သမ္မတနှင့်တပ်မတော်

သရ၀ဏ်(ပြည်)

အမေရိကန်နိုင်ငံရှိ ကမ္ဘာကျော်သတင်းစာကြီးတစောင် က ၀တ္တုတိုပြိုင်ပွဲ တခုကျင်းပသည်။ ထိုဝတ္တုတိုပြိုင်ပွဲ၏စည်းကမ်းချက်များမှာ ထူးဆန်းလှ၏။ ထိုစည်းကမ်းများမှာ
(၁) ၀တ္တုတွင်စာကြောင်းသုံးကြောင်းပဲပါရမည် ။
(၂) ဘာသာရေးအငွေ့ အသက်ပါရမည် ။
(၃) ၀တ္တုတွင်မိသားစုနှောင်ကြိုးပါရမည် ။
(၄) လျှို့ ဝှက်ဆန်းကြယ်ဖြစ်ရမည် ဟူသတည်း။

ထိုကိစ္စများကိုစာကြောင်းသုံးကြောင်း တည်းဖြင့် မည်သို့မျှဝတ္တုရေးဖွဲ့လို့မရပါ ။သို့သော်စာရေးဆရာတယောက်က မရရအောင်ရေးဖွဲ့ခဲ့၏ ။ သူရေးခဲ့သောဝတ္တုစာသားသုံးကြောင်းမှာ
“ ဘုရားရေ……..
သမီးမှာကိုယ်ဝန်ရှိနေပြီ မေမေ
ဘယ်သူနဲ့လဲဆိုတာတော့ သမီးလည်း စဉ်းစားလို့မရသေးဘူး “
ဟူ၍ဖြစ်သည် ။ ဘာသာရေး၊မိသားစု၊ လျှိုးဝှက်သည်းဖို အားလုံးပါဝင်သောကြောင့်ထိုဝတ္တုဆုရ၏။စာသားမှာတိုပင်တိုသော်လည်း စဉ်းစားစရာ များစွာပါဝင်နေသည် ။

ထိုအဖြစ်အပျက်နှင့်ခပ်ဆင်ဆင်ပင် ပြည်ထောင်စုမြန်မာနိုင်ငံ၌ တိုတောင်းသော်လည်းရသမျိုးစုံပါဝင်သော စကားတခွန်းပေါ်ပေါက်ခဲ့၏ ။ ထိုစကားမှာ
“ တပ်မတော်အနေဖြင့် သမ္မတ၏ခေါင်းဆောင်မှုအောက်တွင် သာလုပ်ကိုင် ဆောင်ရွက်ခြင်းဖြစ်ပြီး မိမိတို့တပ်မတော်သည် မြန်မာနိုင်ငံ အစိုးရ၏ ဦးဆောင်မှုအောက်တွင် သာရှိသည် “ ဟူ၍ဖြစ်သည် ။ ကောလဟလစကားမဟုတ် ၊ အပြင်လူကပြောခြင်းမဟုတ် ၊ ပေါက်ကရလေးဆယ်စကားမဟုတ် ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် ပြောကြားခဲ့သောစကားဖြစ်သည် ။ မြန်မာနိုင်ငံသို့ရောက်ရှိလာသော ကုလသမဂ္ဂလုံခြုံရေးကောင်စီဝင် ၁၅ နိုင်ငံမှ သံအမတ်ကြီးများ နှင့်တွေ့ ဆုံရာတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကဤသို့  ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Facebook စာမျက်နှာတွင် ၂၀၁၈ မေလ ၄ ရက် ကသတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည် ။ ထိုစာပိုဒ်ကလေးကိုဖတ်ရသည်မှာ အထက်တွင်ဖော်ပြခဲ့သော ဆုရ၀တ္တုတိုကလေးလိုပင် ရသစုံလျက် စဉ်းစားတွေးတောစရာများ စွာကို ဖြစ်ပေါ်စေပါသည် ။
ပြည်သူလူထုသည် မယုံနိုင်အောင်ဖြစ်ရသော အဗ္ဘုတရသကိုလည်းခံစားရ၏ ။ စိတ်ဓာတ်တက်ကြွစေသော ၀ီရရသကိုလည်း ခံစားရ၏ ။ ဝေဖန်မှုများအတွက် ထောင်၊လက်ထိပ် စသည်တို့ကို လည်းမြင်ယောင် လာသည်ဖြစ်ရာ ဘယာနကရသ ကိုလည်းခံစားရပါ၏။ ဖတ်သူအပေါ်မူတည်၍ ၀ိဘစ္ဆရသ ၊ ဟာသရသ စသည်ဖြင့် တဦးနှင့်တဦး ကွဲပြားကြပါလိမ့်မည်။

ပြည်သူတွေသည် ယခင်က မြန်မာနိုင်ငံတွင် အစိုးရကသပ်သပ် ၊တပ်မတော်ကသပ်သပ် ဟုကျွန်တော်တို့ ဥာဏ်တထွာတမိုက်ဖြင့်ယူဆထားခဲ့ဖူး၏ ။ အဘယ့်ကြောင့်ဆိုသော် မြန်မာနိုင်ငံတွင် အစိုးရဆေးတက္ကသိုလ်ရှိလျက်နှင့် တပ်မတော်ဆေးတက္ကသိုလ်ဟူ၍ဖွင့်၏၊ အစိုးရနည်းပညာတက္ကသိုလ်များရှိပါလျက်တပ်မတော်နည်းပညာတက္ကသိုလ်ပေါ်လာ၏ ။ အစိုးရပိုင် MRTV ရုပ်သံလိုင်းရှိပါလျက် မြ၀တီရုပ်သံလိုင်းဟုထူထောင်၏ ။ မြန်မာ့စီးပွားရေးဘဏ်ရှိသော်လည်း အင်းဝဘဏ်ဟုပေါ်လာပြန်သည် ။ ထို့ကြောင့်အရာရာ နှစ်ခုနှစ်ခုရှိနေသဖြင့် သပ်သပ်စီဟုထင်ကြခြင်းဖြစ်သည် ။ ထို့အပြင် တပ်မတော်သားများသည်နိုင်ငံ့ဝန်ထမ်းမဟုတ်ဘူးဆိုသော စကားများကိုလည်းကြားဖူး၏။ နိုင်ငံဝန်ထမ်းစာရင်းထဲသို့  တပ်မတော်သားများကို ထည့်၍မရဘူး ဆိုသဖြင့်တပ်မတော်သားများမှာ သီးသန့်အဖွဲ့အစည်းသဖွယ်ဖြစ်လေသည် ။ နိုင်ငံ့ဝန်ထမ်းများမှာ အသက် ၆၀ ကျော်လျှင် အငြိမ်းစားယူရစမြဲဖြစ်ရာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးကို အသက် (၇၈)နှစ်အထိသော်လည်းကောင်း၊ ဗိုလ်ချုပ်မှူးကြီးမင်ေးအာင်လှိုင်သည်ယခု လာမည့် ဇူလိုင်လ ၃ ရက်နေ့တွင် အသက် (၆၂)နှစ် ပြည့်မည်ဖြစ်ပြီး ၆၃ နှစ်ထဲသို့ ၀င်တော့မည် အထိလည်းကောင်း တာဝန်ထမ်းဆောင်ဆဲဖြစ်ရာ တပ်မတော်သားများသည် နိုင်ငံ့ဝန်ထမ်းများမဟုတ်ဘူး ဆိုသောစကားမှာ ဟုတ်တုတ်တုတ် ရှိသည်ဟုထင်မြင်မိပါသည် ။ သို့ပါသော်လည်း နိုင်ငံတော်သမ္မတဦးဝင်းမြင့်က နိုင်ငံ့ဝန်ထမ်းများကို လစာတိုးသောအခါ တပ်မတော်သားများလည်း ထိုတိုးမြှင့်ခံစားခွင့်ကိုရခဲ့ကြပြန်သည်။ ဒါဆိုရင်သူတို့ဟာဝန်ထမ်းတွေပဲပေါ့ ဟုထင်မြင် မိပါသည် ။ နိုင်ငံဝန်ထမ်းဟုတ်မဟုတ် ဆိုသောကိစ္စမှာပင် အတော်ရှုပ်ထွေးနေပါသည် ။ တကယ်ဆိုလျှင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတခုလုံးတွင် နိုင်ငံတော်အခြေခံမူများအခန်းတွင်လည်းကောင်း၊ တပ်မတော်ဟူသော အခန်းတွင်လည်းကောင်း တပ်မတော်သားများသည် နိုင်ငံဝန်ထမ်းများမဟုတ်ပါ ဟူသော ပြဌာန်းချက် မပါရှိချေ ။ထို့ကြောင့်တပ်မတော်သားများသည်နိုင်ငံဝန်ထမ်းများမဟုတ်ဟုပြောလာခဲ့လျှင်အတော်နားလည်ရခက်သောကိစ္စဖြစ်ပေလိမ့်မည် ။

ထို့အပြင်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀(ခ)တွင် တပ်မတော်သည်တပ်ပိုင်းဆိုင်ရာကိစ္စအားလုံးကို လွတ်လပ်စွာစီမံခန့်ခွဲ စီရင်ဆောင်ရွက် ပိုင်ခွင့်ရှိသည် ဟုပြဌာန်းထား၏ ။ ပုဒ်မ၂၀(ဂ)တွင် တပ်မတော်ကာကွယ်ရေးဦးးစီးချုပ်သည် လက်နက်ကိုင်တပ်ဖွဲ့အားလုံး ၏အကြီးအကဲဖြစ်သည် ဟုလည်းပါရှိပါသည် ။ ထို့အပြင် ပုဒ်မ ၃၄၃(ခ) ၌ စစ်ဘက်တရားစီရင် ရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏အဆုံးအဖြတ်သည် အပြီးအပြတ်ဖြစ်သည် ဟုပါရှိပြန်သည် ။ထို၂၀၀၈ အခြေခံဥပဒေ တွင် တပ်မတော်နှင့်ပါတ်သက်သောပြဌာန်းချက်များ၌ နိုင်ငံတော်သမ္မတ၏အခန်းကဏ္ဍကိုလုံးဝဖော်ပြထားခြင်း မရှိချေ ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် တပ်မတော်၊ရဲတပ်ဖွဲ့ စသောလက်နက်ကိုင်အဖွဲ့အားလုံး၏ အကြီးအကဲ ၊ တပ်မတော်အုပ်ချုပ်ရေး ၊ တရားစီရင်ရေး ၊ စစ်ဥပဒေများပြဌာန်းရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုသာအဓိကဇာတ်ကောင်ပြုထားပါသည် ။ ထို့ကြောင့် ပြည်သူလူထု၏တရားစီရင်ရေးနှင့်အုပ်ချုပ်ရေးတွင် တပ်မတော်သည် သီးသန့်ဥပဒေများနှင့်သာကျင့်သုံးနေပြီး နိုင်ငံတော်သမ္မတက ဥပဒေအရ ပါဝင်နိုင်သောအခွင့်အာဏာမှာ မရှိသလောက်ဖြစ်ပါသည် ။ ထို့ကြောင့် ပြည်သူလူထုက မြန်မာနိုင်ငံတွင်တပ်ကသပ်သပ် အစိုးရကသပ်သပ်ဟုထင်ယောင်ဝိုးဝါးဖြစ်ကြခြင်းဖြစ်သည် ။ ဖွဲ့ စည်းပုံအခြေခံဥပဒေတရပ်လုံးတွင် တပ်မတော်နှင့် သမ္မတကိုပူးတွဲ ရေးထားသော ပြဌာန်းချက်ပုဒ်မ တခုသာရှိပါသည် ။ ထိုပုဒ်မမှာ ပုဒ်မ ၃၄၂ ပါ နိုင်ငံတော်သမ္မတသည် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏အဆိုပြုထောက်ခံချက်ဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုခန့်အပ်တာဝန်ပေးရမည် ဟူသောပြဌာန်းချက်ဖြစ်သည် ။ ထိုအချက်သည်ပင်လျှင် မရှုပ်မရှင်းဖြစ်နေပါသည် ။

ထိုပုဒ်မ ၃၄၂ ကို ဆက်ဖတ်ကြည်.သောအခါ တိုင်းပြည်ကာကွယ်ရေးနှင်. လွှတ်တော်နိုင်ငံရေးအတွက်အရေးအကြီဆုံးဖြစ်သည်. တပ်မတော်ကာကွယ်ရေးဦးစီချုပ်ဖြစ်သင်.ဖြစ်ထိုက်သည်. အရည်အချင်းသတ်ချက် ကိုလုံးဝမတွေ.ရှိရသည်မှာအလွန်ထူးဆန်း၍ ဖွဲ.စည်းပုံအခြေခံဥပဒေ၏လစ်ဟာမှုကြီး (သို.မဟုတ် )တမင်သက်သက် အသာစီးယူထားသောအချက်ကြီးဖြစ်နေပါသည် ။ နိုင်ငံအတွက်အရေးအပါဆုံးပုဂ္ဂိုလ်ဖြစ်သော သမ္မတရာထူးရွေးချယ်ရာတွင် ပုဒ်မ ၅၉ (က) မှ (ဆ) အထိ အချက် ခုနစ်ချက် အသေးစိတ်ရေပက်မ၀င်အောင်ပြဌာန်းထားသော်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်ထိုက်သည်. လူတစ်ယောက်၏ အရည်အချင်းသတ်မှတ်ချက်များကို စာရွက်ပေါ်တွင်တိတိကျကျဘာမှချရေးထားခြင်းမရှိပဲ ကာလုံ အဖွဲ.ကိုသာလွှဲချထားလေသည် ။ထိုကာကွယ်ရေးနှင်.လုံခြုံရေးအဖွဲ.တွင်အဖွဲ.၀င် (၁၁)ဦးရှိရာတွင်လည်း စစ်ဘက်မှလက်ရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ၊တပ်မတော်မှတင်သော ဒုသမ္မတစ်ယောက် ၊ ကာကွယ်ရေးဝန်ကြီး ၊ နယ်စပ်ရေးရာဝန်ကြီး ၊ ပြည်ထဲရေးဝန်ကြီး ဟူသော တပ်မတော်မှလူ ၆ယောက်ကအဓိကထားဆုံးဖြတ်မည်ဖြစ်သဖြင်. တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုတပ်မတော်ကခန်.ခွင်.ရှိသလိုသာဖြစ်နေပါသည် ။ သမ္မတကခန်.ခွင်.ရှိသည်ဆိုခြင်းမှာဟန်ပြသာဖြစ်နေသည် ။ ကာလုံအဖွဲ.တွင် လူ ၁၁ ယောက်သာရှိသည်.အနက် ကာကွယ်ရေးဦးစီးချုပ်ပါပြီးပါလျက် ဒုတိယကာကွယ်ရေးဦးစီးချုပ်ကိုထည်ထားခြင်းမှာလည်း လူထပ်နေသလိုရှိကာ တမင်စစ်ဘက်မှလူများကို လူဦးရေအသာရအောင်လုပ်ထားသလိုဖြစ်နေပါသည် ။ အဆိုးဆုံးအချက်မှာ ကာကွယ်ရေးဦးစီးချုပ်အဖြစ်ခန်.အပ်ခံရမည်.သူ၏

(က) အသက်ကန်.သတ်ချက်
(ခ) ပညာအရည်အချင်းကန်.သတ်ချက်
(ဂ) အငြိမ်းစားယူရမည်.သက်တမ်း
(ဃ) ပြည်ထောင်စုလွှတ်တော်၏သဘောတူညီချက်
(င) အခြားအရည်အချင်းကန်.သတ်ချက် များ
(စ) ကာကွယ်ရေးဦးစီးချုပ်၏ရာထူးသက်တမ်း
(ဆ) ရာထူးမှဆက်လက်မထမ်းဆောင်သင်.သော စွပ်စွဲပြစ်တင်မှု များ

ကို
ဖွဲ.စည်းပုံအခြေခံဥပဒေတွင်လုံးဝထည်.သွင်းပြဌာန်းထားခြင်းမရှိချေ ။ ထိုအခါ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို မည်သည်.စံသတ်မှတ်ချက်များဖြင်.ရွေးမည် (ဥပမာ ဗိုလ်သင်တန်းအပါတ်စဉ်ရှေ.နောက်စီနီယာအရရွေးမည်လား ၊ ဗိုလ်ချုပ်မှူးကြီး၊ဒုတိယဗိုလ်ချုပ်မှူးကြီးဖြစ်မှပဲရွေးမည်လော ၊ သို.မဟုတ် အထက်လူကြီးဟောင်းများ၏အကြံဥာဏ်ထောက်ခံချက်ဖြင်.သာရွေးမည်လား ၊ သမ္မတက ခန်.ထားခွင်.ရှိသည်ဟုပြောထားရာ သမ္မတတကယ်ကြိုက်နှစ်သက်သူကို ရွေးချယ်ခွင်.ရမည်လား )ဟူ၍မေးစရာကိစ္စတွေရှိပေသည် ။ထို.အပြင် သမ္မတသည် ကာကွယ်ရေးဦးစီးချုပ်ကိုခန်.အပ်ရမည်ဟု ဆိုရာ၌

- သမ္မတတစ်ခါတက်တိုင်း ကာကွယ်ရေးဦးချုပ်တစ်ကြိမ်ခန်.အပ်ရမည်လား
- အငြိမ်းစားတပ်မတော်အရာရှိဟောင်းတစ်ဦးကို ကာကွယ်ရေးဦးစီးချုပ်လောင်းအဖြစ် သမ္မတမှ အမည်တင်သွင်းခွင်.ရှိမရှိ
ကာလုံအဖွဲ.ကလက်ရှိရွေးချယ်ထားသော ကာကွယ်ရေးဦးစီးချုပ်ကို နောက်တက်လာသော ကာလုံအဖွဲ.က အသစ်ပြန်ရွေးချယ်ပေးနိုင်ခွင်.ရှိမရှိ စသည်.အချက်များသည် ဖွဲ.စည်းပုံအခြခံဥပဒေတွင်လည်းမပါ ၊ တပ်မတော်ကတရားဝင်ထုတ်ပြန်ကြေငြာမှုလည်းမရှိသော မရှုပ်မရှင်းကိစ္စများဖြစ်သည် ။ထို့ကြောင့်ပြည်သူလူထုက မြန်မာနိုင်ငံဝယ် အစိုးရကသပ်သပ် ၊တပ်မတော်ကသပ်သပ် ဟုထင်မြင်ယူဆကြခြင်းဖြစ်ပါသည် ။

ယခုအခါ တပ်မတော်သည် သမ္မတ၏ခေါင်းဆောင်မှု အောက်တွင်သာ လုပ်ကိုင်ဆောင်ရွက်နေခြင်း ဖြစ်ပြီး မိမိတို့တပ်မတော်သည် မြန်မာနိုင်ငံအစိုးရ၏ ဦးဆောင်မှုအောက်တွင် သာရှိသည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြောကြားသောစကားမှာ အံ့သြစရာဖြစ်သော်လည်း ကြိုဆိုရမည့်စကားဖြစ်လေသည် ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပြောသောစကားကိုအတည်ယူရမည်ဆိုပါက ကောင်းလှပါ၏ ။ ထိုအယူအဆ ထိုခံယူချက်မျိုးသည် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တွင်ရှိသလို နောင်တက်လာမည့် တပ်မတော်ခေါင်းဆောင်များ ကာကွယ်ရေးဦးစီးချုပ်အသစ်များလက်ထက်တွင်လည်း ထိုစိတ်ဓာတ်မျိုးထိုခံယူချက်မျိုးရှိစေရန် စာနှင့်ပေနှင့် ထိုအယူအဆကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထည့်သွင်းရေးသာစေချင်ပါသည် ။ မည်သို့ ရေးသားစေချင်သနည်းဟူမူ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၇)တပ်မတော် ဆိုသောခေါင်းစဉ်အောင်တွင် ပုဒ်မ ၃၄၂ (ခ) အဖြစ် တပ်မတော်သည် သမ္မတ၏ခေါင်းဆောင်မှုအောက်တွင်ရှိသည် ဟူသောပြဌာန်းချက်ကိုလည်းကောင်း ၃၄၂ (ဂ)အဖြစ် တပ်မတော်သည် မြန်မာနိုင်ငံအစိုးရ၏ ဦးဆောင်မှုအောက်တွင် သာရှိသည် ဆိုခြင်းကိုလည်းကောင်း ၊ ပုဒ်မ ၂၀(ခ)ကို တပ်မတော်သည်တပ်ပိုင်းဆိုင်ရာ ကိစ္စအားလုံးကို နိုင်ငံတော်သမ္မတ၏လမ်းညွှန်ကြီးကြပ်မှုဖြင့် လွတ်လပ်စွာစီမံခန့်ခွဲ စီရင်ဆောင်ရွက်ပိုင်ခွင့်ရှိသည် ဟူသည့်ပြင်ဆင်ချက်ကိုလည်းကောင်းတရားဝင်ပြဌာန်းသင့်ပါသည် ။လက်တွေ့ တွင်လည်း တပ်မတော်ကသပ်သပ် နိုင်ငံတော်သမ္မတကသပ်သပ်စီဖြစ်နေသောအဖြစ်များကို ပြည်တွင်းပြည်ပမှ အမြင်ရှင်းစေရန် တပ်မတော်၏ boss မှာ သမ္မတသာဖြစ်ကြောင်း မြင်သာသောသက်သေပြသင့်ပါသည် ။ မည်သို့သက်သေပြသင့်သနည်းဟူမူ တပ်မတော်တွင်သမ္မတ၏အခန်းကဏ္ဍမှာ မရှိသလောက်ဖြစ်နေခြင်းကို ပြင်ဆင်ရပါမည် ။တပ်မတော်နေ့တွင်သမ္မတကိုတပ်မတော်ကြည်းရေလေတပ်ဖွဲ့များကချီတက် အလေးပြုရပါမည် ။ DSA စသောဗိုလ်လောင်းသင်တန်းဆင်းပွဲများတွင် နိုင်ငံတော်သမ္မတအားတပ်မတော်မှ လေးစားစွာဖိတ်ခေါ ပြီး မိန့်ခွန်းပြောခိုင်းရပါမည် ။ တပ်မတော်အတွင်းပြုလုပ်သော အစည်းအဝေး၊ နှီးနှောဖလှယ်ပွဲ ၊ သင်တန်းဆင်းပွဲ ၊ အားကစားပွဲ ၊ပြပွဲပြိုင်ပွဲ စသည့်အခမ်းအနားများတွင် နိုင်ငံတော်သမ္မတကိုတပ်တွင်းသို့ဖိတ်ခေါ်၍ အခမ်းအနားတက်ရောက်စေခြင်း၊စကားပြောစေခြင်း၊ လမ်းညွှန်ချက်ပေးခြင်းတို့ရှိရပါမည် ။ ထိုသို့ အသေးစားကိစ္စများတွင်ပင် နေရာမပေးပါပဲ တပ်မတ်ာသည် သမ္မတ၏ခေါင်းဆောင်မှုအောင်တွင်သာလုပ်ကိုင်ဆောင်ရွက်နေကြောင်းကို ပါးစပ်မှပြောရုံဖြင့် ပြည်တွင်းပြည်ပက ထိထိရောက်ရောက်ယုံကြည်ကြမည်မဟုတ်ပေ ။ Words are warning but action another ဟူသောစကားလို အပြောတခြားအလုပ်တခြားဟုသာထင်မြင်ကြပေလိမ့်မည် ။ တပ်မတော်၏အခမ်းအနားများတွင် သမ္မတကိုဖိတ်ခေါ်၍နေရာပေးခြင်းသည် မပြောပလောက်သေးသော ကနဦး ခြေလှမ်းလှမ်းရခြင်းဖြစ်ပြီး ၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တပ်ပိုင်းဆိုင်ရာ၌ သမ္မတ ကိုနေရာပေးသော အထက်ဖော်ပြပါပြဌာန်းချက်များထည့်သွင်းခြင်းကသာလျှင် တကယ်ခိုင်မာသော ကတိက၀တ်ဖြစ်ပေလိမ့်မည် ။ ထိုသို့မဟုတ်ပါက မိမိပြောသောစကားမှာ လေထဲသို့လွင့်ပျံသွားမည်ဖြစ်ပြီး အကြပ်အတည်းကြုံကာမှ တီထွင်ဖန်တီး၍ပြောသောစကားဖြစ်သွားပေမည် ။

တကယ်တော့နိုင်ငံတကာတွင်မဆိုထားနှင့် မြန်မာနိုင်ငံတွင်ပင်လျှင် ဗိုလ်ချုပ်အောင်ဆန်းတို့အဖွဲ့ရေးဆွဲခဲ့သော ၁၉၄၇ အခြေခံဥပဒေတွင် နိုင်ငံ့ခေါင်းဆောင် ၀န်ကြီးချုပ်သည် ကာကွယ်ရေးဝန်ကြီးဖြစ်ပါသည် ။ ထို့အတွက်ကြောင့် ဦးနုသည် ကာကွယ်ရေးဝန်ကြီးတာဝန်ကိုယူခဲ့ဖူးပါသည် (၀န်ကြီးချုပ်ကိုယ်တိုင်ကာကွယ်ရေးဝန်ကြီးမလုပ်ချင်ပဲ အခြားလူအား ထိုရာထူးကိုခန့်အပ်ပေးလို့လဲရပါသည် ) ကာကွယ်ရေးဝန်ကြီးလက်အောက်တွင် ကာကွယ်ရေးဦးစီးချုပ် (ဗိုလ်ချုပ်စမစ်ဒွန်း၊ ဗိုလ်ချုပ်နေ၀င်း ၊ ) စသူတို့ကဆောင်ရွက်ခဲ့ပါသည် ။ ဆိုလိုသည်မှာ နိုင်ငံရေးရာထူးများဖြစ်သော သမ္မတ ၊၀န်ကြီးချုပ် ၊ကာကွယ်ရေးဝန်ကြီး စသူတို့၏အောက်တွင်မှ ကာကွယ်ရေးဦးစီးချုပ်ရာထူးထားကာ နိုင်ငံကိုအုပ်ချုပ်ခဲ့ကြခြင်းဖြစ်သည် ။ ထိုသို့လုပ်မှသာ တပ်မတော်သည် အစိုးရ၏ ဦးဆောင်မှုအောင်တွင်သာရှိသည်ဟုပြောခြင်းမှာပို၍မှန်ကန်ပေလိမ့်မည် ။တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကာကွယ်ရေးဝန်ကြီးထက်ပို၍ အာဏာရှိနေခြင်း ၊သမ္မတသည်တပ်ပိုင်ဆိုင်ရာကိစ္စများတွင်ဝင်ရောက် စီမံခန့်ခွဲစီရင်ဆောင်ရွက်ခွင့် မရှိခြင်းတို့သည် အစိုးရနှင့်တပ်မတော်သပ်သပ်စီလိုဖြစ်နေစေပါသည် ။ထိုအချက်ကို ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ရာတွင် တပ်ဖက်မှဂရုစိုက်ပြင်ဆင်သင့်ပါသည် ။ ဒါမှလည်းဗိုလ်ချုပ်မှူးကြီးမင်အောင်လှိုင် ကုလသမဂ္ဂလုံခြုံရေးကောင်စီဝင်များကိုပြောသောစကား ဖြစ်သည့် တပ်မတော်အနေဖြင့် သမ္မတ၏ခေါင်းဆောင်မှုအောင်တွင်သာ လုပ်ကိုင်ဆောင်ရွက်ခြင်းဆိုသောစကားမှာ ပိုမိုခိုင်မာမှန်ကန်လာနိုင်မည်ဖြစ်သည် ။

မည်သည့်နိုင်ငံဖြစ်ဖြစ် နိုင်ငံတော်ကာကွယ်ရေးအတွက် တပ်မတော်လိုအပ်သည်ဆိုခြင်းမှာ မှန်ကန်ပါသည် ။နိုင်ငံတနိုင်ငံတွင်တပ်မတော်တစ်ခုပဲရှိရမည်ဆိုခြင်းမှာလည်း လက်ခံနိုင်ပါသည် ။ ထို့အတူ နိုင်ငံတနိုင်ငံတွင်ရှိထားပြီးဖြစ်သော တပ်မတော်သည် ထိုနိုင်ငံ၏ အုပ်ချုပ်ရေးအကြီးအကဲဖြစ်သော သမ္မတ (သို့မဟုတ်) ၀န်ကြီးချုပ်၏ ထိမ်းချုပ်မှုအောက်တွင်သာရှိရမည်ဆိုခြင်းမှာလည်းအမှန်တရားတခုပင်ဖြစ်သည် ။ တပ်မတော်တခု၏အကြီးဆုံးပုဂ္ဂိုလ် (စစ်သေနာပတိချုပ်) မှာ ထိုနိုင်ငံ၏ ပြည်သူလူထုမဲဆန္ဒဖြင့်တက်လာသော သမ္မတ (သို့မဟုတ်)၀န်ကြီးချုပ်ဖြစ်ရပါမည် ။ ထိုပုဂ္ဂိုလ်သည် အရပ်သားလည်းဖြစ်နိုင်ပါသည် ၊ အမျိုးသမီးလည်းဖြစ်ကောင်းဖြစ်နိုင်ပါသည် ။ တပ်မတော်အရာရှိဟောင်းလည်းဖြစ်နိုင်ပါသည် ။ သေနတ်မကိုင်ဖူးသော အရပ်သားစစ်စစ်လည်းဖြစ်နိုင်ပါသည် ။ သို့သော် နိုင်ငံတနိုင်ငံ၏ အထွဋ်အထိပ်ပုဂ္ဂိုလ်ဖြစ်သည့် သမ္မတ(သို့မဟုတ်)၀န်ကြီးချုပ်သည်သာလျှင် သက်ဆိုင်ရာနိုင်ငံ၏ တပ်မတော်အကြီးအကဲဖြစ်ရရိုးထုံးစံသည် ဒီမိုကရေစီနိုင်ငံတိုင်း၏ထုံးစံဖြစ်ပါသည် ။ ပဒေသရာဇ်ခေတ်မှာပင် စစ်သူကြီးဟူသည် ဘုရင်နှင့်အိမ်ရှေ့မင်းသား၏ကွပ်ကဲမှုအောက်တွင် ရှိရစမြဲဖြစ်သည် ။ စစ်ကြေညာခြင်း၊ စစ်ရပ်စဲခြင်းတို့ကို ပဒေသရစ်ခေတ်က ဘုရင်နှင့်အိမ်ရှေ့မင်းကသာ ဆုံးဖြတ်ခွင့်ရှိပြီး စစ်သူကြီးသည် အမိန့်အရ သွားရောက်တိုက်ခိုက်ခြင်းကိုသာဆောင်ရွက်ကြရစမြဲဖြစ်ပါသည် ။

၂၁ ရာစုခေတ်တွင်တော့ သမ္မတ ၊၀န်ကြီးချုပ်စသော နိုင်ငံ့အကြီးအကဲများက လွှတ်တော်၏သဘောတူညီချက်ဖြင့် စစ်တိုက်ခြင်း ၊ စစ်တပ်ကိုရုပ်သိမ်းခြင်း ၊ စစ်ပြေငြိမ်းခြင်းတို့ကိုဆုံးဖြတ်အမိန့်ပေးပါသည် ။ တပ်မတော်ခေါင်းဆောင်၏တာဝန်မှာ ထိုအမိန့်ကိုနာခံကာ စစ်တိုက်ခြင်း၊ စစ်ရပ်စဲခြင်း ၊ တပ်ဆုတ်ခြင်းတို့ကိုပြုလုပ်ရမြဲဖြစ်ပါသည် ။ အမေရိကန်ပြည်ထောင်စုတွင် စစ်ဆင်ရေးတခုမစတင်မီ တပ်မတော်အရာ၇ှိဗိုလ်ချုပ်ကြီးများကလွှတ်တော်တွင်လာရောက်ကာ စစ်ပွဲ အခြေအနေနှင့်တပ်၏အခြေအနေကို လာရောက်ရှင်းပြရပါသည် ။တိုက်မည်မတိုက်မည်ကိုတော့ လွှတ်တော်နှင့်သမ္မတကဆုံးဖြတ်ပါသည် ။ထိုဆုံးဖြတ်ချက်ကို တပ်မတော်ခေါင်းဆောင်စစ်ဗိုလ်ချုပ်များကလေးစားလိုက်နာရပါသည် ။သမ္မတကတိုက်တော့ဆိုလျှင်တိုက်ပါသည် ၊ ဆုတ်တော့ဆိုလျှင်ချက်ခြင်းဆုတ်ခွာပါသည် ။ ဤသည်မှာ ကောင်းမွန်လှသော ကမ္ဘာ့ အစဉ်အလာဖြစ်ပါသည် ။ ထိုအစဉ်အလာကောင်းကိုလိုက်တော့မည်ဟု အဓိပါယ်ရသော ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ပြောစကားကို တကမ္ဘာလုံးကကြားခဲ့ရပြီုးဖြစ်သည် ။ ဆက်လက်၍အကောင်အထည်ဖော်ဖို့သာလိုပါတော့သည် ။ အကောင်အထည်ဖော်ခြင်း မဖော်ခြင်းဆိုသည်ကတော့ တပ်မတော်၏သမိုင်းကြောင်းနှင့် ကျွန်တော်တို့နိုင်ငံ၏ ကံကြမ္မာသာဖြစ်ပါကြောင်း။

သရ၀ဏ်(ပြည်)

News Watch ဂျာနယ်
၁၁.၅.၂၀၁၈

COMMENTS

Name

art,1,article,1334,cartoon variety,22,crime,68,culture,1,documentary,8,Entertainment,9,health,35,history,2,international,8087,interview,222,knowledge,9,Live,8,LocalNews,16827,news,2842,opinion,772,photos,203,poem,117,satires,39,song,12,speech,12,sports,183,statement,59,technic,58,translate,34,video,1070,voice,76,
ltr
item
dawnmanhon: သမ္မတနှင့်တပ်မတော်
သမ္မတနှင့်တပ်မတော်
https://3.bp.blogspot.com/-97uVUXZnWrY/WvXERbAJDII/AAAAAAAAe14/Xj9v9A7fjoY1hV6M59Z-EU_VoxSYZiv3ACLcBGAs/s640/q1.jpg
https://3.bp.blogspot.com/-97uVUXZnWrY/WvXERbAJDII/AAAAAAAAe14/Xj9v9A7fjoY1hV6M59Z-EU_VoxSYZiv3ACLcBGAs/s72-c/q1.jpg
dawnmanhon
http://www.dawnmanhon.com/2018/05/blog-post_138.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2018/05/blog-post_138.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy