အသတ်ခံရတဲ့ ယာဉ်မောင်းဟာ ဖုန်းဆက်ခေါ်ခံရပြီး အော်ဒါချက်ချင်းလိုက် သွားရတာဖြစ်တယ်လို့ ကျောင်းကုန်းမြို့မစခန်းမှူးပြော


အငှားယာဉ်မောင်းကိုသတ်ပြီး ရန်ကုန်-ပုသိမ်ကားလမ်းမကြီးဘေး ပစ်ချခဲ့တဲ့အမှုမှာ ကားငှားတဲ့သူတွေဟာ အသတ်ခံရသူယာဉ်မောင်း ဂိတ်ထိုးတဲ့နေရာကနေ ဖုန်းဆက်ပြီး ခေါ်သွားတာဖြစ်တယ်လို့ ကျောင်းကုန်းမြို့မရဲစခန်းမှူး ဒုရဲမှူးမြင့်အောင်က ပြောပါတယ်။ ဒါကြောင့် ကားဂိတ်ထိုးခဲ့တဲ့ ရွှေပြည်သာဂိတ်မှာ ဘယ်သူတွေက ငှားသွားလဲဆိုတာ သဲလွန်စရဖို့ စုံစမ်းနေတယ်လို့ ဆိုပါတယ်။

အသတ်ခံရသူ ယာဉ်မောင်း ကလည်း ချောင်းသာကို လေးရက်အိပ်ခရီးအော်ဒါလိုက်သွားတယ်ဆိုတာ အမေဖြစ်သူကို ဖုန်းလှမ်းဆက်ပြီး အကြောင်းကြားခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။ သူဟာ ချောင်းသာကို အလာခရီးမှာပဲ လည်ပင်ထိုးသွင်း ဒဏ်ရာ (၃)ချက်နဲ့ အသတ်ခံရပြီး လမ်းဘေးမှာ အခုလ (၁၈)ရက် မနက်အစောပိုင်းက အပစ်ချခံခဲ့ရတာဖြစ်ပါတယ်။


သူ့ကို ငှားသွားတဲ့သူတွေကလည်း ခရီးကို ရှေ့ဆက်မသွားဘဲ ကားကို နောက်ပြန်လှည့်ခဲ့တာဖြစ်တယ်လို့ ဗိုလ်မြတ်ထွန်းတံတားက CCTV မှတ်တမ်းအရသိရပါတယ်။ အလောင်းကို စစ်ဆေးတဲ့အခါ မှာလည်း အုပ်ထားတဲ့ပုဆိုးတစ်ထည်နဲ့ အမည်းရောင်ကားနောက်ကူရှင် အစွပ်တစ်ခုသာ သဲလွန်စတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။


 သေဆုံးသူဟာ ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်နေ ဦးအေးမင်းဦး(ခ) ဦးဝတုတ်ဆိုသူ ဖြစ်တယ်လို့ မိသားစုဝင်တွေရဲ့ အတည်ပြုချက်အရ သိရပါတယ်။ ဒါကြောင့် ယူသွားတဲ့ DD 9313 နံပါတ်နဲ့ Probox ကား အဖြူရောင်ကို တွေ့ရှိသူတွေအနေနဲ့ ကျောင်းကုန်းရဲစခန်းနယ်ထိန်းဖုန်းနံပါတ် 095413967 ကို ဆက်သွယ်သတင်းပေးနိုင်တယ်လို့ ကြေညာထား ပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျောင်းကုန်းမြို့မရဲစခန်းက(ပ) ၆၈/၂၀၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်ထားပြီး လူသတ်တရားခံကို အမြန်ဆုံးဖမ်းမိအောင် စုံစမ်းနေတယ်လို့ သိရပါတယ်။

သတင်း - ကိုလတ်(ပုသိမ်)(5 Plus News)
https://www.facebook.com/5plusnews

COMMENTS

Name

art,1,article,1303,cartoon variety,22,crime,66,culture,1,documentary,7,Entertainment,8,health,32,history,2,international,7350,interview,220,knowledge,8,Live,8,LocalNews,15710,news,2842,opinion,765,photos,203,poem,116,satires,39,song,12,speech,12,sports,140,statement,59,technic,56,translate,34,video,1068,voice,76,
ltr
item
dawnmanhon: အသတ်ခံရတဲ့ ယာဉ်မောင်းဟာ ဖုန်းဆက်ခေါ်ခံရပြီး အော်ဒါချက်ချင်းလိုက် သွားရတာဖြစ်တယ်လို့ ကျောင်းကုန်းမြို့မစခန်းမှူးပြော
အသတ်ခံရတဲ့ ယာဉ်မောင်းဟာ ဖုန်းဆက်ခေါ်ခံရပြီး အော်ဒါချက်ချင်းလိုက် သွားရတာဖြစ်တယ်လို့ ကျောင်းကုန်းမြို့မစခန်းမှူးပြော
https://1.bp.blogspot.com/-3K_WDExE4WU/WrD0gO97MzI/AAAAAAABq2k/pw2j0eiLUa418GogbSyccdWomGNtZ8DGgCLcBGAs/s400/8.jpg
https://1.bp.blogspot.com/-3K_WDExE4WU/WrD0gO97MzI/AAAAAAABq2k/pw2j0eiLUa418GogbSyccdWomGNtZ8DGgCLcBGAs/s72-c/8.jpg
dawnmanhon
http://www.dawnmanhon.com/2018/03/blog-post_926.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2018/03/blog-post_926.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy