ဆီအုန်းစိုက်ဖို့ မြေနေရာရယူထားတဲ့ ကုမ္ပဏီတွေ သစ်ထုတ်လုပ်နေကြောင်း အစီရင်ခံစာထုတ်ပြန်

ဆီအုန်းစိုက်ပျိုးထားတဲ့ ခြံတစ်ခြံကို တွေ့ရစဉ်။ Photo: naw pe tha law
တနင်္သာရီတိုင်းဒေသကြီးအတွင်း ဆီအုန်းစိုက်ပျိုးဖို့ မြေနေရာရယူထားတဲ့ ကုမ္ပဏီတွေဟာ ဆီအုန်းစိုက်ပျိုးဖို့ထက် သစ်ထုတ်လုပ်ဖို့ အဓိကလုပ်ဆောင်နေတဲ့အကြောင်း စိမ်းလန်းအမိမြေအသင်း က ဒီနေ့ အစီရင်ခံစာ ထုတ်ပြန်လိုက် ပါတယ်။

ဒီနေ့ ရန်ကုန်မြို့ Park Royal  Hotel မှာ ကျင်းပတဲ့ ဆီအုန်းနောက်ကွယ် အစီရင်ခံစာထုတ်ပြန်ပွဲမှာ စိမ်းလန်း အမိမြေအသင်း ဒါရိုက်တာ ဦးဝင်းမျိုးသူက ဆီအုန်းစိုက်ပျိုးဖို့ထက် တခြားရည်ရွယ်ချက်တွေနဲ့ မြေကိုရယူထား တာဟာ နိုင်ငံတော်အတွက် အကျိုးမရှိဘူးလို့ ပြောပါတယ်။

"အဓိကကတော့ ဒီစီမံကိန်းက ဆီအုန်း စိုက်ဖို့ပဲ ပေးတာလေ။ အဲတော့ ဆီအုန်းစိုက်ဖို့ မြေရှင်းတယ် ထွက်လာ တာကိုလည်း သူက သစ်ထုတ်ခွင့် ပြုလိုက်တဲ့ အခါကျတော့ ဆီအုန်းစိုက်တာကို အဓိက ဦးစားမပေးဘဲနဲ့ သစ်ထုတ်တာကို ဦးစားပေးတဲ့ပုံစံမျိုးဖြစ်သွားတယ်။ ကျိန်းသေတယ်။ ဆီအုန်းစိုက်ဖို့က အဓိကမဟုတ်ဘူး။ သစ်ထုတ်ဖို့ အခြားရည်ရွယ်ချက်နဲ့ မြေကို ရယူထားလိုမှုတွေက များနေတဲ့အခါကျတော့ ဒေသခံအတွက်လည်း အကျိုးမရှိဘူး။ ကျနော်တို့ နိုင်ငံအတွက်လည်း အကျိုးမရှိဘူး။ ဒါကြောင့်မိုလို့ ဒါတွေကို သက်ဆိုင်ရာအဖွဲ့တွေက ပြန်စဉ်းစားဖို့လိုတယ်ဆိုတာလေးကို ပြောတာပါ"

ဆီအုန်းနောက်ကွယ် အစီရင်ခံစာကို ၂၀၁၇ နှစ်ဆန်းကနေ ၂၀၁၈ ခုနှစ် မတ်လအထိ စိမ်းလန်းအမိမြေအသင်း၊ တောင်ပိုင်းလူငယ်အသင်း၊ မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်၊ အနာဂတ်အလင်း ကော်မတီ၊ အစိမ်းရောင်ကွန်ရက် (မြိတ်ကျွန်းစု)နဲ့ ပနဲတာကပေါအဖွဲ့တွေက မြန်မာအော်တိုကော်ပရေးရှင်း (MAC) ကုမ္ပဏီရဲ့ ဆီအုန်းစီမံကိန်းနဲ့ ပတ်သက်ပြီး သုတေသနပြု ရေးသားခဲ့တာဖြစ်ပါတယ်။

ကိုရီးယားနိုင်ငံအခြေစိုက် အော်တိုစက်မှုလုပ်ငန်းစု (AIC) နဲ့ စင်ကာပူအခြေစိုက် Resource & Resource ကုမ္ပဏီတို့ ပူးပေါင်းကာ MAC ကုမ္ပဏီကို တည်ထောင်ခဲ့တာဖြစ်ပါတယ်။

MAC ကုမ္ပဏီဟာ တနင်္သာရီတိုင်းဒေသကြီးအတွင်း ဆီအုန်းစိုက်ပျိုးဖို့ မြေဧကအများဆုံးဖြစ်တဲ့ မြေဧက တစ်သိန်းကျော်ကို ၂၀၁၁ ခုနှစ်မှာ အစိုးရက ချထားပေးခဲ့တာဖြစ်ပါတယ်။

အဲဒီကုမ္ပဏီဟာ ၆ နှစ်အတွင်း မြေဧက တစ်သောင်းခြောက်ထောက်ကျော်ကို မြေနေရာရှင်းလင်းထားပြီး ဧက ၃ ထောင်ကျော်သာ ဆီအုန်းစိုက်ပျိုးနိုင်ပြီး သစ်တန်ချိန် တစ်သောင်းကိုးထောင်နီးပါး ထုတ်ယူခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ကုမ္ပဏီဟာ ဒေသခံရွာသားတွေပိုင်ဆိုင်တဲ့ မြေဧက နှစ်ထောင်ကျော်ကို လျော်ကြေးမပေးဘဲ သိမ်းယူထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တနင်္သာရီတိုင်းဒေသကြီးအတွင်းမှာ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိ မြေဧက ၁၉ သိန်းကျော်ကို ဆီအုန်းနဲ့ ရာဘာစိုက်ပျိုးဖို့အတွက် လုပ်ပိုင်ခွင့်ချထားပေးခဲ့ပေမယ့် လက်ရှိအချိန်ထိ ဧက ၅ သိန်းကျော်သာ စိုက်ပျိုးနိုင်သေး တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

RFA Burmese
https://www.rfa.org/burmese

COMMENTS

Name

art,1,article,1327,cartoon variety,22,crime,68,culture,1,documentary,8,Entertainment,9,health,34,history,2,international,7904,interview,221,knowledge,9,Live,8,LocalNews,16559,news,2842,opinion,770,photos,203,poem,117,satires,39,song,12,speech,12,sports,179,statement,59,technic,58,translate,34,video,1070,voice,76,
ltr
item
dawnmanhon: ဆီအုန်းစိုက်ဖို့ မြေနေရာရယူထားတဲ့ ကုမ္ပဏီတွေ သစ်ထုတ်လုပ်နေကြောင်း အစီရင်ခံစာထုတ်ပြန်
ဆီအုန်းစိုက်ဖို့ မြေနေရာရယူထားတဲ့ ကုမ္ပဏီတွေ သစ်ထုတ်လုပ်နေကြောင်း အစီရင်ခံစာထုတ်ပြန်
https://4.bp.blogspot.com/-Nb01o55UNhg/Wq0e_ip1N_I/AAAAAAABqgo/O8jf5SRabJQ0ExgxvIhBCDnG0F7CGEcfQCLcBGAs/s400/13.jpg
https://4.bp.blogspot.com/-Nb01o55UNhg/Wq0e_ip1N_I/AAAAAAABqgo/O8jf5SRabJQ0ExgxvIhBCDnG0F7CGEcfQCLcBGAs/s72-c/13.jpg
dawnmanhon
http://www.dawnmanhon.com/2018/03/blog-post_952.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2018/03/blog-post_952.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy