ဒေသခံများ ဝေဖန်မှုများခဲ့သည့် ချင်းတွင်းသင်္ကြန် ယနေ့စတင်ဖွင့်လှစ်

မုံရွာ၊ ဧပြီ ၁၁။

ချင်းတွင်းမြစ်သောင်ပြင်တွင် မြေဖို့၍ အကြီးအကျယ်သင်္ကြန်​ပွဲကျင်းပသဖြင့် ဒေသခံများ၏ ဝေဖန်မှုရှိခဲ့ပြီး စစ်ကိုင်းတိုင်းအစိုးရအဖွဲ့မှ သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ဖြေရှင်းခဲ့ရသည်။

ချင်းတွင်းသင်္ကြန်ကျင်းပမှုကို ယနေ့ဧပြီ ၁၁ရက်နေ့ တွင် စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။


ချင်းတွင်းသင်္ကြန်သည် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အေးသာရပ် ချင်းတွင်းမြစ်​သဲသောင်ပြင်တွင် တစ်မိုင်နီးပါးခန့်အကျယ်၌ ကြီးကျယ်ခမ်းနားစွာ ကျင်းပနေခြင်း ဖြစ်သည်။

သောင်ပြင်တွင် မြန်မာနိုင်ငံ၌ ပထမဦးဆုံးသော သဲပန်းပုရုပ်ထုများပြသထားပြီး ပါရာမော်တော်ဟု​ခေါ်သော လူစီးကျောပိုးစက်တပ်ယာဉ်ဖြင့် ဝေဟင်တွင် ပျံသန်းပြခြင်း၊ ဆိုင်ကယ် စတန့်များ၊ တိုင်းရင်းသားရိုးရာအကများ၊ တိုင်းရင်းသားဒေသထွက်နာမည်ကျော်​ဆေးဝါးများ၊ အမှတ်တရ အ၀တ်အစားများ၊ အစားအသောက်များကို တည်ခင်းပြသ ရောင်းချနေသည်။


စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်က ရိုးရာသင်္ကြန်ပွဲအား အမှီပြု၍ စစ်ကိုင်းတိုင်းဒေသကြီး ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးစေရန် ရည်ရွယ်ချက် လေးချက် ထား၍ ပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း ပြောဆိုထားပြီး သဘာဝပတ်ဝန်းကျင် မပျက်စီးစေရန် စီမံထားသည် ဟု မီဒီယာများကို ပြောကြားထားသည်။


ပွဲတော်တွင်စီစဉ်ထားသော လှည်းယာဉ်ကျော့များ၊ မြင်းလိမ္မာများဖြင့် ပွဲတော်အတွင်း စီးနင်းလှည့်လည်ကြည့်ရှုနိုင်ပြီး ဆိုင်ကယ်များ၊ ကားများကို ၀င်ခွင့်ပြု မည်မဟုတ်ကြောင်း သိရသည်။

ယ​နေ့ပြုလုပ်​သည့်​ ဖွင့်​ပွဲအခမ်အနားတွင်​ ၀န်​ကြီးချုပ်​​ဒေါက်​တာမြင့်​နိုင်​နှင့်ဇနီးကလည်း ပွဲ​တော်​တွင်​ ပြသထားသည်​ နွားလှည်းအလှပြယာဉ်​ဖြင့်​ လှည့်​လည်​၍ ကြည့်​ရှုခဲ့သည်​။

ချင်းတွင်းသင်္ကြန်ကို ယနေ့ ဧပြီ ၁၁ မှ ၁၇ ရက်အထိ ၇ ရက်တိုင်​ကျင်းပမည်ဖြစ်သည်။

နှင်း​မောင်
Central News Myanmar
https://www.facebook.com/CNMyanmar/

COMMENTS

Name

art,1,article,1303,cartoon variety,22,crime,66,culture,1,documentary,7,Entertainment,8,health,32,history,2,international,7350,interview,220,knowledge,8,Live,8,LocalNews,15710,news,2842,opinion,765,photos,203,poem,116,satires,39,song,12,speech,12,sports,140,statement,59,technic,56,translate,34,video,1068,voice,76,
ltr
item
dawnmanhon: ဒေသခံများ ဝေဖန်မှုများခဲ့သည့် ချင်းတွင်းသင်္ကြန် ယနေ့စတင်ဖွင့်လှစ်
ဒေသခံများ ဝေဖန်မှုများခဲ့သည့် ချင်းတွင်းသင်္ကြန် ယနေ့စတင်ဖွင့်လှစ်
https://1.bp.blogspot.com/-yniXp1Nnxco/Ws4BH9wgFSI/AAAAAAABtbg/XdE26yuxM88BgHJrqnvdaoHsjZbdD_VygCLcBGAs/s400/3.jpg
https://1.bp.blogspot.com/-yniXp1Nnxco/Ws4BH9wgFSI/AAAAAAABtbg/XdE26yuxM88BgHJrqnvdaoHsjZbdD_VygCLcBGAs/s72-c/3.jpg
dawnmanhon
http://www.dawnmanhon.com/2018/04/blog-post_326.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2018/04/blog-post_326.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy