ရိုဟင်ဂျာတွေ ပြန်လာဖို့ မသင့်တော်သေးလို့ ကုလပြော

ရခိုင်ပြည်နယ်ကို ဧပြီလ ၄ ရက်မှာ ရောက်ရှိလာတဲ့ မစ္စ အာဆူလာ မူလာ
ရခိုင်ပြည်နယ်မြောက်ပိုင်းက အခြေအနေတွေအရ မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာ မွတ်စလင် ဒုက္ခသည်တွေ လုံလုံခြုံခြုံ ပြန်လာနိုင်ဖို့ မသင့်တော်သေးဘူးလို့ ကုလသမဂ္ဂ ထိပ်တန်း အရာရှိတဦးက ဘီဘီစီကို ပြောပါတယ်။

ကုလသမဂ္ဂ လူသားချင်း စာနာ ထောက်ထားမှုရေးရာ ညှိနှိုင်းရေးရုံးရဲ့ လက်ထောက် အတွင်းရေးမှူးချုပ်လည်းဖြစ် အရေးပေါ် ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယ ညှိနှိုင်းရေးမှူးလည်းဖြစ်တဲ့ မစ္စ အာဆူလာ မူလာ က သူ့ရဲ့ ရခိုင်ခရီးစဉ် အပြီးမှာ အခုလို ပြောခဲ့တာ ဖြစ်ပြီး မီးလောင်ထားတဲ့ ရွာတွေ၊ ဘူဒိုဇာနဲ့ အထိုးခံထားရတဲ့ ရွာတွေ တွေ့ခဲ့တယ်လို့ ဘီဘီစီကို ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ ကျန်ရှိနေတဲ့ ရိုဟင်ဂျာ လေးသိန်းလောက်ဟာ စခန်းချပေးထားတဲ့ နေရာမှာပဲ နေခွင့်ရပြီး လွတ်လပ်စွာ သွားလာ လှုပ်ရှားခွင့် မရတဲ့အတွက် စိုးရိမ်တယ်လို့လည်း မစ္စ အာဆူလာက ပြောပါတယ်။

မိုးရွာသွန်းမှုများမယ့် မုတ်သုံရာသီရောက်လာတော့မှာ ဖြစ်ပေမယ့် ရိုဟင်ဂျာ ဒုက္ခသည် ၇ သိန်းကျော်ဟာ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည် စခန်းတွေမှာ သောင်တင်နေဆဲ ဖြစ်ပါတယ်။

အဲဒီဒုက္ခသည်တွေ ပြန်ခေါ်ဖို့ကိစ္စအတွက် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့ မနှစ်ကတည်းက သဘောတူ ထားပေမယ့် အခုထိ ဒုက္ခသည်တွေ ပြန်လာနိုင်ခြင်း မရှိသေးပါဘူး။

ရိုဟင်ဂျာတွေ ခွဲခြား ဖိနှိပ်ခံရတာနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က မရှုံ့ချဘူးဆိုပြီး နိုင်ငံတကာက ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခဲ့တာကလည်း ဒီကိစ္စ ပြေလည်ရေးအပေါ် သက်ရောက်မှု မရှိခဲ့ဘူးလို့ မစ္စ မူလာက ပြောပါတယ်။

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ဝန်ကြီး ဦးဝင်းမြတ်အေးကတော့ မီးလောင်ထားတဲ့ ရွာတွေကို ရှင်းလင်းရာမှာ အထင်မှားမှုတွေ ရှိခဲ့တဲ့အတွက် ဒါတွေကို ရပ်ဆိုင်းထားသလို ဒုက္ခသည်တွေ ချက်ချင်း ပြန်လာနိုင်တဲ့အထိ အသင့်ဖြစ်နေပြီလို့လည်း ဘီဘီစီကို တုံ့ပြန်ထားပါတယ်။
WFO ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်ရဲ့ မြစ်ကြီးနား ရုံးခွဲက စစ်ဘေးရှောင် ဒုက္ခသည် ၄၃၀ဝ၀ ကို ထောက်ပံ့ပေးနိုင်ခဲ့တာကို ချီးကျူးခဲ့တဲ့ မစ္စ မူလာ
မစ္စ အာဆူလာ မူလာဟာ ဧပြီလ ၂ ရက်နေ့မှာ မြန်မာနိုင်ငံကို ရောက်ရှိလာတာ ဖြစ်ပြီး သူ့ရဲ့ ခရီးစဉ် အတွင်းမှာ ကချင်ပြည်နယ်ကိုလည်း ရောက်ရှိခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese

COMMENTS

Name

art,1,article,1343,cartoon variety,22,crime,68,culture,1,documentary,9,Entertainment,9,health,35,history,2,international,8287,interview,222,knowledge,9,Live,8,LocalNews,17116,news,2842,opinion,774,photos,203,poem,117,satires,39,song,12,speech,12,sports,189,statement,59,technic,59,translate,34,video,1073,voice,76,
ltr
item
dawnmanhon: ရိုဟင်ဂျာတွေ ပြန်လာဖို့ မသင့်တော်သေးလို့ ကုလပြော
ရိုဟင်ဂျာတွေ ပြန်လာဖို့ မသင့်တော်သေးလို့ ကုလပြော
https://4.bp.blogspot.com/-FB744OBSc5U/WsojdsBwRcI/AAAAAAABtEc/SxbSyy_TRa0e7_VZDWcId4GEyqji2FUiQCLcBGAs/s400/4.jpg
https://4.bp.blogspot.com/-FB744OBSc5U/WsojdsBwRcI/AAAAAAABtEc/SxbSyy_TRa0e7_VZDWcId4GEyqji2FUiQCLcBGAs/s72-c/4.jpg
dawnmanhon
http://www.dawnmanhon.com/2018/04/blog-post_724.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2018/04/blog-post_724.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy