ဖါးကန့် ကျောက်စိမ်းကုမ္ပဏီမှာ လုပ်ခလစာ အငြင်းပွားမှုဖြစ်

ရတနာအဓိပတိ ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီဝင်းအတွင်းမှာ ၂၀၁၈ ခုနှစ် မေ ၈ ရက်က ကုမ္ပဏီတာဝန်ရှိသူတွေနဲ့ ဝန်ထမ်းအလုပ်သမားတွေ အခြေခံလုပ်ခလစာနဲ့ အချိန်ပိုကြေးကိစ္စ ညှိနှိုင်းနေစဉ်/ ဓါတ်ပုံ - ကုမ္ပဏီဝန်ထမ်းတဦး
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းအုပ်စု ဝါကျဲလုပ်ကွက် ၇ က ရတနာအဓိပတိ ကုမ္ပဏီတာဝန်ရှိသူတွေနဲ့ ဝန်ထမ်းတွေအကြား အချိန်ပိုကြေးနဲ့ လုပ်ခလစာကိစ္စ အငြင်းပွားနေမှု အဆင်မပြေသေးတဲ့အတွက် အဲဒီက ဝန်ထမ်းတွေက ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီး ၂ ယောက်ကို ဒီကနေ့တိုင်ကြားထားပါတယ်။

မြေစာသယ်ယာဉ်မောင်းတွေက ၁ လ လုပ်ခလစာ နဲ့ အချိန်ပိုကြေး စုစုပေါင်း ၆ သိန်း ၈ သောင်းပေးဖို့ တောင်းဆို တာမှာ ကုမ္ပဏီတာဝန်ရှိသူတွေက က ၅ သိန်း ၈ သောင်းအထိသာပေးမယ်လို့ ပြောတာကြောင့် ညှိနှိုင်းလို့ အဆင်မပြေဖြစ်နေကြောင်း ဝန်ထမ်းခေါင်းဆောင် ကိုနိုင်ဝင်းဇော်က ပြောပါတယ်။

"ကျနော်တို့က တိုင်တာတောတာတွေ မလုပ်ချင်ဘူး။ ဒီကုမ္ပဏီဝင်းထဲမှာပဲ အေးအေးဆေးဆေးပြီး သွားချင်တယ်ဆိုပြီး ကုမ္ပဏီကိုသွားညှိတဲ့အခါမှာ ကျနော်တို့ဘက်က ၆ သိန်းနဲ့ ၈ သောင်းရရင် ကျေနပ် ပါမယ်လို့ပြောတာ။ ကုမ္ပဏီက ၅ သိန်း နဲ့ ၈ သောင်းပဲ ပေးပါတယ်ခင်ဗျ။ အဲတာနဲ့ပဲ ကျနော်တို့က ဝန်ကြီးနဲ့ တွေ့ပြီးတော့ တိုင်စာတင်ခဲ့ပါတယ်ခင်ဗျ။ ကျနော်တို့ရဲ့ အလုပ်သမားအခွင့်အရေးနဲ့ ကျနော်တို့ရဲ့ လုပ်အားခကိုပဲ တောင်းဆိုတာပါခင်ဗျ။ ဘယ်သူကမှ တဦးတယောက်ကမှ သွေးထိုး လှုံ့ဆော်တာ မရှိပါဘူးခင်ဗျ။"

စာချုပ်ချုပ်ဆိုချိန်က မြေသယ်ယာဉ်ကြီးကားသမားတွေကို ၁ လ လုပ်အားခ ၅ သိန်းနဲ့ အချိန်ပိုကြေးတွေပေးမယ်လို့ သဘောတူခဲ့ကြပေမဲ့ အခုအခါမှာ ကုမ္ပဏီ ဘက်က အခြေခံလစာ ၅ သိန်းမပေးနိုင်ဘဲ၊  လစာ ၂၅၀၀၀၀ နဲ့ အချိန်ပိုကြေးပေးမယ်လို့ ဆိုလာတဲ့အတွက် အခုလိုအငြင်းပွာနေကြတာလို့ ဆိုပါတယ်။

အခုတောင်းဆိုနေတဲ့လစာနဲ့ အချိန်ပိုကြေးတွေဟာ မြေစာသယ်ယာဉ်မောင်းတွေရဲ့ ခံစားခွင့်ဖြစ်ပြီး အခြားစက်မောင်းသမား၊ ကျောက်ရှာသူ အပါအဝင် အထွေထွေဝန်ထမ်းတွေအားလုံးရဲ့ လစာနဲ့ အချိန်ပိုကြေးတွေကိုလည်း ရသင့်ရထိုက်တဲ့အတိုင်း တွက်ချက်ပေးဖို့ တောင်းဆိုနေတာဖြစ်ပါတယ်။

ယာဉ်ယန္တရားတွေမောင်းနေရင်းနဲ့ မတော်တဆဖြစ်တာ၊ ကျန်းမာရေးမကောင်းချိန်မှာ အလုပ်ဆင်းခိုင်းလို့ ယာဉ်မတော်တဆထိခိုက်မှုတွေဖြစ်ခဲ့ရင်လည်း ဝန်ထမ်းအလုပ်သမားတွေဘက်က ကုမ္ပဏီကို လျော်ကြေးပေးရတာတွေရှိတယ်လို့ သိရပါတယ်။

လစာကိစ္စအငြင်းပွာတာနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ မေ ၉ နဲ့ ၁၀ ရက်တွေမှာ ဖားကန့် မြို့နယ်အုပ်ချုပ်ရေးရုံးမှာ ကုမ္ပဏီဘက်ကတာဝန်ရှိသူတွေ၊ အလုပ်သမားတွေ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နဲ့ အုပ်ချုပ်ရေးပိုင်းက ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပေမဲ့လည်း ညှိနှိုင်းလို့မရတဲ့ အခြေအနေဖြစ်နေတာပါ။

ဒါကြောင့် ဒီကနေ့မှာ ဖားကန့်ဒေသကိုရောက်နေတဲ့ ပြည်နယ်ဗမာတိုင်းရင်းသားရေးရာဝန်ကြီးနဲ့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးတို့ကို အလုပ်သမားကိုယ်စားလှယ်တွေက လုံးခင်းကျောက်စိမ်းရုံး မှာတွေ့ဆုံပြီး အခြေအနေတွေကို တင်ပြခဲ့ပါတယ်။

အဲဒီကုမ္ပဏီမှာ မြေသယ်ယာဉ်မောင်းတွေအပါအဝင် ဘက်ဟိုးမောင်း၊ ကျောက်ရှာနဲ့ ထမင်းချက် စတဲ့ အထွေထွေဝန်ထမ်း ခန့်မှန်း စုစုပေါင်း အယောက် ၁ ထောင်ကျော် လုပ်ကိုင်နေတယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ကုမ္ပဏီတာဝန်ရှိသူတွေဘက်ကိုတော့ RFA က ဆက်သွယ်မေးမြန်းလို့မရနိုင်ပါဘူး။

RFA Burmese
https://www.rfa.org/burmese

COMMENTS

Name

art,1,article,1328,cartoon variety,22,crime,68,culture,1,documentary,8,Entertainment,9,health,34,history,2,international,7923,interview,221,knowledge,9,Live,8,LocalNews,16591,news,2842,opinion,770,photos,203,poem,117,satires,39,song,12,speech,12,sports,179,statement,59,technic,58,translate,34,video,1070,voice,76,
ltr
item
dawnmanhon: ဖါးကန့် ကျောက်စိမ်းကုမ္ပဏီမှာ လုပ်ခလစာ အငြင်းပွားမှုဖြစ်
ဖါးကန့် ကျောက်စိမ်းကုမ္ပဏီမှာ လုပ်ခလစာ အငြင်းပွားမှုဖြစ်
https://1.bp.blogspot.com/-v6hNmkdJJuw/WvW3T-90zUI/AAAAAAABxGs/24zGLqImQD4Zk5Ehr9rrEXiU0qnRZhj0ACLcBGAs/s400/12.jpg
https://1.bp.blogspot.com/-v6hNmkdJJuw/WvW3T-90zUI/AAAAAAABxGs/24zGLqImQD4Zk5Ehr9rrEXiU0qnRZhj0ACLcBGAs/s72-c/12.jpg
dawnmanhon
http://www.dawnmanhon.com/2018/05/blog-post_200.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2018/05/blog-post_200.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy