မူစယ်ဒေသခံလူငယ်တဦးအား ပြည်သူ့စစ်မှသေနတ်ကိုင်ခြိမ်းခြောက်မှု တာဝန်ရှိများထံတိုင်တန်းရ

သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့တွင် လက်နက်ကိုင်ပြည်သူ့စစ်တပ်ဖွဲ့ဝင်က ဒေသခံလူငယ်တဦးအား သေနတ်ထိုးချိန်ခြိမ်းခြောက်ကာ ခိုက်ရန် ဖြစ်ပွားရာမှ အသက်အန္တရာယ်ပြုလာမှု စိုးရိမ်ရသောကြောင့် တာဝန်ရှိများထံ တိုင်တန်းထားရကြောင်းသိရသည်။

ပြသနာဖြစ်ပွါးမှုအား ဒေသခံလူငယ်က လက်ကိုင်ဖုန်းဖြင့် ဗီဒီယိုကလစ်ရိုက်ကာ လူမှုကွန်ယက်ပေါ်တွင် တင်ထားသည့်ဖိုင်မှ သေနတ်ထိုးချိန်သည့် ပြည်သူ့စစ်အဖွဲ့ဝင်၏ပုံ
ဇွန်လ ၅ ရက်နေ့ ည ၇ နာရီအချိန်ခန့်က မူစယ်မြို့ အထက ၂ ကျောင်းရှေ့တွင် ပြည်သူ့စစ်တပ်ဖွဲ့ဝင် ကြားဖူ ဆိုသူသည် ၄င်းတပည့်တဦးနှင့် ကားမောင်းလာပြီး ဆိုင်ကယ်မောင်းနှင်လာသည့် စိုင်းလျန်းဆိုသည့်လူငယ်အား သေနတ်ဖြင့်ထိုးချိန်ခြိမ်းခြောက်မှုပြုခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“ပြည်သူ့စစ် ၂ ယောက်က ကားပရမ်းပတာမောင်းလာပြီး ဟွန်းတွေဘာတွေတီးတယ်။ ဆိုင်ကယ်စီးလူငယ် ၂ ယောက်ကို လမ်းတောင်းတယ်။ လူငယ်က သူ့ကိုလှည့်ကြည့်တဲ့ခါကျတော့ ပြည်သူ့စစ်ကဆင်းလာပြီး အဆိုပါ လူငယ်ကို ကြိမ်းမောင်းတယ်။ သေနတ်ထုတ်ပြီး ခြိမ်းခြောက်တယ်။ လူငယ်က ဖုန်းထုတ်ပြီး ဗီဒီယိုရိုက်တယ်။ အဲလိုနဲ့ ရိုက်နက်ထိုးကြိမ်မှုတွေဖြစ်ကြတယ်၊ ပစ်ခတ်မှု မဖြစ်ခဲ့ပေမယ့် သိနေကြမို့ အန္တရယ်လာပြုနိုင်လို့ စိုးရိမ်ရဒါပေါ့ “- ဟု ခိုက်ရန်ဖြစ်ပွါးမှုတွင် မျက်မြင်ကိုယ်တွေ့ကြုံရသူ အေပီးကပြောသည်။

အဆိုပါပြည်သူ့စစ်မှာ မူစယ်မြို့ ဟိုမွန်ရပ်ကွက်တွင်နေထိုင်ကြောင်းသိရပြီး ပန်းဆေးပြည်သူ့စစ်တပ်ဖွဲ့ဝင် တဦးဖြစ်ကြောင်းလည်း မူစယ်မြို့ခံများကပြောဆိုနေကြသည်။ သို့သော်သျှမ်းသံတော်ဆင့်အနေဖြင့် သီးခြားအတည်ပြုချက်မရပေ။


လက်ရှိတွင် သေနတ်ချိန်ခြိမ်းခြောက်ခံရသူလူငယ်မှာ ၄င်းလုံခြုံရေးအတွက် စိုးရိမ်သည့်အနေဖြင့် ခိုက်ရန်ဖြစ်ပွါး မှုအသေးစိပ်အကြောင်းရင်းအား ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံ တင်ပြထားကြောင်း၊ နောက်နောင်တွင် ၄င်း အပါအဝင် တခြားသောဒေသခံလူထုအား အဆိုပါလက်နက်ကိုင်ပြည်သူ့စစ်တပ်ဖွဲ့များမှာ လက်နက်ဖြင့်ခြိမ်း ခြောက်ခြင်း ခိုက်ရန်ဖြစ်ပွါးခြင်းထပ်မံမပြုရန် သေနတ်ဖြင့်ထိုးချိန်သူ ကြားဖူမှ ၀န်ခံကတိလက်မှတ်ရေးထိုးစေလို ကြောင်းလည်း ထည့်သွင်းရေးသားထားသည်ဟု သိရသည်။

သျှမ်းသံတော်ဆင့်၊ ဟွမ်ဟိန်း
http://burmese.shannews.org

COMMENTS

Name

art,1,article,1334,cartoon variety,22,crime,68,culture,1,documentary,8,Entertainment,9,health,34,history,2,international,8075,interview,222,knowledge,9,Live,8,LocalNews,16805,news,2842,opinion,772,photos,203,poem,117,satires,39,song,12,speech,12,sports,182,statement,59,technic,58,translate,34,video,1070,voice,76,
ltr
item
dawnmanhon: မူစယ်ဒေသခံလူငယ်တဦးအား ပြည်သူ့စစ်မှသေနတ်ကိုင်ခြိမ်းခြောက်မှု တာဝန်ရှိများထံတိုင်တန်းရ
မူစယ်ဒေသခံလူငယ်တဦးအား ပြည်သူ့စစ်မှသေနတ်ကိုင်ခြိမ်းခြောက်မှု တာဝန်ရှိများထံတိုင်တန်းရ
https://1.bp.blogspot.com/-O3kvCbF3QCQ/WxkKBBcRMPI/AAAAAAABz_U/q2LLJ_2J5pA1ubfyCpx3kuDeJRCicgTOwCLcBGAs/s400/8.jpg
https://1.bp.blogspot.com/-O3kvCbF3QCQ/WxkKBBcRMPI/AAAAAAABz_U/q2LLJ_2J5pA1ubfyCpx3kuDeJRCicgTOwCLcBGAs/s72-c/8.jpg
dawnmanhon
http://www.dawnmanhon.com/2018/06/blog-post_435.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2018/06/blog-post_435.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy