တောင်အလုံး ၅၀ လောက်ပျောက်ဆုံးခဲ့ရတာကြောင့် ဖားကန့်မှာ မြေ ခဏခဏပြိုနေတာ လို့ဆိုနေကြ

ဖားကန့်မှာရေကြီးပြီး လူနေအိမ်အနီးတွေမှာပါ မြေပြိုမှုတွေဖြစ်ပွား
ဖားကန့်မှာ ကျောက်စိမ်းတူးဖော်မှုကြောင့် ရေကြီးမြေပြိုပြီး လူသေဆုံးမှုတွေဖြစ်ရတာလို့ ပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းစောင့်ကြည့်သူတွေက ဝေဖန်ပြစ်တင်လိုက်ပါတယ်။

ဖားကန့်မှာ စည်းကမ်းမဲ့ကျောက်စိမ်းတူးဖော်မှုကြောင့် ၂၀၀၇ က နေ ၂၀၁၈ ထိ ၁၀နှစ် တာ ကာလအတွင်း တောင်အလုံး ၅၀ လောက် ပျောက်ဆုံးသွားပြီး မြစ်ချောင်း ၂၃ ခု ကောသွားတယ်လို့ စိမ်းလန်းသော မြေသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ကပြောပါတယ်။

တောင်တွေပျောက်ဆုံးပြီး မြစ်ချောင်း ၂၃ ခုကောသွားတဲ့အတွက် မြေမျက်နှာပြင် အနေအထားတခုလုံးဟာ ပြောင်းလဲသွားတယ်၊ မြေမျက်နှာပြင် ပြောင်းလဲသွားတဲ့ အတွက် မိုးရွာတဲ့အခါ ရေတွေက စီးနေကျလမ်းကြောင်း အတိုင်း မစီးဆင်းတော့ဘဲ ရေဦးတည့်ရာစီးဆင်းသွားတဲ့အခါ လူနေရပ်ကွက်တွေ အတွင်းမှာ ရေကြီးရေလျှံမှုတွေ မြေပြိုမှုတွေဖြစ်လာတယ်လို့လည်း စိမ်းလန်းသောမြေရဲ့ တာဝန်ခံ ဦးနောင်လတ်က ဘီဘီစီကို ပြောပါတယ်။

ပြောင်းလဲသွားတဲ့ ရေစီးကြောင်းဟာ တောင်စောင်းတွေကို အရှိန်အဟုန်နဲ့ တိုက်စားတဲ့ အခါ မြေပြိုမှုတွေဖြစ်ပွားရတယ်ဆိုတာ မှန်ကန်ကြောင်း ဘူမိဗေဒပညာရှင် ဒေါက်တာစိုးမိုးကျော်ဝင်းကလည်း ဘီဘီစီကို ပြောပါတယ်။ ဒါ့အပြင် မိုင်းခွဲလို့ဖြစ်တဲ့ မြေကြီး အက်ကြောင်းတွေထဲကိုရေဝင်ပြီး တောင်ပြိုတာတွေလည်း ဖြစ်နိုင်တယ်လို့ လည်း သူ က ဆိုပါတယ်။

ရေမြေတောတောင်တွေ အနေအထားပြောင်းလဲပြီး ဂေဟစနစ်ပြောင်းလဲသွားတာမျိုး မဖြစ်အောင် စနစ်တကျ အစီအစဉ်ဆွဲပြီး လုပ်ဆောင် သင့်တယ်လို့ ဒေါက်တာစိုးမိုးကျော်ဝင်း ကပြောပါတယ်။

အန္တရာယ်ဖြစ်နိုင်တဲ့ အလားအလာရှိတဲ့နေရာတွေက လူနေရပ်ကွက်တွေကိုလည်း ကြိုတင်ပြီး စနစ်တကျဖယ်ရှားရွှေ့ပြောင်းတာတွေ လုပ်ပေးသင့်တယ်လို့လည်း သူ က ဆိုပါတယ်။

ဖားကန့်မှာ လက်နက်ကိုင်အဖွဲ့ပေါင်းစုံကြီးစိုးနေပြီး တရားဥပဒေစိုးမိုးမှုမရှိလို့ စနစ်တကျထိန်းချုပ်ကွပ်ကဲဖို့ ခက်ခဲနိုင်တယ်လို့ ဒေသခံတွေ က ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese

COMMENTS

Name

art,1,article,1344,cartoon variety,22,crime,70,culture,1,documentary,9,Entertainment,9,health,36,history,2,international,8579,interview,223,knowledge,9,Live,8,LocalNews,17570,news,2842,opinion,781,photos,203,poem,117,satires,39,song,12,speech,12,sports,194,statement,59,technic,59,translate,34,video,1073,voice,76,
ltr
item
dawnmanhon: တောင်အလုံး ၅၀ လောက်ပျောက်ဆုံးခဲ့ရတာကြောင့် ဖားကန့်မှာ မြေ ခဏခဏပြိုနေတာ လို့ဆိုနေကြ
တောင်အလုံး ၅၀ လောက်ပျောက်ဆုံးခဲ့ရတာကြောင့် ဖားကန့်မှာ မြေ ခဏခဏပြိုနေတာ လို့ဆိုနေကြ
https://1.bp.blogspot.com/-kpT1Fu2kuJc/Wy8MPxGce5I/AAAAAAAB128/4DtC-FyFZ_kEnqxMYjMtEWMLNmD1JrVZQCLcBGAs/s400/5.jpg
https://1.bp.blogspot.com/-kpT1Fu2kuJc/Wy8MPxGce5I/AAAAAAAB128/4DtC-FyFZ_kEnqxMYjMtEWMLNmD1JrVZQCLcBGAs/s72-c/5.jpg
dawnmanhon
http://www.dawnmanhon.com/2018/06/blog-post_512.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2018/06/blog-post_512.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy