![]() |
တရုတ်သမ္မတ Xi Jinping |
သမ္မတသက်တမ်း ၂ ကြိမ်သာထမ်းဆောင်ခွင့်ပြုထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မကို ပြင်ဆင်ဖို့ အပါအ၀င် တခြား အချက် ၂၀ ကို ပြင်ဆင်ဖို့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က သဘောတူခဲ့ကြတာဖြစ်ပါတယ်။ ဒီအခြေခံဥပဒေပြင်ဆင်မှုကို တရုတ်အမျိုးသား ပြည်သူ့ကွန်ဂရက်က အခက်အခဲမရှိ အတည်ပြုခဲ့ကြပြီး ကန့်ကွက်မဲ ၅ မဲသာရှိခဲ့တာဖြစ်ပါတယ်။
ကွန်မြူနစ်ပါတီဥက္ကဋ္ဌအဖြစ်နဲ့ရော ၊ ဗဟိုစစ်ကော်မရှင်အဖွဲ့ခေါင်းဆောင်အဖြစ်နဲ့ပါ သမ္မတရှီကျင့်ဖျင် ယူထားတဲ့ တခြားတာဝန်တွေက သက်တမ်း အကန့်အသတ် မရှိတာကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၇၉ ကို ပြင်ဆင်ဖို့လိုအပ်တယ်လို့ ကွန်မြူနစ်ပါတီခေါင်းဆောင်တွေက ပြောကြပါတယ်။
အခုလို သက်တမ်းကန့်သတ်ချက်တွေကို ပယ်ဖျက်လိုက်တဲ့အတွက် အခုလို အရေးပါတဲ့အပြောင်းအလဲတွေကို တွေ့နေရတဲ့အချိန် ကမ္ဘာ့အင်အားကြီးနိုင်ငံတခုအဖြစ် တက်လာနေတဲ့ တရုတ်နိုင်ငံအနေနဲ့ သူ့ရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် အရေးကြီးနေတဲ့အချိန်တွေမှာ ခိုင်မာအားကောင်းတဲ့ခေါင်းဆောင်မှုကို တရုတ်နိုင်ငံအနေနဲ့ ဆက်ပြီး ထိန်းသွားနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။
သမ္မတရှီကျင့်ဖျင် မတိုင်ခင် တရုတ်ခေါင်းဆောင်တွေဖြစ်ကြတဲ့ ဟူကျင်းတောင် နဲ့ ကျန်ဇီမင်းတို့ဟာလည်း အဲဒီ တာဝန် ၃ ခုစလုံးကို ယူခဲ့ပေမယ့် သမ္မတသက်တမ်း ၂ ခုကုန်ဆုံးတဲ့အချိန်မှာတော့ ရာထူးကနေ နှုတ်ထွက်ပြီး ခေါင်းဆောင်မှုအသစ်ကို လွှဲပေးခဲ့တာဖြစ်ပါတယ်။ တရုတ်အာဏာပိုင်တွေကတော့ ဖွဲ့စည်းပုံပြင်ဆင်တာနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်တွေမှာ ဆွေးနွေးတာတွေကို တားမြစ်ပိတ်ပင်လိုက်ပြီး၊ သဘောမတူ ကန့်ကွက်ပြောဆိုတာတွေ လုံးဝအသံမထွက်အောင် အမြန်ဆုံး တားဆီးတာတွေလုပ်ဆောင်နေပါတယ်။
VOA (မြန်မာပိုင်း)
https://burmese.voanews.com
COMMENTS