အမေရိကန်သမ္မတနဲ့ ထိပ်သီးဆွေးနွေးပွဲရလဒ်အကြောင်း မြောက်ကိုရီးယား အသားပေးဖော်ပြ

အမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုန်အွန်တို့ရဲ့ စင်္ကာပူထိပ်သီးဆွေးနွေးပွဲအတွင်း အမေရိကန်ဘက်က လိုက်လျောချက်တွေကို ဒီနေ့ မြောက်ကိုရီးယားအစိုးရသတင်းမှာ ဦးစားပေးဖော်ပြထားတယ်လို့ သိရပါတယ်။

သမ္မတထရန့်အနေနဲ့ မြောက်ကိုရီးယားအပေါ် ရန်လိုတဲ့လုပ်ဆောင်ချက်တွေကို ရပ်ဆိုင်းဖို့လိုတယ်ဆိုတာ နားလည်သဘောပေါက်ကြောင်း၊ မြောက်ကိုရီးယားနိုင်ငံအပေါ် လုံခြုံရေး အာမ,ခံပေးဖို့နဲ့၊ ပိတ်ဆို့အရေးယူမှုတွေ ဖယ်ရှားပေးရေးလိုတဲ့ဆန္ဒ ရှိတာကိုလည်း ပြောကြားခဲ့ကြောင်း၊ မြောက်ကိုရီးယားနဲ့ဆွေးနွေးနေချိန်အတွင်း စိတ်ကောင်းစေတနာရှိကြောင်း ပြသတဲ့အနေနဲ့ တောင်ကိုရီးယားနဲ့ နှစ်စဉ် ပူးတွဲစစ်ရေးလေ့ကျင့်နေတာကို ရပ်တန့်ဖို့လည်း သဘောတူခဲ့ကြောင်း မြောက်ကိုရီးယားအစိုးရသတင်းဌာန KCNA က ဖော်ပြထားပါတယ်။

တချိန်ထဲမှာပဲ အမေရိကန်-မြောက်ကိုရီးယား ထိပ်သီးတွေ့ဆုံပွဲအပေါ် ကြိုဆိုကြောင်း ရုရှားအစိုးရပြောခွင့်ရသူက သတင်းထောက်တွေကို ပြောကြားလိုက်ပါတယ်။

ဒီတွေ့ဆုံပွဲကြောင့် နှစ်နိုင်ငံအကြား တင်းမာမှုတွေ ပြေလျော့ခဲ့ပြီး၊ ပြီးခဲ့တဲ့လအနည်းငယ်က ထိပ်တိုက်တွေ့မယ့် အခြေအနေကနေ ရုန်းထွက်နိုင်ခဲ့တယ်လို့ ရုရှားအစိုးရပြောခွင့်ရသူက ပြောပါတယ်။

တောင်ကိုရီးယားသမ္မတရဲ့ ပြောခွင့်ရသူကတော့... အမေရိကန်နဲ့ တောင်ကိုရီးယားအကြား နှစ်နိုင်ငံ ဆွေးနွေးအဖြေရှာရမယ့်ကိစ္စတွေ ပိုလုပ်ဆောင်ဖို့လိုတယ်လို့ ပြောကြားပါတယ်။

တရုတ်နိုင်ငံကတော့... အမေရိကန်နဲ့မြောက်ကိုရီးယား ပူးတွဲကြေညာချက်ကို ကြိုဆိုလိုက်ပြီး၊ တရုတ်နိုင်ငံက အကြံပေးထားတဲ့ နှစ်ဖက် သူသာ/ကိုယ်သာစဉ်းစားနည်းကို ပြသလိုက်တာ ဖြစ်တယ်လို့လည်း တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ပြောကြားလိုက်ပါတယ်။

Photo: Dan Scavino Jr. (Director of Social Media @WhiteHouse)

RFA Burmese

COMMENTS

Name

art,1,article,1334,cartoon variety,22,crime,68,culture,1,documentary,8,Entertainment,9,health,35,history,2,international,8087,interview,222,knowledge,9,Live,8,LocalNews,16827,news,2842,opinion,772,photos,203,poem,117,satires,39,song,12,speech,12,sports,183,statement,59,technic,58,translate,34,video,1070,voice,76,
ltr
item
dawnmanhon: အမေရိကန်သမ္မတနဲ့ ထိပ်သီးဆွေးနွေးပွဲရလဒ်အကြောင်း မြောက်ကိုရီးယား အသားပေးဖော်ပြ
အမေရိကန်သမ္မတနဲ့ ထိပ်သီးဆွေးနွေးပွဲရလဒ်အကြောင်း မြောက်ကိုရီးယား အသားပေးဖော်ပြ
https://4.bp.blogspot.com/-tgMnD_t4YSc/WyFAInM8umI/AAAAAAAAe-U/4Lm86W822780DIAIC3fo9lKP2Et4jWC4gCLcBGAs/s640/q1.jpg
https://4.bp.blogspot.com/-tgMnD_t4YSc/WyFAInM8umI/AAAAAAAAe-U/4Lm86W822780DIAIC3fo9lKP2Et4jWC4gCLcBGAs/s72-c/q1.jpg
dawnmanhon
http://www.dawnmanhon.com/2018/06/blog-post_749.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2018/06/blog-post_749.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy