တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေသူ ၄ ထောင်ကျော်ရှိ

အင်ဂျန်းယန်မြို့နယ်မှာ ၂၀၁၈ ခုနှစ်၊ မေလ ၈ ရက်နေ့က စစ်ဘေးရှောင်ရွာသားတွေကို ဋ္ဌာနဆိုင်ရာတွေနဲ့ ကချင်ပြည်နယ် ကြက်ခြေနီအသင်းက ကူညီထောက်ပံ့နေမှုကို တွေ့ရစဉ်
အင်ဂျန်းယန်မြို့နယ်မှာ ၂၀၁၈ ခုနှစ်၊ မေလ ၈ ရက်နေ့က စစ်ဘေးရှောင်ရွာသားတွေကို ဋ္ဌာနဆိုင်ရာတွေနဲ့ ကချင်ပြည်နယ် ကြက်ခြေနီအသင်းက ကူညီထောက်ပံ့နေမှုကို တွေ့ရစဉ်
Photo: Photo: Mrcs Krc - facebook
ကချင်ပြည်နယ် မြို့နယ် တချို့မှာ ပြီးခဲ့တဲ့ ဧပြီလအတွင်း ဖြစ်ပွားခဲ့တဲ့ တပ်မတော်နဲ့ ကေအိုင်အိုတို့ တိုက်ပွဲတွေ ကြောင့် နီးစပ်ရာ ယာယီကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေတဲ့ လူဦးရေ ၄ ထောင်ကျော်ရှိတယ်လို့ ပြည်နယ်အစိုးရ အဖွဲ့က ထုတ်ပြန်ထားပါတယ်။

မနေ့ကအထိ ထပ်မံရောက်ရှိလာတဲ့ စစ်ဘေးဒုက္ခသည် ၄၀၀ ကျော်ကို ဆက်လက်ထောက်ပံ့သွားမှာဖြစ်တယ်လို့ ပြည်နယ်ကြက်ခြေနီ အဖွဲ့ခေါင်းဆောင် ဦးဂဲနက်စ် က ပြောပါတယ်။

"၈ရက် ၅ လ ၂၀၁၈ ထပ်တိုးပြောင်းရွှေ့လာတဲ့ စာရင်းက ၄၂၃ ဦးဆိုပြီးမှ ကျနော်တို့ စာရင်းရထားပါတယ်။ လိုအပ်ချက်အပေါ်မှာ မူတည်ပြီး ကျနော်တို့က ထောက်ပံ့ကူညီသွားမှာဖြစ်ပါတယ်။ အခု အားလုံးဆိုရင်တော့ ၄ ထောင်ကျော်ဖြစ်ပါမယ်"

ထပ်တိုးရောက်လာသူ ၄၀၀ ကျော်ဟာ ဖားကန့်မြို့နယ် ဒွန်ဘမ် နဲ့ လဝါးရွာ၊ မြစ်ကြီးနားမြို့နယ် နောင်နန်း - ၁၀ မိုင်ရွာတွေက ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွေမှာ ခိုလှုံနေကြတာဖြစ်ပါတယ်။

ဖားကန့်မြို့နယ် မန်ဝယ် (လိုင်နောင်ခူး) ရွာဘက်က ရွာသားအယောက် ၁၀၀ ကျော်ကိုလည်း အစိုးရ နဲ့ တပ်မတော် ပူးပေါင်းပြီး ဘေးကင်းရာကို ခေါ်ဆောင်လာကာ လက်ရှိမှာ ကူညီကယ်ဆယ်ရေးတွေကို ဆက်လက်ဆောင်ရွက်နေ တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြည်နယ်အစိုးရရဲ့ ကြီးကြပ်မှု နဲ့ တနိုင်း-အောင်လွတ်ဒ်၊ ချောင်းဝ-မန်ဝယ်၊ အင်ဂျန်းယန် - တီယံဇွပ်၊ ရှန်ငေါ်- ချီဖွေ စတဲ့ လမ်းကြောင်း ၄ ခု ကနေ စစ်ဘေးတိမ်းရှောင်လာတဲ့ ရွာသားတွေကို ကူညီကယ်ထုတ်နေ ပါတယ်။

တိုက်ပွဲတွေကြောင့် ပိတ်မိနေသူတွေ လွတ်မြောက်ရေးအတွက် ကချင်အရပ်ဖက်အဖွဲ့တွေနဲ့ လူငယ်အဖွဲ့တွေ စုပေါင်းပြီး မေလ ၇ ရက်နေ့က ဆန္ဒပြတောင်းဆိုခဲ့သလို မနောကွင်းမှာ စုဝေးတောင်းဆိုမှုတွေလည်း ရှိခဲ့ပါတယ်။
RFA

COMMENTS

Name

art,1,article,1328,cartoon variety,22,crime,68,culture,1,documentary,8,Entertainment,9,health,34,history,2,international,7923,interview,221,knowledge,9,Live,8,LocalNews,16591,news,2842,opinion,770,photos,203,poem,117,satires,39,song,12,speech,12,sports,179,statement,59,technic,58,translate,34,video,1070,voice,76,
ltr
item
dawnmanhon: တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေသူ ၄ ထောင်ကျော်ရှိ
တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေသူ ၄ ထောင်ကျော်ရှိ
https://www.rfa.org/burmese/news/kachin-flee-05092018082541.html/kachin-redcross-help-622.jpg/image
dawnmanhon
http://www.dawnmanhon.com/2018/05/blog-post_344.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2018/05/blog-post_344.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy