြင့် သမ္မတဖြစ်လာမယ်ဆိုရင် ထူးခြားလာမှာလား


သမ္မတနေရာအတွက် ဦးဝင်းမြင့် ဖြစ်လာနိုင်တယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်လာပါတယ်။

ရန်ကုန်၊ မတ် ၂၁ - နိုင်ငံတော်သမ္မတရာထူးထမ်းဆောင်နေတဲ့ ဦးထင်ကျော်တာဝန်ကနေ နုတ်ထွက်သွားတယ်ဆိုတဲ့ သတင်းက နိုင်ငံရေးနယ်ပယ်က လူအချို့အတွက်တော့ ထူးဆန်းတဲ့သတင်းမဟုတ်ပါဘူး၊ ကျန်းမာရေးမကောင်းတာကြောင့် ဆေးကုသမှုခံယူနေရတယ်ဆိုတဲ့သတင်းကို ကြိုသိနေကြတာ လအတော်ကြာမြင့်နေပါပြီ။

၂၀၁၇ ခုနှစ်အတွင်း သမ္မတ ဦးထင်ကျော်ဟာ ထိုင်းနိုင်ငံနဲ့ သည်နှစ်ဇန်နဝါရီလအတွင်းမှာ စင်ကာပူမှာ ဆေးကုသမှုခံယူခဲ့ရပါသေးတယ်။

မတက်မဖြစ်တက်ရတဲ့နိုင်ငံတော်အခမ်းအနားတွေမှာ တွေ့ရတဲ့ သမ္မတရဲ့ပုံစံက လွန်ခဲ့တဲ့နှစ်တွေကထက် ပိန်ပြီးညှိုးနွမ်းနေတဲ့ပုံရိပ်ကြောင့် သမ္မတရာထူးကနေအနားယူတော့မယ်ဆိုတာ မှန်းထားပြီးဖြစ်နေပါတယ်။

သမ္မတဦးထင်ကျော်နုတ်ထွက်တဲ့နေ့မှာပဲ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ်တာဝန်ယူထားတဲ့ ဦးဝင်းမြင့်က တာဝန်ကနေ နုတ်ထွက်ခဲ့တဲ့သတင်းကြောင့် သမ္မတနေရာအတွက် ဦးဝင်းမြင့် ဖြစ်လာနိုင်တယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာပါတယ်။

သမ္မတသစ်အဖြစ် ရေပန်းစားနေတဲ့ ဦးဝင်းမြင့်ဟာ အနားယူသွားတဲ့ သမ္မတ ဦးထင်ကျော်နဲ့ နှိုင်းယှဉ်ရင်သဘောထားတင်းမာသူ၊ နိုင်ငံရေးပါးဝသူ၊ ဥပဒေပညာကျွမ်းကျင်သူဖြစ်တာကြောင့် အရင်ကထက် ပြည်သူလူထုအတွက် ပိုပြီးအလုပ်လုပ်နိုင်သူတစ်ယောက်ဖြစ်တယ်လို့ အင်န်အယ်ဒီပါတီနဲ့ နီးစပ်သူနဲ့နိုင်ငံရေးလေ့လာသူတွေကသုံးသပ်ကြပါတယ်။

သမ္မတဖြစ်မယ့်သူဟာ အုပ်ချုပ်ရေးပိုင်းမှာ ကျွမ်းကျင်ရုံသာမက စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်လုပ်နိုင်ဖို့ တပ်မတော်နဲ့ဆက်ဆံရေးမှာလည်း ဆက်ဆံတတ်ဖို့လိုအပ်တဲ့အဓိကအချက်တွေ ဖြစ်နေပါတယ်။

သမ္မတဖြစ်မယ့်သူဟာ နိုင်ငံ တော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ယုံကြည်ရတဲ့သူဖြစ်ဖို့ အဓိကလိုအပ်နေတယ်လို့ အမြင်ရှိသူတွေလည်းရှိနေပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးဖြစ်တဲ့ ဦးရဲထွန်းကတော့ ဦးဝင်းမြင့်ဟာ ဥပဒေပြုရေးအတွေ့အကြုံ၊ နိုင်ငံရေးအရလာဒ်မြင်သူဖြစ်တာကြောင့် သမ္မတဖြစ်လာရင် ဒေါ် အောင်ဆန်းစုကြည် နဲ့ လက်တွဲပြီး လုပ်နိုင်ကိုင်နိုင်သူဖြစ်တယ်လို့ သူ့အမြင်ပြောပါတယ်။

ဦးရဲထွန်းနဲ့ ဦးဝင်းမြင့်ဟာ ပြီးခဲ့တဲ့လွှတ်တော်သက်တမ်းမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူတွေဖြစ်ပါတယ်။

ဦးရဲထွန်းက လုပ်ပိုင်ခွင့်ရရင် အာဏာအဝန်းဝိုင်းအကောင်းဆုံးဖြစ်အောင်လုပ်နိုင်မယ့် ပုဂ္ဂိုလ်ပါပဲလို့ ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ လွတ်လွတ်လပ်လပ်လုပ်ပိုင်ခွင့်ရတဲ့အနေအထားမျိုးမရှိသေးတာကြောင့် သမ္မတအသစ်ဖြစ်လဲထူးခြားမှုတွေမဖြစ်လာနိုင်ဘူးလို့ အင်န်အယ်လ်ဒီဖွဲ့စည်းစဉ်ကပါဝင်ခဲ့တဲ့ စာရေးဆရာ မောင်မိုးသူကသုံးသပ်ပါတယ်။

သူက ဒီအစိုးရကလဲ အရင်အစိုးရလိုပွဲတွေပဲလုပ်နေရင် ဘာမှမထူးဘူး၊ အရေးကြီးတာက တိုင်းပြည်ရဲ့စီးပွားရေးယန္တယားအရေးကြီးတယ်လို့ ပြောပါတယ်။

ဦးဝင်းမြင့်ဟာ အသက် ၆၄ နှစ်အရွယ်ရှိပြီး ဗမာလူမျိုး၊ ဗုဒ္ဓဘာသာကိုးကွယ်သူတစ်ဦးဖြစ်ပါတယ်။ ပညာအရည်အချင်းအနေနဲ့ Bsc (Geology), H.G.P, R.L ဘွဲ့ရရှိထားသူပါ။ တာမွေ မြို့နယ်မှာ နေထိုင်ပါတယ်။

ဒီမိုကရေစီရေးဆောင်ရွက်မှုများအနေနဲ့ ၁၉၈၈ ခုနှစ် ဒီမိုကရေစီရရှိရေးဆန္ဒပြပွဲများတွင်တက်ကြွစွာပါဝင်လှုပ်ရှားခဲ့သူ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများအတွက် အစဉ်တစိုက်ကြိုးပမ်းမှုများကြောင့် အာဏာပိုင်တို့ရဲ့ဖမ်းဆီးထိန်းသိမ်းခြင်းက သုံးကြိမ်ခံခဲ့ရဖူးပါတယ်။

၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာ ဧရာဝတီတိုင်း ဓနုဖြူမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရသူ၊ ၂၀၁၂ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲမှာ ဧရာဝတီတိုင်း ပုသိမ်မြို့နယ်မဲဆန္ဒနယ်နဲ့ ၂၀၁၅ ခုနှစ်မှာ တာမွေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရ ပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တာဝန်ယူခဲ့ပါတယ်။

လွှတ်တော်ကိုယ်စားလှယ် ဟောင်းတစ်ဦးဖြစ်တဲ့ ဒေါက်တာ ညိုညိုသင်းကတော့ သမ္မတသစ်ဖြစ်မယ့်သူဟာ ထက်မြက်တဲ့ဦးဆောင်မှုကိုပေးနိုင်သူဖြစ်ဖို့နဲ့ ပြည်သူတွေရဲ့အခက်အခဲကို သိရှိသူမျိုးဖြစ်စေချင်တယ်လို့ ဆိုပါတယ်။

မကွာဝေးစေချင်

သူက ဦးဝင်းမြင့်ဆိုလဲ ရိုးသားတယ်၊ ဒါပေမဲ့လဲ အကြောက်တရားကင်းပြီး ထက်မြက်တဲ့ဦးဆောင်မှုကိုမပေးနိုင်ဘူးဆိုရင်ထူးခြားတဲ့ ပြောင်းလဲမှုကဖြစ်မလာနိုင်ဘူး၊ အရင်သမ္မတကြီးက တော့ ဘာအသံမှမကြားရဘူး ဘာတွေဖြစ်နေမှန်းလဲမသိရဘူး၊ လူထုနဲ့သမ္မတကြီးကြားမှာဝေးကွာခဲ့တယ်၊ လာမယ့်သမ္မတကြီးကို ဒီလိုမျိုးမဖြစ်စေချင်ဘူးလို့ ပြောပါတယ်။

ဦးဝင်းမြင့်ဟာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌရာထူးနဲ့ အသားကျပြီး ဥပဒေကျွမ်းကျင်သူဖြစ်လို့ သမ္မတရာထူးဟာ သူ့အတွက်စိန်ခေါ်မှုတွေ ဖြစ်လာနိုင်တယ်လို့ နိုင်ငံရေးလေ့ လာသူတွေရဲ့သုံးသပ်မှုတွေလည်းရှိနေပါတယ်။

နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးနဲ့ အင်န်အယ်ဒီပါတီမှာ ဦးဝင်းမြင့်နဲ့ နှစ်ပေါင်းများစွာအလုပ်လုပ်ခဲ့သူတစ်ဦးဖြစ်တဲ့ ဦးတင်မောင်တိုးက ဦးဝင်းမြင့်ဟာ ပြည်သူ့လွှတ်တော်ဥက္ကဌတာ ဝန် နှစ်နှစ်ထမ်းဆောင်ဖူးသူဖြစ်တာ၊ ဥပဒေကျွမ်းကျင်သူတစ်ဦးဖြစ်တာကြောင့် သမ္မတရာထူးနေရာအတွက်အခက်အခဲမရှိနိုင်ဘူးလို့သုံးသပ်ပါတယ်။

ဦးမောင်မောင်တိုးက သမ္မတရာထူးက ဦးဝင်းမြင့်ဆိုရင် ပိုထူးမှာပါ၊ ဦးထင်ကျော်ကတော့ စာပေသမားနိုင်ငံရေးသမားမဟုတ်ဘူးလေ၊ လယ်ယာမြေသိမ်းဆည်းခံကိစ္စနဲ့ အကတိလိုက်စားတဲ့ကိစ္စတွေမှာ သူထူးထူးခြားခြား ထမ်းဆောင်နိုင်တယ် သူ့ရဲ့ညွှန်ကြားချက်တွေလဲကောင်းတယ်၊ လွှတ်တော်ကိုယ်စားလှယ်တွေက သူညွှန်ကြားချက်အတိုင်းမလုပ်နိုင်ကြဘူးလို့ သူ့အမြင် ပြောပါတယ်။
https://www.kumudranews.com/news-26341

COMMENTS

Name

art,1,article,1344,cartoon variety,22,crime,70,culture,1,documentary,9,Entertainment,9,health,36,history,2,international,8575,interview,223,knowledge,9,Live,8,LocalNews,17549,news,2842,opinion,781,photos,203,poem,117,satires,39,song,12,speech,12,sports,193,statement,59,technic,59,translate,34,video,1073,voice,76,
ltr
item
dawnmanhon: ဦးဝင်းမြင့် သမ္မတဖြစ်လာမယ်ဆိုရင် ထူးခြားလာမှာလား
ဦးဝင်းမြင့် သမ္မတဖြစ်လာမယ်ဆိုရင် ထူးခြားလာမှာလား
https://www.kumudranews.com/sites/kumudranews.com/files/styles/news_detail_2col/public/news-images/l9920ax.jpg?itok=XZCljwaK
dawnmanhon
http://www.dawnmanhon.com/2018/03/blog-post_207.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2018/03/blog-post_207.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy