ပြည်ထောင်စုမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးထင်ကျော်ဟာ လက်ရှိတာဝန်မှအနားယူလိုတဲ့အတွက် ၂၀၁၈ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့ကစပြီး နိုင်ငံတော်သမ္မတရာထူးက နှုတ်ထွက်သွားပါတယ်လို့ သမ္မတရုံးရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားဖေါ်ပြထားပါတယ်။
ဒါ့အပြင် လက်ရှိ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် လည်း မတ်လ ၂၁ မှာ နှုတ်ထွက်စာတင်ပြီး သမ္မတရာထူးကို ဆက်ခံဖို့ရှိတယ်လို့ နေပြည်တော်က ခိုင်လုံတဲ့သတင်းရပ်ကွက်က ဘီဘီစီ ကိုပြောပါတယ်။
ဓါတ်ပုံ - Reuters
BBC Burmese

COMMENTS