မိုးညို ဧပြီ ၁၉
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် မိုးညိုမြို့နယ် အတွင်းတွင် ဧပြီ ၁၈ ရက် ညနေ ၆ နာရီခွဲခန့်က လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်အလုံး ၆၀၀ ကျော် ပျက်စီးဆုံးရှူံးခဲ့ကြောင်း သိရသည်။
လေပြင်းတိုက်ခတ်မှုကြောင့် မိုးညိုမြို့နယ် အတွင်းရှိ ကျေးရွာအုပ်စု ၆ အုပ်စု ရှိ ကျေးရွာ ၂၉ ရွာ မှ နေအိမ်ပေါင်း ၆၀၀ ကျော် ပြိုလဲခြင်း၊ အမိုးလန်ခြင်း၊ နေအိမ်များပေါ်သစ်ပင် သစ်ကိုင်းများ ကျိုး ပိခြင်းတို့ဖြစ်ပွားခဲ့ရာ ကျေးရွာအုပ်စု ၆ အုပ်စုမှာ အိမ်ခြေ ၆၀၀ ကျော် ပျက်စီးဆုံးရှူံး ရာတွင် ပေါက်ကုန်းအုပ်စု နှင့် ထိန်တောအုပ်စု တို့ကအများဆုံးဖြစ်ပြီး ကောက်ယူတုန်းဆိုတော့
နောက်ထပ် ပျက်စီးဆုံးရှုံးတဲ့ စာရင်း ထပ်တိုးလာဖို့ရှိသည် ဟု သိရသည်။
အဆိုပါ သဘာဝဘေး ပျက်စီးဆုံးရှူံးမှု ဖြစ်ပွားရာနေရာသို့ ဒေသကွပ်ကဲမှု့  စစ်ဌာနချုပ် (ပြည်) မှ ဗိုလ်မှူးကြီး ဝင်းထိန်၊ တပ်မ(၆၆) မှ ဗျူဟာမှူး ဗိုလ်မှူးကြီး သန်းလှိုင် တို့ဦးစီးသော ခလရ (၁)၊ (၆)၊ (၃၅) တို့မှ အရာရှိ အရာခံ စစ်သည်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မှ ဝန်ထမ်းများ
နှင့် ပရဟိတအဖွဲ့များ ဒေသခံပြည်သူများ ပူးပေါင်းကူညီဆောင်ရွက် ပေးလျက်ရှိကြောင်းသိရသည်။
အလားတူ သာယာဝတီမြို့နယ်တွင် ဧပြီ ၁၈ ရက်နေ့ ညနေ ၇ နာရီအချိန်ခန့်က လေပြင်းတိုက်ခတ်ခဲ့ရာ ကျေးရွာအုပ်စု ၃ အုပ်စု တွင် နေအိမ်ပြိုလဲခြင်း အမိုးလန်ခြင်းတို့ကြောင့် လူနေအိမ် (၃၂) လုံးပျက်စီးဆုံးရှူံးခဲ့ကြောင်းသိရသည်။
သူရအောင်-ပြည်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
COMMENTS