ဦးကိုနီလုပ်ကြံခံရမှုကို လိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဦးနေလနှင့် တွေ့ဆုံခြင်း

"အားလုံးဟာ ကြည်လင်းကိုပုံချပြီးတော့ လွတ်မြောက်ရေးလမ်းကြောင်းကို
ကြိုးစားလာတယ်ဆိုတဲ့ လမ်းကြောင်းသစ်တစ်ခုကို တွေ့လာရတယ်"

ဦးကိုနီလုပ်ကြံခံရမှုကို လိုက်ပါဆောင်ရွက်နေသည့်
တရားလွှတ်တော်ရှေ့နေ ဦးနေလနှင့် တွေ့ဆုံခြင်း

''အထောက်အထားအရ ပြောမယ်ဆိုရင် သူတို့ ဒီလေဆိပ်ကို ဝင်လိုက်၊ ထွက်လိုက်လုပ်တဲ့ အပိုင်းတွေမှာ သူတို့လက်ထဲမှာ တယ်လီဖုန်းကလွဲလို့ ဘာမှပါမလာဘူး။ ကြည်လင်း လွယ်ထားတဲ့ လွယ်အိတ်လည်း ပါမလာဘူး။ ကြည်လင်းခန္ဓာကိုယ်မှာလည်း တယ်လီဖုန်းကလွဲလို့ ဘာမှပါမလာဘူး။ အဲဒါဆို လွယ်အိတ်က ဘယ်ကရလဲဆိုတဲ့ မေးခွန်းဖြစ်လာတယ်'' ဟု ပြောဆိုလိုက်သူ ဦးနေလနှင့် ဦးကိုနီအမှုအကြောင်း ပြည့်ပြည့်စုံစုံ မေးမြန်းထားသည်ကို ဖော်ပြလိုက်ပါသည်။

Speaker ။ ။ ဆရာ လိုက္ပါေ
ဆာင်ရွက်ပေးနေတဲ့ ဦးကိုနီအသတ်ခံရတဲ့ အမှုကိစ္စဟာ လက်ရှိအခြေအနေမှာ ရှုပ်ထွေးမှုတွေ ရှိလာတယ်လို့ သိရတယ်။ ဘယ်လိုတွေ ရှုပ် ထွေးလာတာလဲ။ အဲဒီလို ရှုပ်ထွေးလာအောင် ဘယ်သူတွေက လုပ်နေတာလဲ။ ဦးကိုနီ အ သတ်ခံရတဲ့ အမှုမှာ နောက်ကွယ်မှာ အဖွဲ့အစည်းတစ်ခုရှိတယ်ဆိုပြီး ဆရာပြောထား တာ ရှိပါတယ်။ ဆရာ ဘယ်ဟာကိုကြည့်ပြီး ဒီကိစ္စကို ပြောတာလဲ။
UNL ။ ။ အဓိကတော့ ကျွန်တော်က ကိုအောင်စိုးရဲ့ ပြောဆိုမှုကို အခြေခံပြီး ပြောတာ။ ကိုအောင်စိုးက ပြောတယ်။ သူ့ကို တစ်စုံတစ်ရာ အန္တရာယ်ပြုလာရင် ဒီအမှုနဲ့ ပတ်သက်တဲ့ သက်သေခံ အသံဖိုင်တွေ၊ အ ချက်အလက်တွေကို နေရာသုံးနေရာမှာ ခွဲပြီး ထား ထားတယ်။ ကြည်လင်းနဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းကိစ္စကို ဖော်မယ်ဆိုပြီး ပြော ခဲ့တယ်။ အသံဖိုင်တွေ၊ အထောက်အထားတွေ ထားခဲ့တယ်။ မင်းတို့ ငါ့ကို လုပ်ကြံမယ်ဆိုရင် ဒါကိုဖော်မယ်ဆိုပြီး သူက နောက်ကွယ်က အဖွဲ့အစည်းတွေကို စပြောခဲ့တာ။ နောက်တစ်ခါ ကျွန်တော်တို့ ကြားသိရတဲ့ သတင်း၊ ဒါတွေအားလုံးဟာ အတည်ပြုလို့ မရတဲ့ သတင်းအရတော့ အခု အဖမ်းခံထားရတဲ့ အောင်ဝင်းဇော်၊ ကြည်လင်း၊ အောင်ဝင်းထွန်း၊ ဇေယျာဖြိုးတို့အပြင် အခြားသူတွေ ပါ ပါသေးတယ်လို့ ကျွန်တော်တို့ သိရတယ်။ သူတို့ တရားခံတွေဘက်ကနေပြီးတော့ စွဲ ချက်တင်ပြီးတဲ့အခါမှာ သူတို့မေးမြန်းတဲ့ မေး ခွန်းတွေအရ ကျွန်တော်တို့ သိလာရတယ်။ ဥပမာဆိုပါတော့ နောက်ဆုံးပိတ်အခြေအနေ မှာ ဓာတ်ပုံကိစ္စ။ အဲဒီဓာတ်ပုံဟာ ဘာလဲဆိုရင် ဦးကိုနီလုပ်ကြံခံရပြီးတော့ နှစ်ရက်လောက် အကြာမှာ Facebook က ထွက်လာတဲ့ ဓာတ် ပုံပဲ။ ကျွန်တော်တို့ နဂိုကတည်းက သိတယ်။ ဒီဓာတ်ပုံဟာ CCTV မှတ်တမ်းထဲမှာပါတဲ့ ဓာတ်ပုံမဟုတ်ဘူး။ ဒီအကြောင်းတွေကို ကျွန် တော်တို့က တရားခံတွေကို စစ်မေးရမယ့် အချိန်ရောက်ပြီဆိုရင် မေးမယ့်အစီအစဉ်ရှိတယ်။ အဲဒီလိုအချိန်မှာ ကြည်လင်းရဲ့ ရှေ့နေ ကနေပြီးတော့ ဒီဓာတ်ပုံဟာ CCTV မှတ်တမ်းမှာပါတဲ့ဓာတ်ပုံ မဟုတ်ဘူးဆိုပြီးတော့ သက်သေ ဦးဇော်ဇော်လတ်ကို မေးတဲ့အချိန်မှာ ပြောလာတာ။ ဦးဇော်ဇော်လတ်က CCTV မှတ်တမ်းရဲ့ အကြီးတန်းအရာရှိ။ နောက်တစ်ခါ သူ့ရုံးကနေ CCTV မှတ်တမ်းကို ကိုင်တွယ်ဆောင်ရွက်ရတဲ့ သက်သေ မိန်းကလေးကိုလည်း မေးတယ်။ မေးတဲ့အခါမှာ သူတို့ကိုယ်တိုင်ကလည်း ဒီဓာတ်ပုံဟာ မှတ်တမ်းမှာပါတဲ့ဓာတ်ပုံ မဟုတ်ဘူးဆိုတာကို ဝန်ခံတယ်။ နဂိုကတည်းက ကျွန်တော် တို့ကလည်း CCTV မှတ်တမ်းမှာပါတဲ့ဓာတ်ပုံ မဟုတ်ဘူးဆိုတာ သိတယ်။ သူတို့က စဖော်လာတာ။ ဘာသွားတွေ့လဲဆိုတော့ လုပ်ကြံတဲ့နေ့က ၃ နာရီလောက်မှာ သူတို့အဖွဲ့တွေ လေဆိပ်ကို ရောက်လာကြတယ်။ ဒါ ဦးကိုနီ သေချာပေါက် ပြန်လာမယ်ဆိုတာ သေချာပေါက်သိနေလို့ ကြည်လင်းကို လမ်းပြတာ။ လေဆိပ်ထဲကို ဘယ်လိုဝင်ရမယ်၊ ထွက်ရမယ် ဆိုတာကို ပြတယ်။ ဘယ်လိုလုပ်ရမယ်ဆိုတာကို ရင်းနှီးအောင် ကြည်လင်းကို သူတို့ပြတယ် ဆိုတာ တွေ့ရတယ်။ လေဆိပ်နဲ့ အကျွမ်း တဝင်ဖြစ်အောင်ပေါ့။ နောက်ဆုံး ဦးကိုနီ ထွက်လာမယ့်လမ်းကြောင်း VIP လမ်းကြောင်းက မဟုတ်ဘဲနဲ့ ဒီဘက်က ထွက်လာမယ့် လမ်းကြောင်းကို သူတို့ ကြိုသိတယ်။ သူတို့က VIP လမ်းကြောင်းမှာ သွားစောင့်တာ မဟုတ်ဘူး။ သာမန်ခရီးသည်တွေထွက်တဲ့ အပေါက်ဝမှာ သွားစောင့်တာ။ အဲဒီလို သွား စောင့်တဲ့အခါမှာ ဦးကိုနီရဲ့သမီး ဒေါက်တာ ယဉ်နွယ်ခိုင်နဲ့ သူ့တူမကမွေးတဲ့ ကလေးနဲ့ အောင်ဝင်းဇော် လမ်းမှာသွားတွေ့တယ်။ ရပ်ပြီးတော့ စောင့်နေတယ်ဆိုတဲ့ အထောက်အထားက ပေါ်လာတယ်။ အဲဒီ အထောက် အထားအရ ပြောမယ်ဆိုရင် သူတို့ ဒီလေဆိပ် ကို ဝင်လိုက်၊ ထွက်လိုက်လုပ်တဲ့ အပိုင်းတွေ မှာ သူတို့လက်ထဲမှာ တယ်လီဖုန်းကလွဲလို့ ဘာမှပါမလာဘူး။ ကြည်လင်းလွယ်ထားတဲ့ လွယ်အိတ်လည်း ပါမလာဘူး။ ကြည်လင်း ခန္ဓာကိုယ်မှာလည်း တယ်လီဖုန်းကလွဲလို့ ဘာမှပါမလာဘူး။ အဲဒါဆို လွယ်အိတ်က ဘယ်ကရလဲဆိုတဲ့ မေးခွန်းဖြစ်လာတယ်။ သေနတ်ပါတဲ့ လွယ်အိတ်ကို လေဆိပ်အပြင် အပေါက်ဝမှာ တစ်ယောက်ယောက်က ပေးတယ်ဆိုတာ ပေါ်လွင်တယ်။

ဒုတိယတစ်ချက်က ဘာလဲဆိုတော့ ဓာတ်ပုံရိုက်တယ်။ ဒီ ဓာတ်ပုံဟာ အင်မတန် မြန်ဆန်ပြီးတော့ သေနတ်ကိုထုတ်ပြီး ခေါင်းကို တည့်တည့်ချိန်တဲ့ ပုံ။ ဒါတွေအားလုံးဟာ ကြိုတင်ပြီးတော့ သိတဲ့သူတစ်ယောက်ကရိုက် တဲ့ပုံ။ နောက်တစ်ခါ သေနတ်နဲ့ချိန်တဲ့ပုံကို သာမန်လူတစ်ယောက်က ရိုက်မှာမဟုတ်ဘူး။ သူ့ကို သေနတ်နဲ့ပစ်မှာစိုးလို့ ရိုက်မှာမဟုတ်ဘူး။ ဒါကြောင့် ဓာတ်ပုံရိုက်ကူးတဲ့သူကလည်း အခြားတစ်ယောက် ရှိကိုရှိရမယ်။ သေနတ် ပေးတဲ့သူကလည်း ရှိတယ်။ ကျွန်တော်တို့ ခန့်မှန်းချက်အရ ပြောမယ်ဆိုရင် အခုအဖမ်း ခံထားရတဲ့သူတွေအပြင် အခြား သူတို့ကို ကူညီပံ့ပိုးတဲ့သူတွေ ရှိတယ်။ အဲဒီမှာ အဖွဲ့အစည်းလို့ ကျွန်တော်က ပြောတာပဲ။ ဓာတ်ပုံ ရိုက်ပြီးတော့ ဘာဖြစ်လို့ Facebook တင်တာလဲ။ အဲဒါကို စဉ်းစားကြည့်မယ်ဆိုရင် ဓာတ်ပုံ ရိုက်ကူးခြင်းဟာ ဦးကိုနီကို တကယ်လုပ်ကြံတယ်၊ မလုပ်ကြံဘူးဆိုတာ သက်သေယူဖို့၊ အတည်ပြုဖို့ ဓာတ်ပုံရိုက်တာ။ သေချာမှုပြု လုပ်စေချင်လို့ ဒီဓာတ်ပုံကို ရိုက်တာ။ ဒုတိယအချက်က ဘာလဲဆိုရင် ဒီဓာတ်ပုံကို ထုတ်ပြန်တာဟာ မင်းတို့ ဒီလိုလုပ်မယ်ဆိုရင် ငါတို့ ဒီလိုပစ်သတ်နိုင်တယ်ဆိုတဲ့ ပုံကို ပြည်သူတစ်ရပ်လုံးကိုပြပြီး ခြိမ်းခြောက်တာ။ အဲဒါကြောင့် ကျွန်တော်ပြောတာ။ သူတို့ဟာ အုပ်စုဖွဲ့ပြီး အဖွဲ့အစည်းတစ်ခုလုံးအနေနဲ့ ဒီကိစ္စကို ကြိုတင်ကြံစည်တာ။ ဦးကိုနီက အင်ဒိုနီးရှားနိုင်ငံကနေ စင်ကာပူကို သွားတယ်။ စင်ကာပူကနေတစ်ဆင့် ဒီကိုပြန်လာတာ။ သာမန်အချိန်နဲ့ဆိုရင် နည်းနည်းတောင် စော နေသေးတယ်။ လေယာဉ်နဲ့ ဘယ်အချိန် ပြန်လာလဲဆိုတာ သိဖို့ဆိုရင် အင်မတန်ကျွမ်း ကျင်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ယောက်ကသာ လုပ်မှ သိနိုင်တာ။ ဒါဆိုရင် လုပ်ကြံမယ့်ကိစ္စဟာ စင်ကာပူလေဆိပ်မှာတင် မဖြစ်နိုင်ဘူး လားဆိုတဲ့ မေးခွန်းတစ်ခု ထပ်ထွက်လာတယ်။ ဒါကြောင့်မို့ သူတို့ဟာ ကျယ်ပြန့်တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တယ်လို့ ကျွန်တော်ပြောတာ။ အင်ဒိုနီးရှားနဲ့ မြန်မာနိုင်ငံနဲ့ တိုက်ရိုက်လေ ကြောင်းလိုင်း မရှိဘူး။ စင်ကာပူကနေတစ်ဆင့် ပြောင်းပြီးစီးရမယ်ဆိုတာကို သိနေတယ်။

ဒါဆိုရင် နောက်တစ်ခုက ဦးကိုနီက VIP လမ်းကြောင်းက မထွက်ဘူးဆိုတာကို ဘယ်လိုသိနေသလဲဆိုတာ မေးစရာ ဖြစ်လာတယ်။ ဦးကိုနီက VIP ပေါက်က မထွက်ဘူး ဆိုတာကို သူ့သမီးဆီ ဖုန်းဆက်ပြီးပြောတယ်။ အဲဒီလို ပြောတဲ့အခါ အနားမှာ ဒီလူတွေ ရှိလား၊ မရှိဘူးလားဆိုတာ မေးစရာဖြစ်လာတယ်။ အခုမိတဲ့ တရားခံတွေအပြင် ထွက်ပြေးလွတ် မြောက်နေတဲ့ အောင်ဝင်းခိုင်အပါအဝင် ဒီလောက်လူအင်အားလေးနဲ့ ဒီကိစ္စကို မဆောင်ရွက်နိုင်ဘူး။ ကျန်တဲ့သူတွေ ကျန်နေသေးတယ်။ ပူးပေါင်းဆောင်ရွက်တဲ့သူတွေ ကျန် နေသေးတယ်။ ဒါကြောင့် ကျွန်တော်က ဒီ ကိစ္စကို အဖွဲ့အစည်းတစ်ရပ်အနေနဲ့ စနစ်တကျစီမံဆောင်ရွက်တာလို့ ပြောလို့ရတယ်။ စင်ကာပူလေဆိပ်မှာကတည်းက ရှိနေနိုင်တယ်။

Speaker ။ ။ ဦးကိုနီအမှုကို စစ်ဆေးလာ တာ တစ်နှစ်ကျော်လာပြီ။ ဒီအမှုဟာ အခု အချိန်မှာ ရှင်းရှင်းလင်းလင်းရှိလား၊ ရှုပ်ထွေး လာသလားဆိုတာ တရားလိုရဲ့ ရှေ့နေတစ်ယောက်အနေနဲ့ ဘာပြောချင်လဲ။
UNL ။ ။ ဒီအမှုကို နောက်ဆုံးသက်သေ အဖြစ်စစ်တဲ့ အချိန်ကာလကစပြီး နည်းနည်း ရှုပ်ထွေးလာတယ်လို့ မြင်တယ်။ ပထမဦးဆုံး ပြောချင်တာက ထောင်ထဲမှာ ကြည်လင်း၊ အောင်ဝင်းဇော်၊ အောင်ဝင်းထွန်းတို့ရိုက်တဲ့ ဓာတ်ပုံတစ်ပုံဟာ Facebook မှာ တက်လာ တယ်။ အဲဒါ ထောင်ထဲမှာရိုက်တဲ့ ဓာတ်ပုံ။ ဓာတ်ပုံထဲကလူတွေအားလုံးဟာ နောက်ဆုံး သက်သေဖြစ်တဲ့ ရဲမှူးတင်မောင်ဆွေကို စစ်မေးတဲ့အခါမှာ သူတို့ကနေပြီးတော့ ဆန္ဒပြ တယ်။ တရားရုံးကိုလည်း လူသတ်သမားဖြစ် တဲ့ ကြည်လင်းတို့ကို ဝန်းရံဖို့ဆိုပြီး လာတဲ့သူတွေ ရှိလာတယ်။ အဲဒီလို လာတဲ့အခါမှာ ထောင်ထဲမှာရိုက်ခဲ့တဲ့ ဓာတ်ပုံမှာ ပါတဲ့သူ နှစ်ယောက် ပါလာတယ်။ အဲဒီလူတွေ အားလုံးဟာ ဝန်းရံတယ်။ အဲဒီလို အခြေအနေ မတိုင်ခင်မှာ 'ထမင်းဝအောင် စားထား' ဆိုတဲ့ စကားကို တရားခံတွေက ပြောတယ်။ အဲဒီလိုပြောတဲ့အချိန်မှာ ကျွန်တော်က အသံ ပဲကြားတယ်။ တရားသူကြီးအခန်းထဲ ရောက်နေတယ်။ အဲဒီလို ပြောတဲ့စကားကို အခြေခံ ပြီး တီရှပ်တွေ ဝတ်လာကြတယ်။ သူတို့ကို ရဲအရာရှိက မေးတဲ့အခါမှာ လူသတ်သမား ကြည်လင်းကို ဝန်းရံဖို့၊ အားပေးဖို့ လာတယ် ဆိုပြီး တရားဝင်ပြောတယ်။ ကျွန်တော်ပြော ချင်တာက ဦးကိုနီလူသတ်မှုမှ မဟုတ်ဘူး။ ဘယ်လူသတ်မှုမျိုးကိုမဆို အားပေးတယ်၊ ဝန်းရံတယ်ဆိုတဲ့အပိုင်းက ဘာရည်ရွယ်ချက်လဲ။ ဒါ သူတို့အဖွဲ့အစည်းတစ်ခု ရှိတယ်။ အခု ဝန်းရံတယ်ဆိုတဲ့ သူတွေအားလုံးဟာ သာကေတကသူတွေ။ အဲဒီသူတွေအားလုံး ဟာ ဦးကိုနီကိုသတ်တဲ့ သရုပ်ဖော်တင်ဆက်မှုကို ထပ်လုပ်တယ်။ လုပ်ကြံသတ်ဖြတ်မှုနဲ့ ပတ်သက်လို့ အားပေးထောက်ခံတယ်ဆိုတဲ့ အမူအရာမျိုးနဲ့ လုပ်သွားကြတယ်။ အဲဒီ သူတွေအားလုံးကိုလည်း တရားစွဲထားတယ်။ ခုနကလာပြီး 'ထမင်းဝအောင် စားထား' ဆို တဲ့ တီရှပ်ဝတ်လာတဲ့သူတွေကိုလည်း တရား စွဲထားတယ်။ ဒါပေမဲ့ အခုအချိန်ထိ ထွက် ပြေးလွတ်မြောက်နေတယ်။ အဲဒါ ရှုပ်ထွေးမှု ရဲ့ အစပဲ။

အဲဒီလို အခြေအနေကို မကျေနပ်တဲ့ တစ်ဖက်က လူမှုရေးအဖွဲ့အစည်းတွေကလည်း တရားရုံးကို ရောက်လာတယ်။ ဒီအမှု ကို စစ်ခါစက လူစိတ်ဝင်စားမှု များပေမယ့် တစ်နှစ်ကျော်လာတဲ့အခါ စိတ်ဝင်စားမှုနည်း သွားတယ်။ နည်းသွားတဲ့ အချိန်ကာလမှာ ဦးကိုနီဘက်က ရပ်တည်တဲ့ အဖွဲ့အစည်းတွေလည်း တရားရုံးကို ရောက်လာတယ်။ ဒေါ်နော်အုန်းလှတို့၊ ကိုထင်ကျော်တို့ ရောက် လာတယ်။ သံဃာတော်တွေလည်း ပါလာတယ်။ ဒါပေမဲ့ သူတို့က ဆန္ဒပြတာတို့၊ ဘာ တို့ ဘာမှမလုပ်ဘူး။ ရှုပ်ထွေးမှုတွေ ဖြစ်လာတယ်ဆိုတဲ့ သဘောမျိုးတွေ့ရတယ်။
တရားခံတွေဘက်ကလည်း စွဲချက်တင် ပြီးတဲ့အခါမှာ လမ်းကြောင်းပြောင်းလာတာ တွေ့ရတယ်။ ဘယ်လိုပြောင်းလာလဲဆိုတော့ ကြည်လင်း လုပ်ကြံသတ်ဖြတ်မှုမှာ အောင်ဝင်းဇော်၊ အောင်ဝင်းထွန်း၊ အောင်ဝင်းခိုင်၊ ဇေယျာဖြိုးတို့ မပါဘဲနဲ့ အခြားသူတွေ ပံ့ပိုး ကူညီတယ်ဆိုတဲ့ လမ်းကြောင်းပြောင်းပြီး မေးလာတယ်။ အဲဒါက စွဲချက်တင်ပြီးလို့ ပြန်ခေါ်သက်သေမေးတဲ့အချိန်မှာ လမ်းကြောင်းပြောင်းလာတာ။ အရင်တုန်းကတော့ ကြည်လင်း လွတ်မြောက်ရေးကို မပြောဘဲနဲ့ အခုကျတော့ အောင်ဝင်းထွန်း၊ အောင်ဝင်းဇော်၊ ဇေယျာဖြိုးတို့ လွတ်မြောက်ရေးကို ရှေ့နေကိုယ်တိုင် Cover လုပ်ပြီး ဆောင်ရွက် လာတာ တွေ့ရတယ်။ ဒီအခြေအနေကလည်း ရှုပ်ထွေးလာတဲ့ အခြေအနေတစ်ရပ်ပဲ။ ဘာဖြစ်လို့လဲဆိုတော့ အားလုံးဟာ ကြည်လင်းကို ပုံချပြီးတော့ လွတ်မြောက်ရေးလမ်းကြောင်းကို ကြိုးစားလာတယ်ဆိုတဲ့ လမ်းကြောင်းသစ် တစ်ခုကို တွေ့လာရတယ်။ အဲဒါက အခုမှ ပေါ်ပေါ်ထင်ထင် တွေ့လာရတဲ့သဘောပဲ။

Speaker ။ ။ ကိုအောင်စိုးက ပြောတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး သူ့မှာ သက်သေတွေ၊ အထောက်အထားတွေ ရှိတယ်လို့။ ဒါပေမဲ့ အဲဒါကို အခုအချိန်မှာ မပြောသေးဘူးဆိုတော့ သက်သေထိမ်ချန်တာ မဖြစ်ဘူးလား။ ဥပဒေကြောင်းအရ ဘယ်လိုရှိလဲ။
UNL ။ ။ ကိုအောင်စိုးက သူသိသမျှကို တရားရုံးကိုလာပြီး အကုန်ထွက်ဆိုထားတာ။ အခြား ဒီအမှုနဲ့ဆက်နွှယ်နေတဲ့ အကြောင်း ကိုတော့ သူက ထုတ်ဖော်ပြောဆိုတာ မရှိ သေးဘူး။ ဒါကြောင့်မို့ ကျွန်တော့်ဘက်က လည်း သတင်းမီဒီယာတွေနဲ့ တွေ့ဆုံတဲ့အခါ မှာ ကိုအောင်စိုးကို ဒီကိစ္စနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုပေးဖို့ မေတ္တာရပ်ခံခဲ့သေး တယ်။ ကိုအောင်စိုးဘက်ကပြောရင် သက်သေ ထိမ်ချန်တာ မရှိဘူး။ ဒီအမှုနဲ့ပတ်သက်ပြီး အပြည့်အဝ သူပြောသွားတယ်။ ဒါပေမဲ့ သူ သိတဲ့ အခြားကိစ္စ၊ ကိုအောင်စိုးတို့ အားလုံးကလည်း အရင်တုန်းက ရာဇဝတ်မှုကျူးလွန် ခဲ့တဲ့သူတွေပဲ။ အဲဒီလို ကျူးလွန်တဲ့သူတွေ ကြားမှာ အခြားလုပ်ကြံသတ်ဖြတ်တဲ့ အဖွဲ့ အစည်းအကြောင်းကို သူသိနေတယ်။ အခု အချိန်ထိတော့ ထုတ်ဖော်မပြောသေးဘူး။ သူ့ရဲ့ အသက်အန္တရာယ် လုံခြုံရေးအတွက် ဒါကို သူက ကိုင်ထားတာကို တွေ့ရတယ်။

Speaker ။ ။ အခု အောင်ဝင်းထွန်းကို အာမခံပေးလိုက်တယ်။ အဲဒီကနေတစ်ဆင့် တခြားဆောင်ရွက်စရာတွေကို သူက လုပ် လာမယ်လို့ရော ဆရာတို့မြင်လား။
UNL ။ ။ အာမခံပေးလိုက်လို့ အခြား လုပ်နိုင်စရာတွေကို လုပ်လာမယ်လို့တော့ ယူဆရတယ်။ ဒါပေမဲ့ သူတို့ကို အာမခံမပေး လည်း အခြားလုပ်နိုင်စရာကိစ္စတွေကို ဇေယျာဖြိုးရဲ့ မိန်းမက လုပ်နေတယ်။ အောင်ဝင်း ဇော်ရဲ့ မိန်းမလည်း လုပ်နေတယ်။ သူတို့က တရားရုံးရှေ့မှာ လာပြီးတော့ အထူးကိုယ် စားလှယ်လွှဲစာတွေ ယူတယ်။ စာရွက်စာတမ်း တွေအားလုံးကို လက်မှတ်ထိုးတယ်။ အဲဒီ အတွက် အောင်ဝင်းထွန်းကို အာမခံပေးလိုက်ခြင်းအားဖြင့် ပိုလုပ်နိုင်စရာ အကြောင်းမရှိ ဘူး။ တစ်ဆက်တည်း ဆက်ပြောစရာအကြောင်း ဘာရှိသလဲဆိုတော့ ဇေယျာဖြိုးရဲ့ မိန်းမက တရားရုံးရှေ့မှာ ကိုယ်စားလှယ်လွှဲ စာ ယူတယ်။ အဲဒီ ယူတဲ့ကိစ္စနဲ့ ပတ်သက်လို့ အဲဒီနေ့က ဦးရောဘတ်စန်းအောင်က ကန့် ကွက်တယ်။ တရားရုံးက ဒီကိစ္စကို တရားရုံး နဲ့ မဆိုင်ဘူးဆိုပြီး ပယ်ချခဲ့တယ်။ တကယ်တမ်း အထူးကိုယ်စားလှယ်လွှဲစာ ယူမယ်ဆို ရင် အဲဒီစာလုပ်ပေးတဲ့ နိုတြီ Public က ထောင်ကို တရားဝင်ခွင့်ပြုချက်တောင်းပြီး လုပ်ရမှာ။ ဘာဖြစ်လို့ အဲဒီလို မလုပ်သလဲ ဆိုတာ မသိရဘူး။ ကျွန်တော်တို့ ကြားသိချက်အရတော့ အဲဒီစာကိုကိုင်ပြီး စင်ကာပူ နိုင်ငံမှာ အမှုတစ်ခုစွဲတယ်လို့ သိရတယ်။
ဒါတွေအပြင် တရားရုံးရှေ့မှာ ကျွန် တော်ကိုယ်တိုင် မြင်တွေ့ခဲ့ရတဲ့ အချက်တစ် ချက်ရှိတယ်။ အဲဒါဘာလဲဆိုတော့ အမှုစစ်ပြီး တဲ့အခါမှာ တရားခံတွေရဲ့ စားပွဲမှာ စာမျက်နှာ ၁ဝ မျက်နှာကျော်လောက်ရှိတဲ့ ကွန်ပျူတာစာစီ ထားတဲ့ စာရွက်တွေပေါ်မှာ ဇေယျာဖြိုးကို လက်မှတ်ထိုးခိုင်းတယ်။ ဒုရဲမှူးတစ်ယောက် က ထိုးခိုင်းတာ။ ပထမတုန်းကလည်း နိုတြီ Public လုပ်တဲ့ကိစ္စ ရှိတယ်။ အခုလည်း ဒီ လိုလုပ်တော့ ကျွန်တော်က အဲဒီ ရဲအရာရှိကို မေးတယ်။ ဘာစာရွက်ကို လက်မှတ်ထိုး ခိုင်းတာလဲ ကျွန်တော်သိချင်လို့ မေးတော့ ရဲက ဘာမှမပြောဘဲနဲ့ တရားသူကြီးအခန်းထဲ ဝင်သွားတယ်။ တရားသူကြီးအခန်းထဲကို ကျွန်တော်ဝင်သွားပြီး နှစ်မိနစ်လောက်ကြာ တော့ ဘယ်လိုစာရွက်စာတမ်းဖြစ်တယ်ဆို တဲ့အကြောင်းကို တရားသူကြီးကို မေးတယ်။ အဲဒီမှာ ရဲက သူ့အနေနဲ့ အပေါ်ကခိုင်းလို့ လုပ်ရတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ အဲဒီစာရွက်ကို ဆွဲဖြဲဖို့ကြိုးစားတဲ့ အမူအရာမျိုး တွေ့ရတယ်။ အဲဒီအချိန်မှာ ဇေယျာဖြိုးရဲ့မိန်းမက ဝင်လာ ပြီးတော့ စာရွက်ကို လာလုယူတယ်။ ပြီးတော့ ဒါသက်သက်မဲ့ အနိုင်ကျင့်တာဆိုပြီး တရား ခွင်ထဲမှာ ရိုင်းရိုင်းစိုင်းစိုင်းတွေ ပြောတယ်။ အဲဒါကိုလည်း တရားသူကြီးက သူတို့နဲ့မဆိုင် ဘူးဆိုပြီး ပုတ်ထုတ်လိုက်တယ်။ အဲဒီအချိန် မှာပဲ 'ထမင်းဝအောင် စားထား' ဆိုတဲ့ အော် ဟစ်သံတွေ အပြင်ကနေ ကြားရတယ်။ ဘယ်သူတွေ အော်နေမှန်း မသိဘူး။

ဆိုလိုတဲ့ သဘောက ဘာလဲဆိုတော့ ကျွန်တော်တို့က တရားခံပြေး အောင်ဝင်းခိုင်ရဲ့ ပိုင်ဆိုင်မှုပစ္စည်းတွေအားလုံးကို သိမ်းဆည်းဖို့ ဆောင်ရွက်နေတဲ့အချိန် ဖြစ်တယ်။ တရားခံတွေရဲ့ တရားမဝင် အတင့်ရဲရဲ ဆောင်ရွက်နေတဲ့ ကိစ္စတွေကိုလည်း တွေ့ရတယ်။ တရားရုံး က လည်း မိမိရဲ့ တရားရုံးပရိဝုဏ်အတွင်းမှာ ဖြစ်နေတဲ့ အခြေအနေတွေကို ထိန်းသိမ်းနိုင်စွမ်း မရှိတာ တွေ့ရတယ်။ နောက်တစ်ခါ တရားရုံးရဲ့ အခြေအနေကလည်း လုံခြုံမှု အားနည်းတယ်။ တရားရုံးထဲကို ဝင်ချင်သလို ဝင်၊ ထွက်ချင်သလိုထွက်တဲ့ အခြေအနေတွေကိုလည်း တွေ့ရတယ်။ မီဒီယာတံဆိပ်တပ်ထားတဲ့ ဆိုင်ကယ်တွေလည်း ဝင်လာတယ်။ တကယ်တော့ မီဒီယာသမားတွေ မဟုတ်ဘူး။ အင်းစိန်တရားရုံးဟာ ဆိုင်ကယ်စီးခွင့်ရှိတဲ့ နေရာ မဟုတ်ဘူး။ တရားရုံးရဲ့ လုံခြုံရေးအ ပိုင်းနဲ့ဆိုရင် အခုလို လူပေါင်းစုံဝင်ထွက်သွား လာနေတာတွေဟာ မဖြစ်သင့်ဘူး။ တရားရုံးဆိုတာ ဘယ်သူမဆို လာရောက်နားထောင် ခွင့်ရှိတယ်။ သို့သော် တရားခံတွေရဲ့ လုံခြုံ ရေး၊ တရားရုံးမှာ လိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေတွေရဲ့ လုံခြုံရေး၊ တရားသူကြီးရဲ့ လုံ ခြုံရေးအတွက် လိုအပ်တဲ့ စစ်ဆေးမှုတော့ လုပ်ရမှာ ဖြစ်တယ်။ လိုအပ်တဲ့ စစ်ဆေးမှု ကို လုပ်ပြီးတော့မှ ဝင်ခွင့်ပေးသင့်တယ်။ ဒါပေမဲ့ တရားရုံးက လုံခြုံရေးအတွက် ပြု လုပ်ပေးတာလည်း မရှိဘူး။ တရားခွင် ကျဉ်း ကျဉ်းလေးမှာ စိစစ်တဲ့အပိုင်းကိုပဲ တွေ့ရ တယ်။ တရားရုံးရဲ့ အခြေအနေကလည်း အင်မတန်ကျဉ်းမြောင်းပြီးတော့ လုံခြုံမှုကင်း မဲ့တဲ့ အခြေအနေကို တွေ့ရတယ်။ အမှုစစ်ဆေးတဲ့အခါမှာ အရှေ့ပိုင်းခရိုင်တရားသူကြီးတွေလည်းပါတယ်။ မြောက်ပိုင်းခရိုင်တရား ရုံးက လူကြီးတွေလည်း ပါတယ်။ နောက် တစ်ခါ ဒီအမှုဟာ နိုင်ငံတကာကလည်း စိတ် ဝင်စားတဲ့အမှုဖြစ်တဲ့အတွက် တရားခွင်ရှိတဲ့ နေ့တိုင်းမှာ နိုင်ငံတကာသံရုံးက သံမှူးအဆင့် လောက်ရှိတဲ့ အရာရှိတွေ လာကြတယ်။ အဲဒီ လို လာတဲ့အတွက် တရားခွင်ရဲ့ သပ်ရပ်မှု မရှိတဲ့ အခြေအနေတွေကို စိတ်ပျက်စရာ မြင်သွားမှာပဲ။ တရားခွင်ဟာ ကျဉ်းမြောင်း တယ်။ ကျဉ်းမြောင်းတဲ့အပြင် ပူအိုက်လွန်း တဲ့အတွက် ဘာမှအဆင်မပြေဘူး။ လူတွေ ကလည်း ပြည့်ကျပ်သပ်နေတယ်။ အမှန် တကယ် ဝင်ရောက်နားထောင်ချင်တဲ့သူတွေလည်း ဝင်ရောက်လို့ မရဘူး။ နေရာထိုင်ခင်းလည်း မရှိဘူး။ မဝင်သင့်တဲ့သူတွေလည်း အများကြီးရှိတယ်။ ဒီလို အခြေအနေဟာ တရားရုံးရွှေ့ပြောင်း စစ်ဆေးသင့်တယ်ဆိုတဲ့ အခြေအနေကို ဦးရောဘတ်စန်းအောင်က ပြောနေတာ အကြိမ်ပေါင်းမြောက်မြားစွာရှိပြီ။

Speaker ။ ။ ဦးကိုနီ လုပ်ကြံခံရတဲ့ကိစ္စဟာ တိုင်းသိပြည်သိ ကမ္ဘာသိ။ နောက် တစ်ခါ အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ အသတ်ခံရတဲ့ အမှုဖြစ်တယ်။ အဲဒီလို အနေအထားမှာ လက်ရှိအစိုးရနဲ့ အာဏာရပါတီ က မိသားစုနဲ့ရော၊ ဆရာတို့နဲ့ရော ဘာတွေ ပူးပေါင်းဆောင်ရွက်တာရှိလဲ။
UNL ။ ။ ကျွန်တော်ကတော့ ဦးကိုနီ မိသားစုက တာဝန်ပေးလို့ ဒီအမှုကို လိုက်တာ။ ဦးကိုနီက အာဏာရပါတီရဲ့ ဥပဒေ အကြံပေးဖြစ်တယ်။ တကယ်တမ်း အခုအ ချိန်ထိတော့ အာဏာရအစိုးရကသော်လည်း ကောင်း၊ အာဏာရပါတီကသော်လည်းကောင်း ကျွန်တော်တို့ကို တစ်စုံတစ်ရာ ဆက်သွယ် အကူအညီပေးခဲ့တာ မရှိဘူး။ သူတို့အနေနဲ့ ဘာဖြစ်လို့ အကူအညီမပေးလဲ ဆိုတာကို ကျွန်တော်စဉ်းစားကြည့်တဲ့အခါမှာ တရားစီရင်ရေးကို လွတ်လပ်တဲ့စီရင်ရေး ဖြစ်စေချင်တယ်။ တရားစီရင်ရေးကို အုပ်ချုပ်ရေးမဏ္ဍိုင်က ဝင်ရောက်ပြီး စွက်ဖက်တာမျိုး မဖြစ်စေ ချင်ဘူးလို့ အကြောင်းကလည်း ဖြစ်နိုင်ခြေ အများဆုံးရှိတယ်။ ဒါကြောင့် သူတို့က ဝင် ရောက်စွက်ဖက်ခြင်း၊ အကူအညီပေးခြင်း၊ နောက်ဆုံးဗျာ သတင်းမေးခြင်းတောင် မရှိဘူးလို့ ပြောရမှာပဲ။

Speaker ။ ။ တရားလွှတ်တော်ရှေ့နေ တစ်ယောက်အနေနဲ့ တရားရေးအဖွဲ့အစည်းတွေ၊ ပြည်ထဲရေးအဖွဲ့အစည်းတွေက ဒီအမှုမှာ ဘက်လိုက်တယ်လို့ ဆရာထင်လား။
UNL ။ ။ အဲဒီအကြောင်းနဲ့ပတ်သက်လို့ ဒီအမှုကို စလိုက်ကတည်းက ကျွန်တော်ပြောခဲ့တဲ့ စကားလေးရှိတယ်။ အမှုတည်ဆောက်ပုံ မပြည့်စုံဘူး။ အားနည်းချက်တွေ ရှိတယ်။ သတ်မှတ်တဲ့ အချိန်ကာလအတွင်းမှာ ဒီအမှု ကို စွဲတင်ရတဲ့ အနေအထားမျိုးနဲ့ ပြည့်စုံတဲ့ စုံစမ်းစစ်ဆေးမှုတွေ မရှိဘူး။ နောက်တစ်ခု ဘာလဲဆိုတော့ တကယ်လုပ်သင့်လုပ်ထိုက် တဲ့ဟာတွေ မလုပ်ဘဲ ဒီအမှုကို စွဲတင်လာ တာ တွေ့ရတယ်။ အမှုတည်ဆောက်ပုံ အား နည်းတယ်လို့ ကျွန်တော်အစကတည်းက ပြောခဲ့တယ်။ အခုလည်း ပြောတယ်။ နောက် တစ်ခုက ဘာလဲဆိုတော့ အမှုစစ်ဆေးတဲ့ အပိုင်း၊ ရဲမှူးတင်မောင်ဆွေကို နောက်ဆုံး သက်သေ စစ်ဆေးတဲ့နေ့အထိ ဥပဒေနဲ့အညီ စစ်ဆေးဆောင်ရွက်မှု အားနည်းနေတာ တွေ့ရတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဦးဝင်းဆွေကို ကျွန်တော်ကနေ တွေ့ခွင့်တောင်းတယ်။ အဲဒီကိစ္စမတိုင်ခင်မှာ တရားရေးအရာရှိကိုလည်း အမှုလိုက် ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေကို တရား ဥပဒေအရ အကာအကွယ်ပေးမှု အားနည်း နေတယ်ဆိုတာ ရှိနေကြောင်းကို လှမ်းဆက် သွယ်ပြီး ပြောတဲ့အတွက် အဲဒီတုန်းက သူတို့ ဆောင်ရွက်ပေးခဲ့တယ်။

နောက်တစ်ပိုင်းက ဘာလဲဆိုတော့ တရားရုံးမှာ စစ်ဆေးတဲ့အခါ လုံခြုံမှုမရှိတဲ့အကြောင်း တရားသူကြီးချုပ် ဦးဝင်းဆွေကို တင်ပြဖို့ တွေ့ခွင့်တောင်းတယ်။ သူ့ရဲ့ ကိုယ်ရေးအရာရှိက တွေ့ခွင့်တောင်းတာကို တွေ့ ခွင့်မပေးဘူး။ ပြောစရာရှိရင် သူ့ရဲ့ ကိုယ်ရေး အရာရှိနဲ့ ပြောပါဆိုပြီး ပြောတော့ သူ့ကို ဘာမှပြောခွင့်မရဘူး။ ဒါကြောင့်မို့ အဲဒီအ ပိုင်းနဲ့ပတ်သက်ပြီး တရားဝင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်က တရားသူကြီးချုပ်ဆီ ကို စာရေးတယ်။ ကျွန်တော်ရေးတဲ့စာမှာလည်း ဦးဝင်းဆွေက လက်ခံမတွေ့ဘူးဆိုတဲ့အကြောင်း ကို ထည့်ရေးတယ်။ ဦးဝင်းဆွေကိုလည်း မိတ္တူပို့တယ်။ ပြည်ထောင်စု တရားလွှတ်တော် ချုပ်ကလည်း ဒီနေ့ထိ အကြောင်းပြန်ကြားမှု မရှိဘူး။ နောက်ဆုံး ရဲမှူးတင်မောင်ဆွေကို စစ်တဲ့ကာလကျမှ ဥပဒေနဲ့အညီ စစ်ဆေး ဆောင်ရွက်ဖို့ တရားရုံးကို စာတင်တယ်။ အဲဒီအချိန်ကျမှ ရတာ။ တစ်နှစ်ပြည့်မှ တရား ရုံးမှာ ဥပဒေနဲ့အညီ စစ်ဆေးခွင့်ရတာ။ ဒါကို အကြိမ်ကြိမ်အခါခါ ပြောတယ်။ နောက်ဆုံး တရားရုံးမှာ စာတင်မှရတာ။ အဲဒီအချိန်က စပြီး ဥပဒေနဲ့အညီ စစ်ဆေးဆောင်ရွက်မှု ကို ရခဲ့တယ်။

Speaker ။ ။ ဦးကိုနီအမှုကို လိုက်ပါဆောင် ရွက်ပေးရင်းနဲ့ ဒီအမှုနဲ့ပတ်သက်တဲ့ အားနည်း ချက်၊ အားသာချက်တွေအပြင် ဖိအားတွေ ပါ ဆရာကြုံလာရတယ်။ အဲဒီအပေါ်မှာရော စိတ်ပျက်တဲ့အနေအထား ရှိလား။
UNL ။ ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ခြိမ်းခြောက် ခံရမှုတွေလည်း ရှိခဲ့တယ်။ သွယ်ဝိုက်တဲ့နည်း နဲ့ ဖိအားတွေလည်း ရှိခဲ့တယ်။ ဒီအမှုကို လိုက်ပါဆောင်ရွက်ဖို့ စပြီးအကူအညီတောင်းတဲ့အခါမှာ ငြင်းဖို့လည်း မဖြစ်နိုင်ဘူး။ ငြင်း ဖို့လည်း မကောင်းဘူး။ အဲဒီအချိန်ကာလ ကတည်းက ဒီလိုပြဿနာမျိုးတွေ ကြုံတွေ့ရမယ်ဆိုတာ စဉ်းစားမိတယ်။ သိရဲ့သားနဲ့ လိုက်ပါဆောင်ရွက်တဲ့အတွက် အခုအချိန်မှာတော့ စိတ်ထဲမှာ မအီမသာဖြစ်တယ်။ ကျွန်တော့်အနေနဲ့ စိတ်ပျက်မိတယ်။ အဲဒီ အခြေအနေကတော့ တကယ်ဖြစ်တာ။

Speaker ။ ။ ကျွန်တော်တို့ မီဒီယာကနေ တစ်ဆင့် ဖြည့်စွက်ပြောကြားချင်တာများ ရှိရင် ပြောပေးပါဦး။
UNL ။ ။ ဦးကိုနီဟာ ဘာသာခြားဖြစ်တယ်။ ဒါကြောင့်မို့လို့ ဦးကိုနီကို သတ်တာ ကောင်းတယ်လို့ ပြောနေတဲ့သူတွေကို အဓိက ပြောချင်တာ တစ်ခုရှိတယ်။ အားလုံးဟာ လူသားတွေပဲ။ ဦးကိုနီ သတ်ဖြတ်ခံရတဲ့ ကိစ္စဟာ ကျွန်တော်တို့နိုင်ငံမှာ တရားဥပဒေစိုးမိုးရေး အားနည်းချက်ရှိတယ်ဆိုတာ ပေါ်လွင်နေ တယ်။ တရားဥပဒေစိုးမိုးရေး ဖြစ်လာနိုင် အောင် ဒီအမှုမှာ ကျွန်တော်တို့အားလုံး ဝိုင်း ဝန်းကူညီဖို့လိုတယ်။ မီဒီယာတွေဘက်ကလည်း လိုတယ်။ နောက်ဆုံးပြောချင်တာက သူတို့ ပြစ်ဒဏ်ချမှတ်ခံရရင် အဲဒီပြစ်ဒဏ် ချမှတ်ခံရတဲ့အတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ဖို့။ အခုဖြစ်တဲ့အမှုဟာ သေဖို့ ကြံရွယ်တဲ့ လူသတ်တဲ့အမှု၊ နောက်တစ်ခါ လူသတ်တဲ့ကိစ္စမှာ အင်မတန်ရိုင်းစိုင်းတဲ့ လူသတ်မှု၊ နိုင်ငံခြားမှာ အင်မတန်ရိုင်းစိုင်းတဲ့ မာဖီးယားဂိုဏ်းတွေကတောင် ဒီလိုကိစ္စမျိုး မလုပ်ဘူး။ အဲဒါ ဘာလဲဆိုတော့ ကလေးချီရက်နဲ့ လူတစ်ယောက်ကို သတ်တာ။ ကလေး ထိသွားရင် ဘယ်လိုလုပ်မလဲ။ နိုင်ငံခြားက လူသတ်ဂိုဏ်းတွေတောင် ဒီလိုအပြုအမူမျိုး မလုပ်ဘူး။ အထင်ကရနေရာ အပြည်ပြည် ဆိုင်ရာလေဆိပ်မှာ လုပ်ကြံတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ ပြစ်ဒဏ်ပေးတဲ့အခါမျိုးကျရင် သေဒဏ်ပေးနိုင်တဲ့ ပြစ်မှုမျိုးဖြစ်တယ်။ အဲဒီ လို ပေးနိုင်အောင်လည်း မီဒီယာတွေ အားလုံးက ဝိုင်းဝန်းဆောင်ရွက်ပေးကြပါ။ ဒါကတော့ စောသေးတယ်။ ဒါပေမဲ့ နောက်ပိုင်း ကျရင် ပြောရမယ့်စကားပဲ။ ဒီလို ရိုင်းစိုင်း ပြီးတော့ လူသားမဆန်တဲ့ လူသတ်မှုဟာ သာမန်လူသတ်မှုမျိုး မဟုတ်ဘူး။ လူမဆန် တဲ့ လူသတ်မှုမျိုးဖြစ်တယ်။ ပြစ်ဒဏ်ပေးတဲ့ အခါကျရင် အတိအကျ ဆောင်ရွက်ပေးဖို့ မီဒီယာများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြပါ။ ပြည်သူလူထုကလည်း ဝိုင်းဝန်းတောင်းဆိုဖို့ လိုတယ်။

ဖြိုးကိုနိုင်၊ ရွှေထီး

The Speaker သတင်းဂျာနယ်
အတွဲ(၂)၊ အမှတ်(၁၇)
မတ် ၁၅

COMMENTS

Name

art,1,article,1327,cartoon variety,22,crime,68,culture,1,documentary,8,Entertainment,9,health,34,history,2,international,7904,interview,221,knowledge,9,Live,8,LocalNews,16559,news,2842,opinion,770,photos,203,poem,117,satires,39,song,12,speech,12,sports,179,statement,59,technic,58,translate,34,video,1070,voice,76,
ltr
item
dawnmanhon: ဦးကိုနီလုပ်ကြံခံရမှုကို လိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဦးနေလနှင့် တွေ့ဆုံခြင်း
ဦးကိုနီလုပ်ကြံခံရမှုကို လိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဦးနေလနှင့် တွေ့ဆုံခြင်း
https://4.bp.blogspot.com/-xIjsqJF9P1c/Wqv2mTahSBI/AAAAAAAAeqw/x3BAZg6l8assi0l_BatUeuyyRSlV89uEgCLcBGAs/s400/q1.jpg
https://4.bp.blogspot.com/-xIjsqJF9P1c/Wqv2mTahSBI/AAAAAAAAeqw/x3BAZg6l8assi0l_BatUeuyyRSlV89uEgCLcBGAs/s72-c/q1.jpg
dawnmanhon
http://www.dawnmanhon.com/2018/03/blog-post_853.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2018/03/blog-post_853.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy