ကျောက်မျက်ကုမ္ပဏီ မီးလောင်မှု လူ ၄၉ ဦးကို ဖမ်းဆီးထား

ဖားကန့်မြို့နယ် လုံးခင်းအုပ်စု ဝါကျဲမှော် က တောက်ပကြယ် ကုမ္ပဏီ လုပ်ကွက်မှာ ၂၀၁၈ ခုနှစ်၊ မေလ ၁၃ ရက်နေ့ ညက မီးရှို့ဖျက်ဆီးခံရမှုကို တွေ့ရစဉ်/ Photo: Tin Hlaing - facebook
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဝါကျဲမှော်မှာ လုပ်ခလစာကိစ္စ အချေအတင်ဖြစ်နေတဲ့ တောက်ပကြယ်ကုမ္ပဏီမှာ ၀န်ထမ်းတချို့က ကုမ္ပဏီအဆောက်အဦနဲ့ ယန္တရားတချို့ကို မနေ့ညက မီးရှို့လိုက်တဲ့ကိစ္စနဲ့ ဆက်စပ်ပြီး လူ ၄၉ ယောက်ကို ဖားကန့်မြို့မ ရဲစခန်းမှာ ဖမ်းဆီးထားပါတယ်။

မနေ့က မနက်ပိုင်းမိုးရွာလို့ အလုပ်မဆင်းရတဲ့ ဝန်ထမ်းတွေကို ထမင်းစားနားပြီးချိန်မှာ ကုမ္ပဏီဘက်က အလုပ်စောဆင်းခိုင်ရာကနေ လစာကိစ္စတွေနဲ့ပါ အငြင်းအခုန်ဖြစ်ပြီး အဲဒီလို ဖြစ်သွားတာလို့ အဲဒီကိစ္စကို ညှိနှိုင်းပေးနေတဲ့ ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုး က ဒီကနေ့ ပြောပါတယ်။

"အဓိက ဖြစ်ရတဲ့ အနေအထားက လုပ်ခလစာနဲ့တော့ တိုက်ရိုက် မပတ်သက်ဘူးဗျ။ သူတို့ရဲ့ ခံစားခဲ့ရတဲ့ အကျိတ်အခဲလေးပေါ်မူတည်ပြီးတော့မှ ဖြစ်လာတဲ့ အနေအထားပါ။ နောက်မှသာလျှင် လုပ်ခ လစာဘက်ကို တဖြည်းဖြည်းပြောင်းသွားတဲ့ အနေအထားပါ။ အဲဒီအထဲမှာပဲ ကုမ္ပဏီနှစ်ခုပေါင်းဆိုရင် အလုပ်သမား အားလုံးပေါင်း ၂၅၀၀ လောက်ရှိတယ်။ အဆောင် ၂ ဆောင်လောက်ပဲ မီးမလောင်ပဲကျန်တယ်။ ကျန်တာတွေက တော့ တော်တော်များများ မီးလောင်သွားတာပေါ့"

ကုမ္ပဏီတာဝန်ရှိသူတွေနဲ့ ဝန်ထမ်းတချို့အကြား ရုန်းရင်းဆန်ခတ်မှုဖြစ်လို့ မီးရှို့ပြီးနောက်မှာ လုံခြုံရေး ရဲတပ်ဖွဲ့တွေက ခြောက်လှန့်ပစ်ခတ်ခဲ့ပါတယ်။ ဒါ့အပြင် လူတချို့က ကုမ္ပဏီပိုင်တဲ့ ကျောက်စိမ်းဂိုဒေါင်ကို ဖျက်ဆီးမှု တွေရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီဖြစ်စဉ်အတွင်း လူ ၁ ဦး သေဆုံးပြီး၊ ၃ ယောက်ဒဏ်ရာရခဲ့သလို ကုမ္ပဏီက အဆောက်အဦ၊ စက်ယန္တရား တချို့လည်း မီးလောင်ပျက်စီးခဲ့ပါတယ်။ ဒါဏ်ရာရရှိသူ ၃ ယောက်က သေနတ်ဒါဏ်ရာတွေဖြစ်ပြီး သေဆုံးသူက သေနတ်ဒါဏ်ရာကြောင့်လား ဘာကြောင့်လဲဆိုတာကို မြို့နယ် ဆေးရုံမှာ စစ်ဆေးနေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

မနေ့က မနက်ပိုင်းမှာ မိုးရွာလို့ ရာသီဥတု အခြေအနေအရ  ပုံမှန်အလုပ်ချိန်မှာ ဝန်ထမ်းတွေက အလုပ် မဆင်းရဘူး လို့ သိရပါတယ်။  ထမင်းစားနားပြီး နေ့လည်ပိုင်း ၁ နာရီမှာ အလုပ်ပြန်ဆင်းရမှာဖြစ်ပါတယ်။ တစ်နာရီမထိုးခင် မနက် ၁၁ နာရီလောက်မှာ ကုမ္ပဏီက အလုပ်စောဆင်းခိုင်းရာကနေ နှစ်ဘက် ပြဿနာ စဖြစ်တာလို့ သိရပါတယ်။

မနက်ဖြန်မှာ ဖားကန့်မြို့နယ် အုပ်ချုပ်ရေးရုံးမှာ ကုမ္ပဏီဝန်ထမ်း အလုပ်သမားကိုယ်စားလှယ်တွေ၊ ကုမ္ပဏီ တာဝန်ရှိသူတွေ၊ အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက လစာကိစ္စတွေကို ဆွေးနွေးကြမယ်လို့ ဆိုပါတယ်။

ဖားကန့် ကျောက်စိမ်းတွင်း လုပ်ကွက်တွေမှာ အလုပ်ချိန်တွေက မနက် ၆ နာရီ ကနေ ၁၁ နာရီအထိ၊ ၁၁ နာရီကနေ ၁ နာရီအထိ ထမင်းစားနားချိန်၊ နေ့လည် ၁ နာရီကနေ ညနေ ၅ နာရီ အထိကို နေ့ဆိုင်း အလုပ်ချိန်ဖြစ်ပါတယ်။ ညနေ ၆ နာရီကနေ မနက် ၃ နာရီအထိကို ညဆိုင်းလို့ခေါ်ပြီး ၂၄ နာရီ ပတ်လုံး ၁ ရက်လုပ် ၁ ရက်နားတဲ့ အလုပ်ချိန်တွေနဲ့ လုပ်ကိုင် လည်ပတ်နေကြတာဖြစ်ပါတယ်။

အဲဒီအလုပ်ချိန်ပုံစံဟာ ဘက်ဟိုးမောင်းသူတွေ မြေသယ်ကားမောင်းသူတွေနဲ့ ကားအချက်ပြ ဝန်ထမ်းတွေရဲ့ အလုပ်ချိန်ဖြစ်ပြီး ကုမ္ပဏီလုပ်ကွက်တစ်ခု နဲ့ တစ်ခု အနည်းငယ်ကွဲပြားနိုင်တယ်လို့ သိရပါတယ်။

RFA Burmese
https://www.rfa.org/burmese

COMMENTS

Name

art,1,article,1316,cartoon variety,22,crime,68,culture,1,documentary,8,Entertainment,8,health,33,history,2,international,7543,interview,221,knowledge,8,Live,8,LocalNews,16061,news,2842,opinion,767,photos,203,poem,116,satires,39,song,12,speech,12,sports,146,statement,59,technic,57,translate,34,video,1068,voice,76,
ltr
item
dawnmanhon: ကျောက်မျက်ကုမ္ပဏီ မီးလောင်မှု လူ ၄၉ ဦးကို ဖမ်းဆီးထား
ကျောက်မျက်ကုမ္ပဏီ မီးလောင်မှု လူ ၄၉ ဦးကို ဖမ်းဆီးထား
https://3.bp.blogspot.com/-RruGYZpz_QY/WvmNg41OqDI/AAAAAAABxWk/ZgNfguTKDOgWSG-F-28cJhSi53GNfkPLACLcBGAs/s400/4.jpg
https://3.bp.blogspot.com/-RruGYZpz_QY/WvmNg41OqDI/AAAAAAABxWk/ZgNfguTKDOgWSG-F-28cJhSi53GNfkPLACLcBGAs/s72-c/4.jpg
dawnmanhon
http://www.dawnmanhon.com/2018/05/blog-post_883.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2018/05/blog-post_883.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy