ကမ္ဘာ့ဖလားက အမှိုက်သိမ်းတဲ့ ဂျပန်ပရိသတ်

ဂျပန်ပရိသတ်တွေ သန့်ရှင်းမှု ချီးကျူးကြ
ကမ္ဘာ့ဖလား ပြိုင်ပွဲ အရှိန်တက်လာတာနဲ့အမျှ ပွဲကြည့်စင်တွေမှာ အစားအသောက်နဲ့ ပလပ်စတစ်ခွက်တွေ အမှိုက်သရိုက်တွေ ကျန်နေတာတွေ တွေ့နေရပါတယ်။

ဒါပေမဲ့ ဂျပန်က ကိုလံဘီယာ အသင်းကို နိုင်တဲ့ညကတော့ ဂျပန်အသင်း ပရိသတ်တွေက သူတို့အမှိုက်တွေကို သူတို့ သိမ်းသွားကြပါတယ်။

သူတို့အသင်း အဖွင့်ပွဲမှာ ပထမဆုံးနိုင်တာ ဖြစ်ပေမယ့် သူတို့ခုံတွေကို သေချာ စနစ်တကျ သန့်ရှင်းသွားကြတာပါ။
ဂျပန်ကို အားပေးမယ်
သူတို့သယ်လာတဲ့ အမှိုက်အိတ်ကြီးတွေနဲ့ ဂျပန်ပရိသတ်တွေ ခုံတန်းတွေထဲက ဆင်းလာကြပြီးနောက် လမ်းတလျှောက် အမှိုက်တွေ သိမ်းပြီး သူတို့ ဝင်လာတုန်းကလို သန့်ရှင်းအောင် ပြန်ထားခဲ့ကြပါတယ်။

ဒီလို သန့်ရှင်းရေး လုပ်ကြတာဟာ ဆာမူရိုင်း အပြာ ပရိသတ်တွေအတွက် ဒီတခါတည်းတော့ မဟုတ်ပါဘူး။

ဒါဟာ ဘောလုံးလောကမှာသာမက ဂျပန် ယဉ်ကျေးမှုမှာပါ အမြစ်တွယ်နေတာလို့ ဂျပန် အခြေစိုက် ဘောလုံး သတင်းထောက် စကော့ မက်ကင်တိုင်းယားက ဘီဘီစီကို ပြောပါတယ်။

ဘောလုံးဟာ ယဉ်ကျေးမှုရဲ့ ထင်ဟပ်ချက်ဆိုရင် ဂျပန် လူ့အဖွဲ့အစည်းမှာ အားလုံး သန့်ရှင်းအောင် လုပ်တဲ့အကျင့်ကို တွေ့ရမယ်၊ ဒါကို အားကစားပွဲတိုင်းနဲ့ ဘောပွဲတိုင်းမှာ တွေ့ရမယ် လို့ သူက ဆိုပါတယ်။
ကိုလံဘီယာနဲ့ အကြိတ်အနယ်
ကလေးကတည်းက စတဲ့အကျင့်

ဒီနှစ် ကမ္ဘာ့ဖလားမှာ ဆီနီဂေါ အသင်း ပရိသတ်တွေလည်း ဒီလို သန့်ရှင်းသွားတာ တွေ့ရပါတယ်။ ဒါပေမဲ့ ဂျပန်ပရိသတ်က ဒါတွေ အရင်ကတည်းက စလုပ်ခဲ့တာပါ။

ဂျပန်ပြည်မှာ အားကစားပွဲတွေ သွားကြည့်ဖူးတဲ့ နိုင်ငံခြားသား အများအပြားလည်း ဒါကိုတွေ့ရတော့ အံ့သြကြပါတယ်။

ပုလင်းတလုံး၊ အစားအသောက်အိတ်ခွံ စတာမျိုး မြေပေါ်မှာ ကျကျန်နေရင် နောက်က ဂျပန်တွေက ပုခုံးလာတို့ပြီး ရှင်းသွားဖို့ ပြောတာမျိုး နိုင်ငံခြားသားတွေ ကြုံရတတ်တယ်လို့ မက်ကင်တိုင်းယားက ပြောပါတယ်။

ဒီအကျင့်က ဂျပန်တွေမှာ ကလေးဘဝ အစကတည်းက လေ့ကျင့်ပေးလိုက်ကြတာပါ။
အားပေးတဲ့ ဂျပန်ပရိသတ်တွေ
ဂျပန်ကျောင်းတွေမှာ ကလေးတွေဟာ စာသင်ခန်းနဲ့ စင်္ကြံလမ်းတွေ သန့်ရှင်းရတယ်၊ အဲဒီကနေ ဘောပွဲတွေမှာ သန့်ရှင်းတဲ့ အကျင့်ပါလာတယ်လို့ အိုဆာကာ တက္ကသိုလ်က လူမှုဗေဒပါမောက္ခ စကောနော့သ်က ရှင်းပြပါတယ်။

ဒီလို ရှင်းလင်းတဲ့ ဓလေ့ကြောင့် သူတို့ကို တခြားလူမျိုးတွေက ချီးကျူးရင်လည်း ဂျပန်တွေက ဂုဏ်ယူကြတယ်လို့လည်း သူက ဆိုပါတယ်။

ဒါဟာ ကမ္ဘာကို ထိန်းသိမ်းစောင့်ရှောက်ဖို့ တာဝန်ယူတဲ့အကျင့်ကို လေ့ကျင့်အားပေးရာလည်း ရောက်တယ်လို့ ဆိုပါတယ်။

ဒီလို အလေ့အကျင့်ကောင်းတွေကို ကမ္ဘာ့ဖလားလာကြည့်ကြတဲ့ နိုင်ငံစုံက လူမျိုးစုံမှာပါ ရယူသွားနိုင်တယ်လို့လည်း ဘောလုံး သတင်းထောက် မက်ကင်တိုင်းယားက ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese

COMMENTS

Name

art,1,article,1344,cartoon variety,22,crime,70,culture,1,documentary,9,Entertainment,9,health,36,history,2,international,8572,interview,223,knowledge,9,Live,8,LocalNews,17545,news,2842,opinion,781,photos,203,poem,117,satires,39,song,12,speech,12,sports,193,statement,59,technic,59,translate,34,video,1073,voice,76,
ltr
item
dawnmanhon: ကမ္ဘာ့ဖလားက အမှိုက်သိမ်းတဲ့ ဂျပန်ပရိသတ်
ကမ္ဘာ့ဖလားက အမှိုက်သိမ်းတဲ့ ဂျပန်ပရိသတ်
https://1.bp.blogspot.com/-zZWy7eqkIj4/WypOIy3t2MI/AAAAAAAB1bY/7P38a-AKtnw130fx9_aWz3SO66FYW66MwCLcBGAs/s400/3.jpg
https://1.bp.blogspot.com/-zZWy7eqkIj4/WypOIy3t2MI/AAAAAAAB1bY/7P38a-AKtnw130fx9_aWz3SO66FYW66MwCLcBGAs/s72-c/3.jpg
dawnmanhon
http://www.dawnmanhon.com/2018/06/blog-post_355.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2018/06/blog-post_355.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy