အပစ်ရပ်နဲ့တပ်မတော်ကြားအသေးအဖွဲက စစ်ဘက်တွန်းပို့နိုင်

JMC-U ရဲ့ ၁၆ကြိမ်မြောက်အစည်းအဝေးမှာ လက်ရှိဖြစ်စဉ်တွေအပေါ် ပြန်လည်ဆန်းစစ်
မြန်မာအစိုးရတပ်နဲ့ အပစ်ရပ်တိုင်းရင်းသားအဖွဲ့တွေအကြား အသေးအဖွဲပြဿနာဟာ လက်နက်ကိုင် ပဋ္ဋိပက္ခအခြေအနေကို တွန်းပို့စေနိုင်တယ်လို့ ကရင်အမျိုးသား အစည်းအရုံးရဲ့ စစ်ဘက် အရာရှိတဦးဖြစ်တဲ့ ဗိုလ်ချုပ် စောအိုင်းဇက်ဖိုးက သတိပေး ပြောဆိုလိုက်ပါတယ်။

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီရဲ့ ၁၆ ကြိမ်မြောက် အစည်းအဝေးမှာ ဗိုလ်ချုပ် စောအိုင်းဇက်ဖိုး က ပြောဆိုလိုက်တာပါ။

ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူ တပ်မဟာ ၅ နယ်မြေမှာ တပ်မတော်က ကားလမ်းဖောက်လုပ်ဖို့ တပ်အင်အားတိုးချဲ့လာတဲ့အတွက် လောလောဆယ်မှာ တပ်မတော်နဲ့ ကေအန်ယူ တပ်ဖွဲ့တွေအကြား တင်းမာမှုတွေ ရှိနေပြီး တိုက်ပွဲတွေလည်းကြိုးကြားကြိုးကြား ဖြစ်နေပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့ပတ်သက်ပြီး ကေအန်ယူရဲ့ စစ်ဘက် အရာရှိတဦးဖြစ်တဲ့ ဗိုလ်ချုပ် စောအိုင်းဇက်ဖိုးက '' အခြေအနေအမျိုးမျိုးကြား ယုံကြည်မှု နိမ့်ကျနေသေးတဲ့ ဒေသမှာ ဘာပဲလုပ်လုပ် အထူး သတိပြုရမှာ ဖြစ်ပါတယ်။ ကြိုတင် ညှိနှိုင်းမှုများကို အချိန်ယူပြုလုပ်ဖို့ လိုအပ်ပါတယ်။ ဘာမဟုတ်တဲ့ အသေးအဖွဲ အပြုအမူများ သည်ပင်လျှင် ရှိပြီးသား ယုံကြည်မှုကို ပျက်ပြားစေနိုင်ပြီး လက်နက်ကိုင်ပဋိပက္ခ အခြေအနေ ကို ပြန်လည်တွန်းပို့နိုင်ပါတယ်။ ဒါကလည်း အခုလက်ရှိဖြစ်ပွားနေတဲ့ ဖြစ်စဉ်တွေကို အခြေခံ ပြောကြားခြင်းဖြစ်ပါတယ်'' လို့ ပြောပါတယ်။ စောအိုင်းဇက်ဖိုးဟာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ပူးတွဲ စောင့်ကြည့်ရေးကော်မတီရဲ့ ဒုဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။
 ကေအန်ယူ ဗိုလ်ချုပ် စောအိုင်းဇက်ဖိုးနဲ့ တပ်မတော် အရာရှိ
အခုလိုအပစ်ရပ်အဖွဲ့နဲ့ တပ်မတော်အကြား တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ) လမ်းကြောင်းအတိုင်း အကောင်အထည်ဖော်ရာမှာ ပြဿနာတွေ ရှိနေတဲ့အပေါ် ပြန်လည် ဆန်းစစ်ဖို့ ကိုလည်း မေလ ၁ဝ ရက် မှာ ပြုလုပ်တဲ့ အစည်းအဝေးမှာဆွေးနွေးခဲ့ကြပါတယ်။

တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) ဥက္ကဋ္ဌ ဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ကတော့ '' လက်ရှိမှာလည်း JMC လက်မှတ်ထိုး ထားတဲ့ အဖွဲ့အစည်းတွေ ကြားမှာလည်း ပဋိပက္ခ ဖြစ်စဉ် လေးတွေ အနည်းငယ်ရှိနေတာ တွေ့ရတယ်။ ဒါတွေကလည်း ကြီးမားတဲ့ ဖြစ်စဉ်မဟုတ်ပါဘူး။ အဲဒီလို ဖြစ်ပွားရတဲ့ အခြေခံအကြောင်းအရင်းတွေကို ပြန်ပြီးတော့ ဆန်းစစ် ကြည့်တဲ့အခါမှာ ကော်မတီဝင် အချင်းချင်း ကြားမှာ တွေ့ဆုံညှိနှိုင်း အဖြေရှာမှုတွေ နည်းနည်းမှားယွင်းနေတာတွေ့ရတယ်။ တချို့ကိစ္စတွေမှာ အရင်တုန်းက ဖြစ်ခဲ့တယ်။ အခုဒါများ ထပ်ဖြစ်နိုင်မလားဆိုပြီး နောက်ကြောင်းပြန် ပြီးတော့မှ စိုးရိမ်ပူပန်မှု တွေရှိနေတာတွေ့ရတယ်'' လို့ လက်ရှိ အခြေအနေပေါ် သုံးသပ်ပြောဆိုခဲ့ပါတယ်။

JMC-U ၁၆ ကြိမ်မြောက် အစည်းအဝေးကို မေ လ ၁ဝ ရက်နဲ့ ၁၁ ရက် ၂ရက်ကြာ ကျင်းပသွားမှာ ဖြစ်ပြီး ဒီအစည်းအဝေးမှာ (၁၅) ကြိမ်မြောက်နှင့် (၁၆) ကြိမ်မြောက် ကြားကာလအတွင်း ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ အကောင်အထည် ဖော်နေတဲ့ အခြေအနေတွေနဲ့ JMC ဆိုင်ရာ အထွေထွေ ကိစ္စရပ်တွေ ကိုလည်း ဆွေးနွေးသွားကြဖို့ရှိတယ်လို့သိရပါတယ်။

BBC Burmese
http://www.bbc.com/burmese

COMMENTS

Name

art,1,article,1344,cartoon variety,22,crime,68,culture,1,documentary,9,Entertainment,9,health,35,history,2,international,8423,interview,223,knowledge,9,Live,8,LocalNews,17304,news,2842,opinion,780,photos,203,poem,117,satires,39,song,12,speech,12,sports,193,statement,59,technic,59,translate,34,video,1073,voice,76,
ltr
item
dawnmanhon: အပစ်ရပ်နဲ့တပ်မတော်ကြားအသေးအဖွဲက စစ်ဘက်တွန်းပို့နိုင်
အပစ်ရပ်နဲ့တပ်မတော်ကြားအသေးအဖွဲက စစ်ဘက်တွန်းပို့နိုင်
https://3.bp.blogspot.com/-GZMu_3isQTU/WvQ9XKxqt_I/AAAAAAABw7I/7Zsqzz4pJRwtedog-ZiSo1grERNZWZ0FwCLcBGAs/s400/3.jpg
https://3.bp.blogspot.com/-GZMu_3isQTU/WvQ9XKxqt_I/AAAAAAABw7I/7Zsqzz4pJRwtedog-ZiSo1grERNZWZ0FwCLcBGAs/s72-c/3.jpg
dawnmanhon
http://www.dawnmanhon.com/2018/05/blog-post_345.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2018/05/blog-post_345.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy