နမ္မတူ တိုက်ပွဲမရပ်ပါက စစ်ရှောင်များ ရိက္ခာ ခက်ခဲလာမည်ကိုစိုးရိမ်

မိုင်းယင်ဘုန်းကြီးကျောင်းရောက် စစ်ဘေးရှောင်တချို့အားတွေ့ရစဉ်
သျှမ်းပြည်နယ် မြောက်ပိုင်း နမ္မတူမြို့နယ် တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပါက မိုင်းယင် ကျေးရွာ ရှိ စစ်ရှောင် ဒုက္ခသည်များ အတွက် စားနိပ်ရိက္ခာ အခက်အခဲ ကြုံလာမည်ကို စစ်ဘေးရှောင်များအားကူညီမှုပေးနေသည့် ဒေသခံများက စိုးရိမ်နေကြပါသည်။

“ လက်ရှိ ကျနော်တို့မိုင်းယင် ကျေးရွာထဲမှာ စစ်ရှောင် ရ၀၀ ကျော်ရှိတယ်။ ဒီနေ့ ဟိုနား၊ နားလင်း၊ မန်အိုင် နဲ့ ကုန်းမုန် ကျေးရွာ က စစ်ရှောင် ၄၀၀ လောက် မိုင်းယင်ကိုထပ်ရောက်လာ တယ်။ အားလုံးစုစုပေါင်း ၁၀၀၀ ကျော်ရှိပြီ။ တိုက်ပွဲ ဆက်ဖြစ်ရင်တော့ စစ်ရှောင်တွေ အတွက် အခက်ကြုံလာနိုင်တယ်” ဟု မိုင်းယင်ကျေးရွာ မှ စိုင်းအောင်ကျော်ဇော် က သျှမ်းသံတော်ဆင့် သို့ပြောသည်။

မတ် လဆန်းပိုင်းကတည်းကစပြီးလက်ရှိ အချိန်အထိ သျှမ်းပြည် တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တို့အကြား၊ မြန်မာ့ တပ်မတော် နှင့် တအာင်း TNLA တို့ကြား တိုက်ပွဲများကြောင့် ရွာသားများ မိုင်းယင်သို့ ထွက်ပြေးတိမ်းရှောင်လာ ကြခြင်းဖြစ်သည်။

“ အခု လက်ရှိ ၃ ဖက်စလုံးက စစ်ရေးတင်းမာမှုတွေ ဆက်ရှိနေသေးတယ်။ ဒီမနက်တောင် TNLA နဲ့ မြန်မာ အစိုးရ တပ်တိုက်ပွဲဖြစ်လို့ စစ်ရှောင် ၄၀၀ လောက်ထပ်ရောက်လာတယ်။ ရက်တွေ ဆက်ကြာရင်တော့ အစားအသောက် မဖူလုံတော့ဘူး။ ဒေသခံတွေရဲ့ လယ်ယာလုပ်ငန်းတွေလည်း အခက်ကြုံ မယ်” ဟု စိုင်းအောင်ကျော်ဇော် ကဆို သည်။
စစ်ဘေးရှောင်တချို့
SSPP/SSA နှင့် TNLA တို့၏ တိုက်ပွဲ ကြောင့် မိုင်းယင်အုပ်စု ဇေယျသုခဘုန်းကြီးကျောင်းသို့ စစ်ရှောင်ခိုလှုံနေ သည့် မန်ဆာလုံ ကျေးရွာ မှ နန်းမြင့်ထွေး က- “ ကျမတို့ ရွာထဲကို ကျည်ကြီးကျကွဲတယ်။ ကျမတို့ ရွာက အမျိုးသမီး တယောက် ကျည်စထိတယ်။ မန်ဆာအွန်က အမျိုးသား တယောက်လည်း ကျည်စထိတယ်။ ကျမတို့ ထွက်ပြေးလာတဲ့အချိန်မှာ ဘာပစ္စည်းမှ မရလိုက်ဘူး။ ကိုယ်လွှတ်ထွက်ပြေးလာတာ” ဟု ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်ကို ပြန်လည် ပြောပြသည်။

လက်ရှိတွင် တိုက်ပွဲများကြိုကြားဖြစ်ပွါးနေသည့်အပြင် စစ်အင်အားများဖြည့်တင်းကာ တင်းမာနေကြသည့်အနေအထားကြောင့် စစ်ရှောင်များမှာ မိမိနေရပ်သို့ မပြန်ရဲကြသေးကြောင်း၊ တောင်ယာ လုပ်ငန်းများ မပြီးပြတ်သေးသည့်အပြင် ၊ ကျောင်းနေအရွယ်ကလေးများ ကျောင်းအပ်ချိန်နီးပြီဖြစ်ကြောင်း ထို့အတွက် နေရပ်ရင်းသို့ ပြန်လိုကြောင်း၊ တိုက်ပွဲများရပ်တန့်ပေးစေလိုကြောင်း နန်းမြင့်ထွေး က ပြောသည်။

“ စစ်ဘေးရှောင်တွေမှာ သက်ကြီးရွယ်အိုတွေ အမျိုးသမီးတွေ ကလေးတွေများတယ်။ အသက်ကြီးလို့ စစ်မရှောင်နိုင်တဲ့ သူတချို့ ရွာမှာ ကျန်နေသေးတယ်။ ကျမတို့ တွေ ပြန်သွားကြည့်ဖို့လုပ်နေတာ။ ဒီနေ့ တိုက်ပွဲ ပြန်ဖြစ်တော့ မပြန်ရဲသေးဘူး” ဟု နန်းမြင့်ထွေး ကဆိုသည်။

မိုင်းယင် ကျေးရွာသို့ ရောက်ရှိခိုလှုံနေသည့် စစ်ရှောင် များအတွက် မိုင်းယင် ဒေသခံများက နေ့စဉ် အစားအသောက်များ စီမံနေရကြောင်း၊ လားရှိုးမှ လူမှုကူညီရေး အသင်းတချို့ ရောက်ရှိလာပြီး ကူညီထောက်ပံ့မှုများပေးနေကြောင်း မိုင်းယင် ကျေးရွာမှ ဒေသခံ နန်းသီသီဝင်း က ပြောပြသည်။

“ အမျိုးသမီးတွေအတွက် ကတော့ အခက်အခဲ ပိုများမယ်။ အမျိုးသမီး လစဉ် သုံးတွေ အမျိုးသမီးတွေ လိုအပ်တဲ့ပစ္စည်းတွေ တော့လာပေးတာတော့ရှိပါတယ်။ ဒါပေမယ့် ဘုန်းကြီးကျောင်းမှာ ရက်ရှည်နေရမယ်ဆိုရင်တော့ အခက်အခဲဖြစ်လာနိုင်တယ်။ တိုက်ပွဲတွေလည်း အမြန်ငြိမ်းစေချင်တယ်” ဟု နန်းသီသီဝင်း ကဆိုသည်။

လက်ရှိ သျှမ်းပြည်နယ် မြောက်ပိုင်း နမ္မတူ နယ်မြေ အတွင်း မြန်မာတပ်မတော် ၊ သျှမ်းပြည် တိုးတက်ရေး ပါတီ သျှမ်းပြည်တပ်မတော်( SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တို့ လှုပ်ရှားသွားလာ စစ်ရေးတင်းမာနေဆဲဖြစ်ကြောင်း သိရသည်။

သျှမ်းသံတော်ဆင့် /နန်းဆိုင်နွမ်
http://burmese.shannews.org

COMMENTS

Name

art,1,article,1316,cartoon variety,22,crime,68,culture,1,documentary,8,Entertainment,8,health,33,history,2,international,7537,interview,221,knowledge,8,Live,8,LocalNews,16049,news,2842,opinion,766,photos,203,poem,116,satires,39,song,12,speech,12,sports,146,statement,59,technic,57,translate,34,video,1068,voice,76,
ltr
item
dawnmanhon: နမ္မတူ တိုက်ပွဲမရပ်ပါက စစ်ရှောင်များ ရိက္ခာ ခက်ခဲလာမည်ကိုစိုးရိမ်
နမ္မတူ တိုက်ပွဲမရပ်ပါက စစ်ရှောင်များ ရိက္ခာ ခက်ခဲလာမည်ကိုစိုးရိမ်
https://4.bp.blogspot.com/-N4WZT6TQGfg/WvTl7ASJLpI/AAAAAAABw-U/Z4MoLixTn10bikRTajey3iJGGeoF_d17ACLcBGAs/s400/2.jpg
https://4.bp.blogspot.com/-N4WZT6TQGfg/WvTl7ASJLpI/AAAAAAABw-U/Z4MoLixTn10bikRTajey3iJGGeoF_d17ACLcBGAs/s72-c/2.jpg
dawnmanhon
http://www.dawnmanhon.com/2018/05/blog-post_197.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2018/05/blog-post_197.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy