ဒုဌဝတီမြစ် ရေကြီးနိုင်လို့ သတိပေးထား

နမ့်​လန်​မှာ ရေကြီးနေတာကို တွေ့ရစဉ်။ Photo: Thipaw Ko Latt Facebook
ရှမ်းပြည်မြောက်ပိုင်းမှာ မိုးများလွန်းတာကြောင့် ဒုဌ၀တီမြစ်ဝှမ်းတလျှောက် ရေကြီးနိုင်တဲ့အတွက် သတိထားနေ ထိုင်ကြဖို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က သဘာဝဘေးအန္တရာယ် အထူးသတိပေးချက် ထုတ်ပြန် ထားပါတယ်။

ဒုဌ၀တီမြစ်ဝှမ်းတလျှောက်မှာရှိတဲ့ ကျေးရွာတွေ၊ အပန်းဖြေစခန်းတွေအနေနဲ့ အထူးသတိပြုနေထိုင်ကြဖို့ ထုတ်ပြန်ထားပြီး သဘာဝဘေးအန္တရာယ်ကြုံတွေ့လာရင် ကူညီကယ်ဆယ်ရေးဆောင်ရွက်ဖို့လည်း အသင့်အနေအထား ပြင်ဆင်ထားတယ်လို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သစ်တော၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ် က ပြောပါတယ်။

"ဒုဌဝတီမြစ်ရဲ့ မြစ်ဖျားခံရာက ရှမ်းပြည်မြောက်ပိုင်းပေါ့နော်၊ မိုးရွာသွန်းမှုများတယ်ဆိုလို့ရှိရင် ကျနော် တို့ ဒုဌ၀တီမြစ်က မန္တလေးတိုင်းထဲကို ဖြတ်သန်းစီးဆင်းသွားတာပေါ့နော်၊ ဒီရေရုတ်တရက်မြင့်တက် လာရင် ဒီဘေးမှာနေတဲ့ ဒေသခံတွေကို သတိပေးတာပေါ့၊ အဲဒီမှာ အပန်းဖြေစခန်းတွေလည်းရှိတယ်၊ အဲတော့ အဲဒီအပန်းဖြေစခန်းတွေလည်းအပါအ၀င် သတိပေးထားတာပေါ့နော်၊ မန္တလေးတိုင်းဒေသကြီး အစိုးရအနေနဲ့ကတော့ သဘာဝဘေးအန္တရာယ်ကျလာရင် ကယ်ဆယ်ရေးအဖွဲ့တွေရှိပါတယ်၊ အဲဒါ ကတော့ မီးသတ်ဌာနအောက်မှာပေါ့နော်၊ အဲဒါကတော့ အဆင်သင့်အနေအထားမှာရှိပါတယ်"

တိုင်းဒေသကြီးအစိုးရအဖွဲ့က မနေ့က ထုတ်ပြန်တဲ့ သတိပေးစာမှာ ရှမ်းပြည်မြောက်ပိုင်းမှာ  မိုးသည်းထန်မှုကြောင့် ဒုဌ၀တီမြစ်ဝှမ်းတစ်လျှောက် အန္တရာယ်ဖြစ်နိုင်ဖွယ်ရှိပြီး မြစ်ချောင်းဘေးဒေသတွေ နဲ့ မြေနိမ့်ဒေသဖြစ်တဲ့ နမ့်လန်မြို့မှာ အထူးစိုးရိမ်ဖွယ်ရာ အခြေအနေရှိနေကြောင်း၊ အထူးသတိထားရန် လိုအပ်ကြောင်း ဖော်ပြထား ပါတယ်။

ဒါ့အပြင် မိုးရွာသွန်းနေတဲ့ ဒေသရဲ့  မိုင် ၃၀ ၀န်းကျင်၊ သီပေါမြို့တောင်ဘက် တောင်တန်းဒေသ၊ မဲပုတ် ၊ ချောင်လင်၊ ရဲရွာဆည်အရှေ့မြောက်ဖျားဒေသ၊ ရဲရွာဆည်သမာန်းသာအပန်းဖြေ(၇-မိုင်)၊ ရွှေစာရံ၊ မြစ်ငယ်၊ အင်းဝ(ရလွန်းကျော်) စတဲ့ ဒေသမှာ နေထိုင်သူတွေ၊ ခရီးသွားသူတွေအနေနဲ့ ကြိုတင်စီမံဆောင်ရွက်ထားဖို့နဲ့ အထူးသတိပြုဖို့ဆိုပြီး ပါရှိပါတယ်။

ဒီရက်ပိုင်းမှာပဲ ရှမ်းပြည်နယ်၊ သီပေါမြို့နယ်နဲ့ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွေမှာ မိုးကြီးတဲ့အတွက် ရေကြီးရေလျှံ မှုတွေ ဖြစ်ပေါ်ခဲ့ပြီး နေအိမ်တချို့ ရေထဲမျောပါတာတွေရှိခဲ့တာကြောင့် ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ထောက်ပံ့မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ရှမ်းပြည်နယ်၊ သီပေါမြို့နယ်၊ နမ့်လန်ကျေးရွာအုပ်စုမှာ ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်နေ့က  မိုးသည်းထန်စွာ ရွာသွန်း ပြီး တောင်ကျရေတွေကြောင့် လမ်းပိတ်ဆို့မှုတွေ ဖြစ်ပွားခဲ့သလို နေအိမ် ၂ လုံး ရေထဲမျောပါသွားခဲ့ပါတယ်။ နမ့်လန်ကျေးရွာဟာ အိမ်ခြေ ၃၇၀၀ ကျော်ရှိပြီး ကျေးရွာရဲ့ ၃ ပုံ ၂ ပုံလောက်ကို ရေတွေဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

RFA Burmese
https://www.rfa.org/burmese

COMMENTS

Name

art,1,article,1344,cartoon variety,22,crime,70,culture,1,documentary,9,Entertainment,9,health,36,history,2,international,8576,interview,223,knowledge,9,Live,8,LocalNews,17554,news,2842,opinion,781,photos,203,poem,117,satires,39,song,12,speech,12,sports,194,statement,59,technic,59,translate,34,video,1073,voice,76,
ltr
item
dawnmanhon: ဒုဌဝတီမြစ် ရေကြီးနိုင်လို့ သတိပေးထား
ဒုဌဝတီမြစ် ရေကြီးနိုင်လို့ သတိပေးထား
https://4.bp.blogspot.com/-XJVvZS6agm0/Wxp0D7yIbTI/AAAAAAAB0HI/sYZFw6mRh1Y__OrqV0mxgSXhIfM-f1rcACLcBGAs/s400/2.jpg
https://4.bp.blogspot.com/-XJVvZS6agm0/Wxp0D7yIbTI/AAAAAAAB0HI/sYZFw6mRh1Y__OrqV0mxgSXhIfM-f1rcACLcBGAs/s72-c/2.jpg
dawnmanhon
http://www.dawnmanhon.com/2018/06/blog-post_783.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2018/06/blog-post_783.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy