မေရီလန်း ပြည်နယ်မှာ ပစ်ခတ်မှု ဖြစ်ပွားလို့ အနည်းဆုံး ငါးယောက်သေဆုံး၊ အများအပြား ဒဏ်ရာရ

FBI ဝန်ထမ်းတွေနဲ့ မူးယစ် ဆေးဝါး တာဆီး နှိမ်နှင်းရေးဌာန က အထူး တပ်ဖွဲ့ ဝင်တွေက ရှင်းလင်း မှု တွေ လုပ်နေ
အမေရိကန် နိုင်ငံ မေရီလန်း ပြည်နယ် အန်နာပိုးလစ် မြို့ က သတင်းစာ တိုက်ကို သေနတ် သမား တစ်ယောက် က ပစ်ခတ်မှုတွေ လုပ်ခဲ့တဲ့ အတွက် အနည်းဆုံး ငါးယောက် သေဆုံးပြီး လူအများအပြား ထိခိုက် ဒဏ်ရာ ရရှိခဲ့ရပါတယ်။

ကက်ပီတယ် ဂေဇက် သတင်းစာ တိုက်ရဲ့ မှန်တံခါး အပြင် ကနေ သတင်းခန်း ထဲ ကို ပစ်ခတ် မှု တွေလုပ်ခဲ့တာ ဖြစ်တယ်လို့ သတင်းစာ တိုက် ဝန်ထမ်း တစ်ယောက် က ပြောပါတယ်။

အမေရိကန် ဒေသ စံတော်ချိန် ကြာသာပတေး နေ့ နေ့လယ် နှစ်နာရီ ခွဲ လောက် အချိန်မှာ ပစ်ခတ် တိုက်ခိုက်မှု ဖြစ်ပွားနေတယ် ဆိုတဲ့ သတင်း ပေးပို့ ချက် ကို ရရှိ ခဲ့တာ ဖြစ်တယ်လို ရဲတပ်ဖွဲ့ တာဝန် ရှိသူ က ပြောပါတယ်။

လတ်တလော အချိန်မှာ တော့ ပစ်ခတ် တိုက်ခိုက်သူ ကို ဖမ်းဆီး ရမိထားပြီး စစ်ဆေး မေးမြန်း မှုတွေ လုပ်နေတယ်လို့ ရဲမှူး ရိုင်ယန် ဖရေဇာ က ပြောပါတယ်။

သေနတ်နဲ့ ပစ်ခတ် ခဲ့သူကို ဖမ်းဆီး ရမိပြီဆိုတာကို အတည်ပြု ပြောကြားလိုပါတယ်။ သူ့ကိုယ် စစ်ဆေး မေးမြန်း မှု တွေ လုပ်နေပြီး အခု လောလောဆယ်မှာတော့ သူဘယ်သူလဲ ဆိုတာ မသိသေးဘူးလို့ ဆိုပါတယ်။ သေနတ် သမား က အရွယ်ရောက်ပြီးသာ လူဖြူ အမျိုးသား ဖြစ်တယ်ဆိုတာတော့ ပြောနိုင်ကြောင်း၊ ပြောင်းရှည် အမျိုး အစား သေနတ် ကို အသုံးပြုပြီး ပစ်ခတ် သွားတာ လို့လည်း ပြောဆိုပါတယ်။

အတည်မပြု နိုင်သေးတဲ့ သတင်းတွေ အရ အဲဒီ သေနတ် သမား ဟာ ဘယ်သူ ဘယ်ဝါ ဖြစ်ကြောင်း ရဲ တပ်ဖွဲ့ ရဲ့ မေးမြန်း မှု တွေကို ဖြေကြား ဖို့ ငြင်းဆန် နေတယ်လို့ ဆိုပါတယ်။

ပြီးတော့ သူ့ရဲ့ လက်ဗွေ ပုံစံ တွေကိုလည်း တနည်းနည်း နဲ့ ဖျက်ဆီး ပြစ် ခဲ့ပြီး လက်ဗွေ စစ်ဆေး လို့ မရအောင် လုပ်ထားတယ်လို့လည်း လူတွေက ပြောဆိုနေကြပါတယ်။

ဝါရှင်တန် ဒီစီ ရဲ့ အရှေ့ဘက် နား က အန်နာပိုးလစ် မြို့ မှာ ပစ်ခတ်မှု ဖြစ်
နောက်ပြီး အခင်း ဖြစ်ပွားရာနေရာကို FBI ဝန်ထမ်းတွေနဲ့ မူးယစ် ဆေးဝါး တာဆီး နှိမ်နှင်းရေးဌာန က အထူး တပ်ဖွဲ့ ဝင်တွေက ရှင်းလင်း မှု တွေ လုပ်နေပါတယ်။

ဒါ့အပြင် ပစ်ခတ် တိုက်ခိုက်မှု တွေ လုပ်ခဲ့သူ ရဲ့ ကျောပိုးအိတ် ထဲမှာ လက်ပစ်ဗုံး အတု တွေ နဲ့ မီးခိုးဗုံး တွေကိုလည်း ရှာဖွေ တွေ့ရှိ ခဲ့ရပါတယ်။

နောက်ပြီးတော့ အဲဒီ ကက်ပီတယ် ဂေဇက် သတင်းစာ တိုက် အဆောက်အအုံ ရှိရာ ခြံဝင်း အတွင်းမှာလည်း ပေါက်ကွဲ စေနိုင်တဲ့ ပစ္စည်း တွေကို ရှာဖွေ တွေ့ရှိခဲ့ပြီး ဖျက်ဆီး လိုက်ပြီ လို့ ရဲ တွေက ပြောပါတယ်။

သတင်းစာ တိုက် မှာ အလုပ်လုပ် နေကြတဲ့ ဝန်ထမ်း ၁၇၀ ကျော် ကိုတော့ ဘေးကင်း လုံခြုံရာ ဆီကို ရွှေ့ပြောင်း ပေးထား ရပါတယ်။

လက်ရှိ အချိန်မှာတော့ ပစ်ခတ် တိုက်ခိုက်မှု နဲ့ ပတ်သက်လို့ သမ္မတ ဒေါ်နယ် ထရမ့် က လုံခြုံရေး အကြံပေး တွေနဲ့ ဆွေးနွေးမှု တွေ လုပ်ခဲ့ပါတယ်။ ပစ်ခတ်မှု အတွင်းမှာ သေဆုံး ခဲ့ကြသူတွေ အတွက် ဝမ်းနည်းကြောင်းကိုလည်း သူ့ရဲ့ လူမှု ကွန်ရက်မှာ ရေးသား ခဲ့ပါတယ်။

အန်နားပိုးလစ် အတွက် နေ့စဉ် သတင်းစာ တွေကို အခု ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တဲ့ ကက်ပီတယ် ဂေဇက် သတင်းစာ တိုက် က ထုတ်လုပ် တာ ဖြစ်ပါတယ်။

နောက်ဆုံး ရရှိတဲ့ သတင်းတွေ အရတော့ ပစ်ခတ် တိုက်ခိုက် ခဲ့သူ ဟာ အသက် ၂၀ အရွယ် ရှိပြီး ရဲတပ်ဖွဲ့ ထံ ကိုငြင်းဆန် ခြင်း မလုပ်ဘဲ လက်နက် ချ အဖမ်းခံ ခဲ့တယ်တာ ဖြစ်တယ်လို့လည်း မျက်မြင် သက်သေ တွေက ပြောဆို နေပါတယ်။

BBC Burmese
http://www.bbc.com/burmese

COMMENTS

Name

art,1,article,1356,cartoon variety,23,crime,70,culture,1,documentary,9,Entertainment,9,health,36,history,2,international,8815,interview,230,knowledge,9,Live,8,LocalNews,18114,news,2842,opinion,795,photos,203,poem,117,satires,40,song,12,speech,13,sports,196,statement,59,technic,59,translate,36,video,1077,voice,76,
ltr
item
dawnmanhon: မေရီလန်း ပြည်နယ်မှာ ပစ်ခတ်မှု ဖြစ်ပွားလို့ အနည်းဆုံး ငါးယောက်သေဆုံး၊ အများအပြား ဒဏ်ရာရ
မေရီလန်း ပြည်နယ်မှာ ပစ်ခတ်မှု ဖြစ်ပွားလို့ အနည်းဆုံး ငါးယောက်သေဆုံး၊ အများအပြား ဒဏ်ရာရ
https://2.bp.blogspot.com/-BWi7_TOr6fk/WzWU7ewfXaI/AAAAAAAB2VY/6VVS_4rDxdswlCv_KgwPMK8VwWp0iNW5ACLcBGAs/s400/9.jpg
https://2.bp.blogspot.com/-BWi7_TOr6fk/WzWU7ewfXaI/AAAAAAAB2VY/6VVS_4rDxdswlCv_KgwPMK8VwWp0iNW5ACLcBGAs/s72-c/9.jpg
dawnmanhon
http://www.dawnmanhon.com/2018/06/blog-post_578.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2018/06/blog-post_578.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy