တောင်ဥက္ကလာပမြို့နယ်တွင် ဖြစ်ပွားခဲ့သော လူသတ်မှုမှ ပြစ်မှုကျူးလွန်သူ ညီအစ်ကို (၂)ဦး ဖမ်းဆီးရမိ

တောင်ဥက္ကလာပမြို့နယ်တွင် ဖြစ်ပွားခဲ့သော လူသတ်မှုမှ ပြစ်မှုကျူးလွန်သူများအား အချိန်တိုအတွင်း ဖမ်းဆီးရမိ
ရန်ကုန်၊ ဇွန် ၈

၇.၆.၂၀၁၈ ရက်နေ့ ညနေ ၁၈း၀၀ နာရီအချိန်တွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နေ ဆေးသုတ်အလုပ်သမား ခေါင်းဆောင်ဖြစ်သူ ဦး----သည် တောင်ဥက္ကလာပမြို့နယ်၊ (၁၄/၁)ရပ်ကွက်၊ နှင်းဆီးလမ်းနှင့် မေတ္တာလမ်းထောင့်ရှိ ဟိုတယ်တွင် ဆေးသုတ်ပြီးစီး၍ နေအိမ်သို့ပြန်ရန် ပြင်ဆင်နေစဉ် ၎င်းဟိုတယ်အပြင်ဘက် လမ်းမ ပေါ်တွင် ဓားထိုးမှုဖြစ်ပွားကြောင်း သိရှိသဖြင့် သွားရောက်ကြည့်ရှုရာ ဆေးသုတ်အလုပ်သမားဖြစ်သူ ထိန်လင်း၏ ၀ဲဘက်လက်ပြင် ထိုးသွင်းဒဏ်ရာ (၁)ချက်ရရှိကာ လဲကျနေသည်ကိုတွေ့ ရသည်။

 ဖြစ်စဉ်အား မေးမြန်းရာ အလုပ်အတူလုပ်ကိုင်သူ အောင်ဖြိုး(ခ)အောင်အောင်ဖြိုး၊ (၂၇)နှစ်၊ ၎င်း၏ အစ်ကိုဖြစ်သူ နိုင်နိုင်ထွန်း (၃၂)နှစ်တို့က နေ့လယ်ပိုင်းတွင် လက်ဘက်ရည်ဆိုင်၌ စကားများသည့်ကိစ္စအား မကျေနပ်သဖြင့် နှင်းဆီလမ်းတွင် စောင့်ဆိုင်းကာ ဓားဖြင့်ထိုး၍ ရရှိသောဒဏ်ရာဖြစ်ကြောင်း သိရှိရပြီး ဒဏ်ရာရရှိသူ ထိန်လင်းအား သင်္ဃန်းကျွန်းစံပြဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားခဲ့သဖြင့် သေဆုံးအောင်ပြုလုပ်သူ အောင်ဖြိုး(ခ)အောင်အောင်ဖြိုးနှင့် နိုင်နိုင်ထွန်းတို့အား အရေးယူပေးရန် တိုင်တန်းချက်အရ တောင်ဥက္က လာပမြို့မရဲစခန်းတွင် အမှုဖွင့်ကာ ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့သည်။

အမှုမှ ပြစ်မှုကျူးလွန်သူ အောင်ဖြိုး(ခ)အောင်အောင်ဖြိုးနှင့် နိုင်နိုင်ထွန်းတို့အား ဖမ်းဆီးရမိရေးအတွက် အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေးဌာနစုမှတပ်ဖွဲ့ဝင်များ၊ တောင်ဥက္ကလာပမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ၎င်းတို့သွားလာတတ်သည့် နေရာများ
အား ပိတ်ဆို့ရှာ ဖွေဖမ်းဆီးခဲ့ရာ ၈.၆.၂၀၁၈ ရက်နေ့ ၀၃း၃၀ နာရီအချိန်တွင် အောင်ဖြိုး(ခ)အောင်အောင်ဖြိုးနှင့် နိုင်နိုင်ထွန်းအား တိမ်းရှောင်နေသည့် တိုက်ကြီးမြို့နယ်၊ ဖက်စက်ကျေးရွာမှ ဖမ်းဆီးရမိခဲ့သဖြင့် အမှုဖြင့် ဆက်လက် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Yangon Police
https://www.facebook.com/yangonpolice/

COMMENTS

Name

art,1,article,1334,cartoon variety,22,crime,68,culture,1,documentary,8,Entertainment,9,health,34,history,2,international,8079,interview,222,knowledge,9,Live,8,LocalNews,16809,news,2842,opinion,772,photos,203,poem,117,satires,39,song,12,speech,12,sports,182,statement,59,technic,58,translate,34,video,1070,voice,76,
ltr
item
dawnmanhon: တောင်ဥက္ကလာပမြို့နယ်တွင် ဖြစ်ပွားခဲ့သော လူသတ်မှုမှ ပြစ်မှုကျူးလွန်သူ ညီအစ်ကို (၂)ဦး ဖမ်းဆီးရမိ
တောင်ဥက္ကလာပမြို့နယ်တွင် ဖြစ်ပွားခဲ့သော လူသတ်မှုမှ ပြစ်မှုကျူးလွန်သူ ညီအစ်ကို (၂)ဦး ဖမ်းဆီးရမိ
https://1.bp.blogspot.com/-uHQIBR8KKF0/WxqMYrTE0WI/AAAAAAAB0KA/OEE-2nF8WPI5iQa_y3QKS2NQWEhAvlHgQCLcBGAs/s640/4.jpg
https://1.bp.blogspot.com/-uHQIBR8KKF0/WxqMYrTE0WI/AAAAAAAB0KA/OEE-2nF8WPI5iQa_y3QKS2NQWEhAvlHgQCLcBGAs/s72-c/4.jpg
dawnmanhon
http://www.dawnmanhon.com/2018/06/blog-post_150.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2018/06/blog-post_150.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy