ပိတ်မိပြည်သူတွေအရေး ဆန္ဒပြလို့ ပုဒ်မ ၅၀၀ နဲ့ တရားစွဲဆိုတဲ့အမှု တရားလိုကို စတင်စစ်ဆေး

ပိတ်မိပြည်သူတွေ လွှတ်ပေးဖို့ ကချင်လူငယ် အရပ်ဖက်အဖွဲ့တွေ ၂၀၁၈ ခုနှစ် မေလ ၁ ရက်နေ့က သတင်းစာရှင်းလင်းစဉ် ပိတ်မိပြည်သူတွေ လွှတ်ပေးဖို့ ကချင်လူငယ် အရပ်ဖက်အဖွဲ့တွေ ၂၀၁၈ ခုနှစ် မေလ ၁ ရက်နေ့က သတင်းစာရှင်းလင်းစဉ်
Photo: Aung Thain Kha/RFA
တိုက်ပွဲတွေကြောင့် ပိတ်မိနေသူတွေ ကယ်ထုတ်နိုင်ရေးအတွက် မြစ်ကြီးနားမြို့မှာ ဆန္ဒပြတောင်းဆိုခဲ့ကြသူတွေ ထဲက ၃ ဦးကို အသေရေဖျက်မှု ပုဒ်မ ၅၀၀ နဲ့ တရားစွဲဆိုတဲ့ မြောက်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ်က ဒုတိယ ဗိုလ်မှူးကြီး မျိုးမင်းဦးကို ဒီနေ့ မြစ်ကြီးနားမြို့နယ် တရားရုံးမှာ စတင်စစ်ဆေးပါတယ်။

တရားလို ဒုတိယ ဗိုလ်မှူးကြီး မျိုးမင်းဦး က တပ်မတော်အရာရှိ တစ်စုံတစ်ဦးက စေခိုင်းတာမဟုတ်ဘဲ မိမိသဘောဆန္ဒအလျှောက် တရားစွဲဆိုတာလို့ ဒီနေ့ တရားခွင်မှာ ထွက်ဆိုသွားကြောင်း တရားစွဲခံရသူ နှစ်ဦးရဲ့ ရှေ့နေ ဦမုံးဆိုင်းတူး က ပြောပါတယ်။

"တပ်မတော်က ဘယ်သူမှ စေခိုင်းတာ၊ ညွှန်ကြားတာ၊ အမိန့် တစ်စုံတစ်ရာမရှိဘူးလို့ သူကတော့ ထွက်သွား ပြီးပြီ။ အဲ့တော့ သူ့အနေနဲ့ စွဲတာလို့ထွက်တယ်ပေါ့၊ အထက်က ညွှန်ကြားချက်အမိန့်တွေမပါဘူးဆိုရင် သူတို့တပ် မတော်နဲ့ မပတ်သက်ဘဲ တပ်မတော်ကို ပုတ်ခတ်ပြောဆိုတယ်၊ စွပ်စွဲတယ်ပေါ့။ ဥပမာ သူတို့ သုံးယောက်က စွပ်စွဲပြောဆိုထားတာတွေက"

တရားလို ဒုတိယ ဗိုလ်မှူးကြီး မျိုးမင်းဦးက ဒီနေ့ တရားရုံးမှာ တရားလိုပြသက်သေ ၄ ဦးတင်သွင်းခဲ့ပြီး သက်သေ လေးဦးအနက် နှစ်ဦးက တပ်မတော်သားတွေဖြစ်ပြီး နှစ်ဦးက အရပ်သားတွေ ဖြစ်တယ်လို့ ပြောပါတယ်။

တရားစွဲခံရသူ ဦးဇော်ဂျတ်နဲ့ ဦးလွမ်းဇောင်းတို့အတွက် တရားလွှတ်တော်ရှေ့နေ ဦးမုံးဆိုင်းတူးက လိုက်လံ ဆောင်ရွက်ပေးပြီး တရားစွဲခံထားရသူ ဒေါ်နန်ပူအတွက် တရားလွှတ်တော်ရှေ့နေ ဒေါ်ဒွဲဘူက လိုက်ပါ ဆောင်ရွက် ပေးနေတာဖြစ်ပါတယ်။

တရားလို ဒုတိယ ဗိုလ်မှူးကြီး မျိုးမင်းဦးကို ဆက်လက်စစ်ဆေးဖို့အတွက် လာမယ့်ဇွန်လ ၄ ရက်နေ့ကို ရုံးချိန်း ပြန်လည်ချိန်းဆိုထားပြီး အဲဒီရုံးချိန်းမတိုင်ခင် ရှေ့နေ ဦးမုံးဆိုင်းတူးက သူ့အမှုသည် နှစ်ယောက်အတွက် အသေရေဖျက်မှုဆိုတဲ့ စွဲဆိုချက်ကို ပယ်ဖျက်ပေးဖို့ ပြည်နယ် တရားလွှတ်တော်ရုံးကို တင်ပြသွားမှာဖြစ်ပါတယ်။
https://www.rfa.org/burmese/news/kachin-youth-movement-05282018065829.html

COMMENTS

Name

art,1,article,1344,cartoon variety,22,crime,70,culture,1,documentary,9,Entertainment,9,health,36,history,2,international,8673,interview,224,knowledge,9,Live,8,LocalNews,17714,news,2842,opinion,781,photos,203,poem,117,satires,39,song,12,speech,12,sports,194,statement,59,technic,59,translate,34,video,1074,voice,76,
ltr
item
dawnmanhon: ပိတ်မိပြည်သူတွေအရေး ဆန္ဒပြလို့ ပုဒ်မ ၅၀၀ နဲ့ တရားစွဲဆိုတဲ့အမှု တရားလိုကို စတင်စစ်ဆေး
ပိတ်မိပြည်သူတွေအရေး ဆန္ဒပြလို့ ပုဒ်မ ၅၀၀ နဲ့ တရားစွဲဆိုတဲ့အမှု တရားလိုကို စတင်စစ်ဆေး
https://www.rfa.org/burmese/news/kachin-public-youth-demostration-movement-press-05012018081557.html/kachin-public-youth-demostration-movement-622.jpg/@@images/0d1d5bb1-1a09-4572-b1a8-b84805213025.jpeg
dawnmanhon
http://www.dawnmanhon.com/2018/05/blog-post_992.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2018/05/blog-post_992.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy