နှစ်နိုင်ငံသဘောတူညီချက်အရ အမေရိကန်ပြည်ထောင်စုမှာနေထိုင်တဲ့ ဗီယက်နမ်လူမျိုး ၈ ထောင့် ၆ ရာလောက်ကို မူလဌာနေပြန်ပို့နိုင်ဖို့ အစိုးရကနည်းလမ်းရှာနေပြီး၊ သူတို့ကို အကာအကွယ်ပေးသင့်တယ်လို့ ဟနွိုင်းမြို့မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အမေရိကန်သံအမတ်ဟောင်း တက်ဒ် အိုးဆီးရပ်စ် က ပြောလိုက်ပါတယ်။
တချို့လူတွေကိုလည်း ပြန်ပို့လိုက်ပြီးလို့ သူကပြောပါတယ်။ အဲဒီလူတွေဟာ ဗီယက်နမ်-အမေရိကန် စစ်ပွဲကာလတုန်းက အမေရိကန်တွေကိုကူညီတဲ့ တောင်ဗီယက်နမ်သားတွေဖြစ်ပါတယ်။ စစ် ပြီးသွားတဲ့နောက် ကွန်မြူနစ်အစိုးရ အာဏာရသွားတဲ့အတွက် အမေရိကန်ဘက်တော်သားတွေကို ခေါ်ထားတာဖြစ်လို့ သူတို့မှာ ပြန်စရာတိုင်းပြည်မရှိဘူးလို့ သံအမတ်ဟောင်းက ထောက်ပြပါတယ်။
သူတို့ထဲမှာ ၇၈၀၀ ကျော်က ရာဇဝတ်မှုကျူးလွန်ခဲ့ဖူးသူတွေဖြစ်တယ်လို့ လူဝင်မှုကြီးကြပ်ရေးအရာရှိ တယောက်ကပြောပါတယ်။
၁၉၇၅ ခုနှစ်ကနေ ၁၉၉၅ ခုနှစ်အတွင်းရောက် နေတဲ့သူတွေကို နေထိုင်ခွင့်ပြုရမယ်ဆိုတဲ့ ၂၀၀၈ ခုနှစ်ကချုပ်ထားတဲ့ နှစ်နိုင်ငံ သဘောတူညီချက်ရှိထားပါတယ်။ ပြန်ပို့ခံရမယ်ဆိုတဲ့သူတွေဟာ အများစုက ၁၉၉၅ ခုနှစ်မတိုင်ခင်ကတည်းက ရောက်နေကြသူတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese/
COMMENTS