စည်ပင်ဥပဒေအသစ်အရ စည်းကမ်းမဲ့ကွမ်းထွေးလျှင် ဒဏ်ငွေ ၃ သောင်းမှ ၅ သောင်းချမှတ်မည် -------- -------- --------

လက်ရှိပြဋ္ဌာန်းလိုက်သည့် ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီဥပဒေ (၂၀၁၈)အရ အများပြည်သူပိုင်နေရာများတွင် ကွမ်းတံတွေးထွေးခြင်းအပါအ၀င် အညစ်အကြေးစွန့်ခြင်းများပြုလုပ်ပါက အမြင့်ဆုံးငွေဒဏ် ၅၀,၀၀၀ အထိ ချမှတ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

အသစ်ပြင်ဆင်ပြဋ္ဌာန်းလိုက်သည့် ရန်ကုန်မြို့ တော်စည်ပင်သာယာရေးဥပဒေကြမ်းတွင် ပါဝင်သော 'ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး လုပ်ငန်းဆိုင်ရာတားမြစ်ချက်များအခန်း ပုဒ်မ ၃၈၆ (၇)တွင်' မည်သူမဆို အများပြည်သူနှင့် သက်ဆိုင်သည့် နေရာနှင့် လမ်းများပေါ်သို့ ကွမ်းတံတွေးထွေးခြင်း၊ အညစ်အကြေးစွန့်ပစ်ခြင်းနှင့် အိမ်မွေး တိရစ္ဆာန်အညစ် အကြေးများ စွန့်ပစ်ခြင်းပြုလုပ်ပါက အနိမ့်ဆုံးကျပ် ၃၀၀၀၀ မှ အမြင့်ဆုံး ကျပ် ၅၀၀၀၀ အထိ ချမှတ်နိုင် သည်ဟု ပြဋ္ဌာန်းထားခြင်းဖြစ်သည်။

''ဒီစည်ပင်ဥပဒေအရ တရားမ၀င်အိမ်ဆောက်တယ်။ ဒဏ်ရိုက်လို့များ ထပ်ဆောက်တယ်၊ ကျူးလွန်တယ်ဆိုရင် ထောင်ဒဏ်အထိချနိုင်တာမျိုးတွေ လုပ်ထားတယ်။ ပြီးတော့ ကွမ်းတံတွေးထွေးတာတွေကိုလည်း ဒဏ်ငွေ ၃၀၀၀၀ ကနေ ၅၀၀၀၀ အထိဆိုတာမျိုးဒဏ်ငွေရိုက်လို့ ရတယ်။ အရင်ကဆိုရင် တရားမ၀င်တိုက်ဆောက် မယ်ဆိုရင် သူ့ကိုတရားစွဲတယ်။ ဒဏ်ငွေဆောင်ပြီး ဆက်ဆောက်နေတယ်။ အခုဥပဒေမှာတော့ အဲဒီလိုမဟုတ် ဘူး။ တိုက်ကိုတရားမ၀င်ဆောက်ပြီး ဒဏ်ငွေဆောင်လို့မှ ဆက်ဆောက်နေမယ်ဆိုရင် ထောင်ကျမှာပေါ့။ တချို့ပြင်းလို့ရတဲ့ဟာတွေ ပြင်ထားတာပေါ့''ဟု သင်္ဃန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) လွှတ်တော် ကိုယ်စားလှယ်ဦးနေဘုန်းလတ်က ပြောသည်။

အများပြည်သူပိုင်လမ်းများပေါ်တွင် ကွမ်းတံတွေးထွေးခြင်းအပေါ် တာဝန်ယူကြပ်မတ်မည့်လုပ်ငန်းနှင့် မည်သည့်ပုံစံဖြင့် အရေးယူမည်ကိုမူ ဥပဒေကြမ်းတွင် တိကျစွာဖော် ပြထားခြင်းမရှိသေးပေ။ ထိုသို့စောင့်ကြည့် ကာ စည်းကမ်းကြပ်မတ်ဆောင်ရွက်မည့်အရေးကိစ္စသည် လွယ်ကူမည်မဟုတ်ကြောင်း လည်း သုံးသပ်ကြသည်။

''အမှန်က ဒါကို ဥပဒေမှာမထည့်သင့်ဘူး။ တကယ် enforcement မလုပ်နိုင်ဘူးဆိုရင်၊ ဥပဒေကြီးရှိနေပြီး တကယ်လည်း မလုပ်နိုင်ဘူးဆိုတာမျိုးဖြစ်လာမယ်။ အစ်မရဲ့သဘောထားအရကတော့ ဒီဥပဒေနဲ့ ပြစ်မှုပြစ်ဒဏ်ကို မထည့်သင့်ဘူးပေါ့။ တကယ်ထိထိရောက်ရောက် မလုပ်နိုင်ဘဲနဲ့။ ကွမ်းတံတွေးထွေးတဲ့လူကို သူတို့ဘယ်လိုလိုက်ဖမ်းမှာလဲ။ ကားပေါ်ကလည်း ထွေးချင်ထွေးသွားကြတာပဲ။ ဒါကြောင့် ကွမ်းတံတွေးကို ထိန်းချုပ်တာက အဲဒီနည်းလမ်းနဲ့ ဘယ်လိုမှ အဆင်မပြေနိုင်ဘူး''ဟု ကျောက်တံတားမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ်ဒေါ်ကြည်ပြာက ပြောသည်။

လက်ရှိအချိန်တွင် အစိုးရရုံးဌာန၊ ကျောင်းနှင့် အများပြည်သူ အပန်းဖြေအနားယူသည့်နေရာများတွင် ကွမ်းစား ခြင်းနှင့် ကွမ်းတံတွေးထွေးခြင်းများမပြုလုပ်ရန် တားမြစ်ချက်များအသိပေး ကြေညာထားမှုများတွေ့နေရ သကဲ့သို့ အများပြည်သူသွားလာနေသည့် လမ်းများ၊ မီးရထား ဘူတာ၊ ဘတ်စကားမှတ်တိုင်၊ နေအိမ် တိုက်ခန်းလှေကားအတက်အဆင်းထောင့်များတွင် စည်းကမ်းမဲ့ကွမ်းတံတွေးထွေးနေကြသည်များကိုလည်း တွေ့မြင်နေရသည်။

လင်းလင်းအောင်

News Watch

COMMENTS

Name

art,1,article,1344,cartoon variety,22,crime,70,culture,1,documentary,9,Entertainment,9,health,36,history,2,international,8679,interview,224,knowledge,9,Live,8,LocalNews,17729,news,2842,opinion,781,photos,203,poem,117,satires,39,song,12,speech,12,sports,194,statement,59,technic,59,translate,34,video,1074,voice,76,
ltr
item
dawnmanhon: စည်ပင်ဥပဒေအသစ်အရ စည်းကမ်းမဲ့ကွမ်းထွေးလျှင် ဒဏ်ငွေ ၃ သောင်းမှ ၅ သောင်းချမှတ်မည် -------- -------- --------
စည်ပင်ဥပဒေအသစ်အရ စည်းကမ်းမဲ့ကွမ်းထွေးလျှင် ဒဏ်ငွေ ၃ သောင်းမှ ၅ သောင်းချမှတ်မည် -------- -------- --------
https://1.bp.blogspot.com/-f-q6CBn_fv4/WzcFuWjzAwI/AAAAAAAAfAw/aHqjrGSqGLUlX0NStGfSBrp_-O5Du0R2QCLcBGAs/s640/q1.jpg
https://1.bp.blogspot.com/-f-q6CBn_fv4/WzcFuWjzAwI/AAAAAAAAfAw/aHqjrGSqGLUlX0NStGfSBrp_-O5Du0R2QCLcBGAs/s72-c/q1.jpg
dawnmanhon
http://www.dawnmanhon.com/2018/06/blog-post_281.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2018/06/blog-post_281.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy