နေပြည်တော် ဧပြီ ၁၄
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ မဟာသင်္ကြန် အကျနေ့ ညနေ ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ နေအိမ်အနီး တိုက်ချီတိုတို့ ရေကစား မဏ္ဍပ်သို့ ရောက်ရှိပြီး မဟာသင်္ကြန်ရေသဘင်ပွဲကို ပါဝင်ဆင်နွှဲသည်။
အဆိုပါ ရေကစားမဏ္ဍပ်၌ နိုင်ငံတော်သမ္မတ၏ဇနီး ဒေါ်ချိုချို၊ ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူနှင့်ဇနီး ဒေါက်တာ ရွှေလွှမ်း၊ ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ၏ ဇနီး ဒေါ်ခင်လေးသက်၊ ပြည်ထောင်စု ဝန်ကြီးများနှင့် ဇနီးများ၊ ငြိမ်းချမ်းရေး ကော်မရှင် ဥက္ကဋ္ဌ နှင့် တာဝန်ရှိ သူများလည်း ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရှိရသည်။
Myanmar State Counsellor Office
https://www.facebook.com/state.counsellor
COMMENTS