ရန်ကုန်သင်္ကြန် အစီအစဉ်အသေးစိတ်ထုတ်ပြန်၊ ကမ္ဘာအေးဘုရားလမ်း၊ ကန်တော်ကြီးပတ်လမ်း၊ တက္ကသိုလ်ရိပ်သာလမ်းတို့တွင် မဏ္ဍပ်ဆောက်လုပ်ခွင့် ပိတ်ပင်

၁၃၇၉ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကျင်းပမည့် အသေးစိတ်အစီအစဉ်များကို ရန်ကုန်တိုင်းဒေသကြီး အစိုးရက မတ်လ ၁၄ ရက်တွင် ထုတ်ပြန်ထားပြီး ယင်းထုတ်ပြန်ချက်တွင် ကမ္ဘာအေးဘုရားလမ်း၊ ကန်တော် ကြီးပတ်လမ်း၊ တက္ကသိုလ်ရိပ်သာလမ်း (ကမ္ဘာအေးဘုရားလမ်းနှင့် အင်းလျားလမ်းကြား) တို့တွင် မဏ္ဍပ်ဆောက်လုပ်ခွင့်ပိတ်ပင်ထားကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က အဆိုပါနေရာ ၃ နေရာအား မဏ္ဍပ်ဆောက် လုပ်ခွင့်ပိတ်ပင်ထားသော် လည်း ရန်ကုန်မြို့နေရာအနှံ့အပြားတွင် သင်္ကြန်မဏ္ဍပ်များ ဆောက်လုပ်ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။ သင်္ကြန်မဏ္ဍပ်ဆောက်လုပ်ခွင့် လျှောက်ထားသူများလိုက်နာရန် စည်းကမ်းချက် ၄၅ ချက်နှင့် သင်္ကြန်ရေကစား မဏ္ဍပ်၊ ဆုပေးမဏ္ဍပ်ဆောက်လုပ်ခွင့် လျှောက်လွှာပုံစံများကိုလည်း ယခင်နှစ်များအတိုင်း အသိပေး ထုတ်ပြန်ထားသည်။

သင်္ကြန်ရေကစားမဏ္ဍပ်များတည် ဆောက်ရန်အတွက် ရေရရှိနိုင်မည့်အခြေအနေအပေါ်မူတည်ကာ သတ်မှတ်ခြင်းဖြစ်ပြီး လမ်းအပိုင်းအလိုက်ခွင့်ပြုနိုင်သော အရေအတွက်ထက် ပိုမိုလျှောက်ထားလာပါက ဦးစွာလျှောက်ထားသူများ နေရာချထားပေးမည်ဖြစ်သည်။ မဏ္ဍပ်များကို မီးပွိုင့်လမ်းဆုံမှ ပေ ၃၀၀ အကွာတွင် ဆောက်လုပ်ရမည်ဖြစ်ပြီး မဏ္ဍပ်တခုနှင့် တခု ပေ ၂၀၀ အကွာတွင် ရှိနေရမည်ဖြစ်သည်။ မဏ္ဍပ်တည် ဆောက်လိုသူများသည် သက်ဆိုင်ရာ အိမ်ရှင်၊ မြေရှင်၊ ဌာနဆိုင်ရာများနှင့် ညှိနှိုင်းတည်ဆောက်ရမည်ဖြစ် သည်။ ဖျော်ဖြေရေးမဏ္ဍပ်များကို မော်တော်ယာဉ်သွားလမ်းကြောင်း၏ လက်ဝဲ၊ လက်ယာတွင် ဆောက်ရမည် ဖြစ်ပြီး ရေကစားမဏ္ဍပ်များကို ယာဉ်သွားလမ်းကြောင်း၏လက်ယာဘက်တွင်သာ ဆောက်လုပ်ရမည်ဖြစ်သည်။

မဏ္ဍပ်များတွင် အလျားပေ ၁၂၀ မှ ပေ ၁၅၀၊ အကျယ် ပေ ၄၀၊ အမြင့် (၈+ ၁၂ ပေ)ရှိမဏ္ဍပ်ကို မဏ္ဍပ်အကြီး၊ အလျား ပေ ၅၀ မှ ပေ ၁၂၀၊ အကျယ်ပေ ၃၀၊ အမြင့် (၆ + ၁၂ ပေ)ရှိ မဏ္ဍပ်ကို မဏ္ဍပ် အလတ်အဖြစ် သတ်မှတ်ထားသည်။ သင်္ကြန်ကာလတွင် ကော်မတီပိုင်ရေပိုက် လိုင်းများကို အသုံးပြုပါက ရေအသုံးပြုခ အဖြစ် ၁ လက်မပတ်လည်ပိုက် ၂၀၀,၀၀၀၊ ၁ လက်မခွဲပတ်လည်ပိုက် ၃၀၀,၀၀၀၊ ၂ လက်မပတ်လည်ပိုက် ၄၃၀,၀၀၀ သတ် မှတ်ထားပြီး အင်းလျားကန်မှ ဆက်သွယ် အသုံးပြုပါက ရေအသုံးပြုခအဖြစ် ၃ လက် မပတ်လည်ပိုက် ၄၀၀,၀၀၀၊ ၄ လက်မ ပတ်လည်ပိုက် ၆၅၀,၀၀၀၊ ၆ လက်မပတ် လည်ပိုက် ၁၀ သိန်း သတ်မှတ်ထားသည်။

မဏ္ဍပ်ဆောက်လုပ်ခွင့်လျှောက်ထားသူများကို အာမခံစပေါ်ငွေမဏ္ဍပ်အကြီးကို သိန်း ၂၀၀ နှင့် မဏ္ဍပ်အလတ်ကို ကျပ် သိန်း ၁၀၀ သတ်မှတ်ထားပြီး သန့်ရှင်းရေးဆောက်ရွက်ခအဖြစ် မဏ္ဍပ်အကြီး ၁၀၀,၀၀၀၊ မဏ္ဍပ်အလတ် ၄၀,၀၀၀၊ မဏ္ဍပ်အသေး ၂၀,၀၀၀၊ မြေအသုံးပြုခအဖြစ် မဏ္ဍပ်အကြီး ၇၀,၀၀၀၊ မဏ္ဍပ် အလတ် ၅၀,၀၀၀ သတ်မှတ်ထားသည်။ ထို့အပြင် မဟာဗန္ဓုလပန်းခြံ၊ ကန်တော်မင် ပန်းခြံနှင့် ကန်တော်ကြီး မြေပဒေသာကျွန်းနှင့် သခင်မြပန်းခြံတို့တွင် စတုဒိသာကျွေးမွေးခြင်းနှင့် လမ်းလျှောက်သင်္ကြန်ပွဲတော် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

လင်းလင်းအောင်
http://newswatch-mm.com/?news_detail&id=743

COMMENTS

Name

art,1,article,1343,cartoon variety,22,crime,68,culture,1,documentary,9,Entertainment,9,health,35,history,2,international,8287,interview,222,knowledge,9,Live,8,LocalNews,17116,news,2842,opinion,774,photos,203,poem,117,satires,39,song,12,speech,12,sports,189,statement,59,technic,59,translate,34,video,1073,voice,76,
ltr
item
dawnmanhon: ရန်ကုန်သင်္ကြန် အစီအစဉ်အသေးစိတ်ထုတ်ပြန်၊ ကမ္ဘာအေးဘုရားလမ်း၊ ကန်တော်ကြီးပတ်လမ်း၊ တက္ကသိုလ်ရိပ်သာလမ်းတို့တွင် မဏ္ဍပ်ဆောက်လုပ်ခွင့် ပိတ်ပင်
ရန်ကုန်သင်္ကြန် အစီအစဉ်အသေးစိတ်ထုတ်ပြန်၊ ကမ္ဘာအေးဘုရားလမ်း၊ ကန်တော်ကြီးပတ်လမ်း၊ တက္ကသိုလ်ရိပ်သာလမ်းတို့တွင် မဏ္ဍပ်ဆောက်လုပ်ခွင့် ပိတ်ပင်
http://newswatch-mm.com/img_upload/newswatch_W6GSX01.jpg
dawnmanhon
http://www.dawnmanhon.com/2018/03/blog-post_340.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2018/03/blog-post_340.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy