သရက် ဇွန် ၁၂
မကွေးတိုင်းဒေသကြီး သရက်မြို့နယ်အတွင်း ယမန်နေ့ နံနက် ၁၁နာရီမှ စတင်မိုးသည်းထန်စွာရွာသွန်မှု့ကြောင့် သရက်မြို့နယ်အတွင်းရှိ စမ္မကြီးကျေးရွာမှ လက်ပံတိုဆည် ဆည်မြေသား တာဘောင်ကျိုးခြင်း၊ဆင်တဲကျေးရွာမှ လူနေအိမ် (၁)လုံး၊(၃)ပင်၊သွပ်မိုး၊တရံကာ ပြိုကျ ပျက်စီးခြင်း၊အောက်မနိမ့်-အောင်မမြင့် ကျေးရွာ ထန်းလုံးတံတား အမြင့်(၁၁)ပေ၊အနံ(၆)ပေ၊အလျား(၁၇၀)ပေရှိသည့် တံတား မျောပါခဲ့သည်။
အလားတူသရက်မြို့နယ်သာစည်ခုံကျေးရွာအလျား(၄၀)ပေ၊အနံ(၁၀)ပေ၊အမြင့်(၁၅)ပေ သာစည်ခုံတံတား ချဉ်းကပ်လမ်းမြေသား ရေမျောပါခြင်း၊သမန်ပြင်းကျေးရွာ အလျား(၅၀၀)ပေ၊အမြင့်(၇)ပေ၊ ရှိ စာသင်ကျောင်း ရေကာတာမှ ပေ(၁၅၀)ခန့် ကျိုးပျက်ခြင်း၊အုတ်ဖိုကျေးရွာ လူနေအိမ်(၁)လုံး ရေမျောပါ ခဲ့သည်။
ထိုအတူ တွင်းလည်ကျေးရွာတွင်(၅)ပုံ စပါးကြိတ်စက်နှင့် အဆောက်အဦး(၁)လုံး ရေမြုပ်ပျက်စီးခြင်း၊ မကျီးပင်ကျေးရွာတွင် (၄)ပင်၊ပျဉ်ထောင်ပျဉ်ခင်း လူနေအိမ်(၁)လုံး ဖျက်၍ပုံထားရခြင်း၊ ရွှေပန်းကိုင်း ရေပိုလွှဲတံတား အလျား(၁၄)ပေ၊အနံ(၁၂)ပေ၊ အမြင့် (၆)ပေ ပြိုကျ ပျက်စီးခြင်း၊ မုံဇလီ ၀က်တိုးဆည် အလျား(၁၃၄၈)ပေ၊အမြင့်(၁၄ပေ)ရှိဆည်မှ၊ မှာ (၁၅)ပေခန့် ပြိုကျပျက်စီးခြင်း၊ သရက်မြင့်ကျေးရွာမှ တဇီးကောက်ရေလွှဲဆည် အလျား(၁၀၅)ပေ၊အမြင့်(၁၃)ပေ မှ မြေသားနရံ အလျား(၂၅)ပေ၊အမြင့် (၂၀)ပေ၊ ရေတိုက်စားခဲ့ခြင်းနှင့် သရက်မြင့် တံတား ချဉ်းကပ်လမ်း (၁)ပေခန့် မြေကျွံကျ သွားခဲ့သည်။ အဆိုပါဖြစ်စဉ်ကြောင့် အိမ်ခြေ(၃)လုံး၊အိမ်ထောင်စု(၃)စု ၊အသက်(၁၈)နှစ်အထက် လူဦးရေ ကျား(၄)ဦး၊မ(၅)ဦး နှင့် အသက်(၁၈)နှစ် အောက် ကျား(၁)ဦး ရေဘေးသင့် ခံစားရပြီး လူနှင့်တိရစ္ဆာန် ထိခိုက်သေဆုံးမှု့မရှိကြောင်း သိရသည်။
ဇော်ထက်(သရက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
COMMENTS