သစ်ကားမဖမ်းဖို့ ပြောတဲ့ ရဲအရာရှိတွေကို တိုင်ကြား

 ပြည်ထဲရေး ဒုတိယဝန်ကြီး ဆီကို လက်မှတ်ထိုး တောင်းဆို
သစ်ကားကို ဖမ်းလာတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို မဖမ်းဖို့ ရဲအရာရှိက ဆူပူကြိမ်းမောင်းပြီး သစ်ကားနဲ့အတူ ဖမ်းလာသူ နှစ်ဦးကို ပြန်လွှတ်ပေးခဲ့ပြီး ပိုင်ရှင်မဲ့ သစ်ဖမ်းဆီးရမိမှု လုပ်လိုက်တာကြောင့် ကျောက်ဆည်မြို့နယ် ရဲတပ်ဖွဲ့ဝင်တွေနဲ့ မြို့ပေါ်က လူ့အခွင့်အရေး လှုပ်ရှားသူအချို့ ပူးပေါင်းပြီး ကျောက်ဆည်က အကျင့်ပျက် ရဲဝန်ထမ်းတွေကို အရေးယူပေးဖို့ ပြည်ထဲရေး ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး ဆီကို လက်မှတ်ထိုး တောင်းဆို ထားပါတယ်။

မြို့နယ်ရဲတပ်ဖွဲ့မှူး အပါအဝင် ကျောက်ဆည် ရဲစခန်းမှူးဟောင်း ၊ နယ်ထိန်းခေါင်းဆောင် ၊ နယ်ထိန်းတပ်ကြပ်တဦး အပါအဝင် ဖမ်းဆီးခံလာရသူတွေကို ကားနဲ့ ရဲစခန်းမှာ လာခေါ်သွားတဲ့ မုံလာ ( ခ) အောင်စိုးမိုးတို့ကို တိုင်ကြားထားတာ လို့ တိုင်ကြားမှုမှာ ပါဝင်တဲ့ ဦးကိုကိုလွင် ၈၈ ငြိမ်း၊ပွင့်က ဘီဘီစီကို ပြောပါတယ်။

တရားမဝင် ပိတောက်တုံးတင် သစ်ကားတစီး ဖမ်းဆီးရမိမှုကို ကျောက်ဆည်ရဲစခန်း စခန်းမှူးက ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုအဖြစ် ပြောင်းလဲလိုက်တဲ့အတွက် တိုင်ကြားရတာလို့ ဦးကိုကိုလွင်က ပြောပါတယ်။

ဧပြီလ ၂၅ ရက်က ကျောက်ဆည်မြို့နယ် ဖျောက်ဆိပ်ပင် ရွာအနီးမှာ အပြာရောင် ဖောကားတစီးကို ကျောက်ဆည် မြို့မရဲစခန်းက ရဲတပ်သား ထွန်းထွန်းဝင်းနဲ့ ဇေယျာမောင်တို့ နှစ်ဦးက တားဆီးခဲ့ပြီး ကားပေါ်မှာ ပိတောက်သစ်တွေကို တွေ့ရှိတဲ့အတွက် တာဝန်မှူးရဲ့ အမိန့်နဲ့ ကားကို စခန်းကို ခေါ်လာခဲ့တယ်လို့ တိုင်ကြားစာမှာ ဖော်ပြထားပါတယ်။
လားရှိုးမှာ မိတဲ့ သစ်ကား
ခေါ်ဆောင်လာတုန်းမှာ ရဲတပ်ဖွဲ့ဝင်က နှစ်ဦးတည်း ဖြစ်နေလို့ အခြား တပ်ဖွဲ့ဝင် နှစ်ဦးကိုလည်း အကူအညီတောင်းခံခဲ့ပြီး ရဲစခန်းကို ခေါ်ဆောင်လာရာမှာ နယ်ထိန်းခေါင်းဆောင် ရဲအုပ်နဲ့ အခြားသူတဦးပါတဲ့ ကားက အဲဒီ သစ်ကား ဖမ်းလာတဲ့ ရဲတွေကို လိုက်လံနှောင့်ယှက်တာတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် စခန်းအရောက်မှာ စခန်းမှူးက ဘယ်သူက ဖမ်းခိုင်းလို့ ဖမ်းလာတာလဲ အခုလွှတ်ပေးဖို့ မြို့နယ်မှူးက ကြိမ်းနေပြီလို့ စခန်းမှူးက ဆူပူကြိမ်းမောင်းမှုတွေ လုပ်ခဲ့တယ်လို့ တိုင်ကြားစာမှာ ဖော်ပြထားတာပါ။

နောက်ဆုံး သစ်ကားနဲ့အတူ ဖမ်းမိသူ နှစ်ဦးကို စခန်းရှေ့မှာ ရပ်ထားတဲ့ မုံလာ ( ခ) အောင်စိုးမိုးရဲ့ ကားပေါ်ကို တင်ပြီး လွှတ်ပေးလိုက်တယ်လို့ တိုင်ကြားစာမှာ ဖော်ပြထားပါတယ်။

မေလ ၄ ရက်မှာ မန္တလေးတိုင်း ရဲတပ်ဖွဲ့ ၊ မိတ္တီလာခရိုင်ရဲတပ်ဖွဲ့မှူးတို့ ပါဝင်တဲ့ အဖွဲ့ကနေ အဲဒီအမှုကို စုံခုံ အဖြစ်ဖွဲ့ပြီး ကျောက်ဆည်ခရိုင်ရဲစခန်းမှာ စစ်နေတယ်လို့လည်း ဦးကိုကိုလွင်က ပြောပြီး သူကိုယ်တိုင်လည်း စစ်ဆေးခံခဲ့ရတယ်လို့ ဘီဘီစီကို ပြောပါတယ်။

သတင်းဌာနတချို့မှာတော့ အဲဒီအမှုကို ရဲတပ်ဖွဲ့က စုံခုံဖွဲ့ပြီး စစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ဖော်ပြနေပါတယ်။

BBC Burmese
http://www.bbc.com/burmese

COMMENTS

Name

art,1,article,1328,cartoon variety,22,crime,68,culture,1,documentary,8,Entertainment,9,health,34,history,2,international,7923,interview,221,knowledge,9,Live,8,LocalNews,16591,news,2842,opinion,770,photos,203,poem,117,satires,39,song,12,speech,12,sports,179,statement,59,technic,58,translate,34,video,1070,voice,76,
ltr
item
dawnmanhon: သစ်ကားမဖမ်းဖို့ ပြောတဲ့ ရဲအရာရှိတွေကို တိုင်ကြား
သစ်ကားမဖမ်းဖို့ ပြောတဲ့ ရဲအရာရှိတွေကို တိုင်ကြား
https://4.bp.blogspot.com/-gpaDb4i6qCk/Wuxgtt9eY2I/AAAAAAABwMU/2WumBF82_zkORq45qV7Nhm7LksJ27oHCACLcBGAs/s400/10.jpg
https://4.bp.blogspot.com/-gpaDb4i6qCk/Wuxgtt9eY2I/AAAAAAABwMU/2WumBF82_zkORq45qV7Nhm7LksJ27oHCACLcBGAs/s72-c/10.jpg
dawnmanhon
http://www.dawnmanhon.com/2018/05/blog-post_41.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2018/05/blog-post_41.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy