![]() |
ဂျေရုဆလင်မှာ ကစားမယ့် ဘောလုံးပွဲကို ဖျက်ခဲ့တာဖြစ် |
ဒီလိုဖျက်သိမ်းမှုဟာ ပါလက်စတိုင်း ကိစ္စအပေါ် အစ္စရေးလ်ရဲ့ ကိုင်တွယ်ဖြေရှင်းမှုတွေကြောင့် အစ္စရေးလ်အပေါ် နိုင်ငံတကာ ဖိအားတွေများလာချိန်နဲ့ တိုက်ဆိုင်နေတာပါ။
သူတို့ဟာ ကျင့်ဝတ်တွေနဲ့လျော်ညီစွာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချခဲ့တယ်လို့ အာဂျင်တီးနားတိုက်စစ်မှူး ဂွန်ဇာလို ဟယ်ဂူအင်က ESPN အားကစား သတင်းဌာနနဲ့ ပြုလုပ်တဲ့ အင်တာဗျူးမှာ ပြောပါတယ်။
ဂျေရုဆလင်မှာ နှစ်နိုင်ငံ ဘောလုံးအသင်းတွေကစားမယ့် ချစ်ကြည်ရေး ခြေစမ်းပွဲ မကျင်းပတော့ပဲ ဖျက်သိမ်းလိုက်တာ မှန်ကန်ကြောင်းနဲ့အာဂျင်တီးနားနိုင်ငံဆိုင်ရာ အစ္စရေလ်းသံရုံး လူမှုကွန်ယက် စာမျက်နှာမှာလည်း ဖော်ပြထားပါတယ်။
အစ္စရေလ်းဝန်ကြီးချုပ် နေတန်ယာဟုဟာ နှစ်နိုင်ငံချစ်ကြည်ရေးအတွက် ဘောလုံးပွဲကို ကစားရင်း ဆက်ဆံရေးကို အဖတ်ဆယ်နိုင်ဖို့ တောင်းဆိုခဲ့တယ်လို့ သတင်းတွေမှာလည်း ဖော်ပြထားပါတယ်။
လတ်တလော ကာလအတွင်းမှာပဲ ဆန္ဒပြပွဲဖြိုခွင်းမှုတွေကြောင့် လူ ၁၂၀ လောက် သေဆုံးခဲ့ရတဲ့ ပါလက်စတိုင်းတွေအခြေချတဲ့ ဂါဇာမှာတော့ ဒီလို ဘောလုံးပွဲစဉ် ဖျက်သိမ်းလိုက်တဲ့ သတင်းကို ကြိုဆိုနေကြပါတယ်။
အနောက်ဘက်ကမ်းခြေ ရာမာလာမှာ အခြေစိုက်တဲ့ ပါလက်စတိုင်း ဘောလုံးအဖွဲ့ချုပ်ကတော့ အာဂျင်တီးနား တိုက်စစ်မှူး မက်ဆီနဲ့ သူ့ရဲ့ အသင်းဖော်တွေကို ကြိုဆိုကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့တာပါ။
လူမှုကျင့်ဝတ် တန်ဖိုးတွေကို အခြေခံတဲ့ အားကစားဟာ ဒီကနေ့မှာ အနိုင်ရရှိခဲ့ပါပြီ အခုလို အစ္စရေလ်းကို ပြိုင်ပွဲပေးမကစားစေတာဟာ လူမှုကျင့်ဝတ် တန်ဖိုးအခြေခံတဲ့ လူ့အဖွဲ့အစည်းပေါ်ပေါက်ရေးအတွက် အထောက်အကူပြုစေပါလိမ့်မယ်လို့ ပါလက်စတိုင်းဘောလုံးအဖွဲ့ချုပ် ဥက္ကဌ Jibril Rajoub က ရိုက်တာကို ပြောပါတယ်။
ဘောလုံးပွဲစဉ်ဖျက်သိမ်းရေး လူထုလှုပ်ရှားမှုတွေမှာ ဦးဆောင်ခဲ့သူ အယ်ဗာတ်ကတော့ အာဂျင်တီးနားရဲ့ အခုဆုံးဖြတ်ချက်ဟာ ကျင့်ဝတ်အခြေခံတဲ့ ရဲရင့်တဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ပြောပါတယ်။ယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
BBC Burmese
http://www.bbc.com/burmese
COMMENTS