တိုင်းဧရာ သစ်ခိုးထုတ်ကိစ္စ စစ်ဆေးဖို့ ကော်မရှင်ဖွဲ့

တရားမ၀င် သစ်ခိုး သယ်ဆောင်မှုကို စစ်ဆေးနေစဉ်
ဧရာဝတီတိုင်း အတွင်းမှာ သစ်ခိုးထုတ်မှုတွေ ဖြစ်ပေါ်နေတဲ့ကိစ္စကို စုံစမ်း စစ်ဆေးဖို့ တိုင်းဒေသကြီးလွှတ်တော်က ကော်မရှင် တရပ် ဖွဲ့စည်းပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဒါဟာ တိုင်းဒေသကြီး လွှတ်တော်မှာ သက်တမ်း နှစ်နှစ်ခွဲအတွင်း စုံစမ်းစစ်ဆေးရေး အတွက် ကော်မရှင်ကို ပထမဆုံးအကြိမ် စ ဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်။

အခု ဖွဲ့စည်းပေးလိုက်တဲ့ ကော်မရှင်မှာ လွှတ်တော်အမတ် ၇ ယောက် ပါဝင်ပြီး လိုအပ်တဲ့ ပုဂ္ဂိုလ်တွေကို စုံစမ်းစစ်ဆေး နိုင်တယ်လို့ သူတို့ရဲ့ လုပ်ပိုင်ခွင့် တာဝန်ထဲမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ လွှတ်တော်တုန်းက သာပေါင်းမြို့နယ် ကိုယ်စားလှယ်က သူတို့ဆီမှာ သစ်တွေ ခိုးသယ်နေတဲ့ ကိစ္စကို မေးခွန်းမေးထားတဲ့ကိစ္စနဲ့ ပတ်သက်လို့ စစ်ဆေး ဖော်ထုတ်ပေးဖို့ အခုလို လုပ်ငန်း ကိုယ်စားလှယ်တွေ အဖွဲ့ ဖွဲ့ပြီး တာဝန်ပေးလိုက်တာ ဖြစ်တယ်လို့ စုံစမ်း စစ်ဆေးရေး အဖွဲ့ ခေါင်းဆောင် ဒေါ်ခိုင်ဇင်ဦး က ပြောပါတယ်။

လွှတ်တော်ဆိုတာ ပြည်သူကို ကိုယ်စားပြုတဲ့ အဖွဲ့ ဖြစ်လို့ လွှတ်ော်က စစ်ဆေး တွေ့ရှိတာကို အစိုးရ အဖွဲ့က ပြန်အရေးယူနိုင်အောင် စစ်ဆေး တွေ့ရှိချက်ကို တင်ပြပေးရမှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ကတော့ အစိုးရ ဖက်က ဖွဲ့တာ ဖြစ်ပြီး အခုဟာက လွှတ်တော်ဖက်ပိုင်းကနေ စစ်ဆေးကာ တွေ့ရှိချက်တွေကို လွှတ်တော် ဥက္ကဌ ဆီ အစီရင်ခံ တင်ပြသွားမှာ ဖြစ်ကာ အဲဒီက တဆင့် တွေ့ရှိချက်ကို အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဒေါ်ခိုင်ဇင်ဦး က ပြောပါတယ်။

အခုလို ကော်မရှင်ဖွဲ့ပြီး စုံစမ်း စစ်ဆေးတဲ့ အဆင့်ထိ ဖြစ်လာတယ် ဆိုတာကလည်း သာပေါင်းမြို့နယ် အမတ်က လွှတ်တော်ထဲမှာ သူတောက်လျှောက် ပြောနေပါလျက်နဲ့ ဒီကိစ္စတွေဟာ အရေးယူ ဆောင်ရွက်ခြင်းမရှိဘဲ လွတ်နေတယ်လို့ ခံစားရသလို အစိုးရဖက်က ကျပြန်တော့လည်း သူတို့ ဒါကို ဆောင်ရွက်နေတယ်လို့ ပြောနေကြောင်း ၊ အဲဒီကြားမှာ လွှတ်တော် ကိုယ်စားလှယ်နဲ့ ၀န်ကြီးတို့ရဲ့ အပြန်အလှန် ပြောဆိုမှုတွေ အကြိမ်ကြိမ် အခါခါ ဖြစ်လာခဲ့ကြောင်း ၊ အဲဒီ အတွက်ကြောင့် လွှတ်တော်က အခုလို ကော်မရှင်ဖွဲ့ စစ်ဆေးဖို့ ဆုံးဖြတ်လိုက်တာလို့ သူက ဆိုပါတယ်။

သစ်ခိုးထုတ်မှုတွေနဲ့ ပတ်သက်လို့ လွှတ်တော်မှာ ပြောဆိုမှုတွေ ကြာလာပြီ ဖြစ်တဲ့အပြင် အဲဒီ ဒေသက သစ်ထွက်တဲ့ အတွက် ခိုးထုတ်မှုတွေ ရှိနေလို့ လွှတ်တော်အတွင်း မေးခွန်းမေးတာ နှစ်ခါလောက် ရှိနေရာမှာ မေးခွန်းမေးတိုင်း တိကျ ရေရာတဲ့ အဖြေ မရတဲ့ အတွက် အခုလို ကော်မရှင် ဖွဲ့လိုက်တာလို့ ဒေါ်ခိုင်ဇင်ဦး က ရှင်းပြခဲ့ပါတယ်။
တရားမ၀င် သစ်ခိုး သယ်ဆောင်မှုကို စစ်ဆေးနေစဉ်
သစ်ခိုးထုတ်မှုနဲ့ ပတ်သက်လို့ ပြောရမယ် ဆိုရင် မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို တနှစ်ကို ဒေါ်လာ သန်း ၆၀၀ ဘိုး သစ်ခိုးထုတ် နေတယ်လို့ Environmental investigation agency ( EIA international) သဘာဝ ပတ်ဝန်းကျင် စုံစမ်း စစ်ဆေးရေးအဖွဲ့ရဲ့ အစီရင်ခံစာ ထဲမှာ ဖေါ်ပြထားပါတယ်။

အဲဒီလို သစ်ခိုးထုတ်ရာမှာ မြန်မာ စစ်တပ် အရာရှိတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကို ငွေပေးပြီး ခိုးထုတ် ခဲ့ကြကြောင်း သစ်ခိုးထုတ်သူတွေက ပြောပြတာကို EIA အဖွဲ့ရဲ့ မှတ်တမ်း ဗီဒီယိုခွေထဲမှာ တွေ့ရပါတယ်။

EIA အဖွဲ့ဝင်တွေက သစ်ထုတ်လုပ်ရေး လုပ်ငန်းလုပ်မယ့် သူတွေအဖြစ် ဟန်ဆောင်ပြီး တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထဲက သစ်ရောင်းဝယ်သူတွေ၊ အကောက်ခွန် ရှင်းလင်းရေး အေးဂျင့်တွေနဲ့ တွေ့ဆုံခဲ့ကြကြောင်း၊ အဲဒီထဲက တချို့က အကောက်ခွန်ကို ဘယ်လို ဖြတ်သန်းရပုံ၊ မြန်မာ အစိုးရ စစ်တပ် အရာရှိတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို ငွေပေးရပုံ၊ ဆက်သွယ် လုပ်ကိုင်ရပုံတွေကို ပြောပြခဲ့ကြောင်း အစီရင်ခံစာ ရေးသားသူ Jago Wadley က ဘီဘီစီကို ပြောပါတယ်။

တချို့သစ်တွေဟာ ကချင်ပြည်နယ်မှာ ရနိုင်တဲ့ သစ်တွေ မဟုတ်ပဲ အစိုးရ ထိန်းချုပ်ထားရာ စစ်ကိုင်းတိုင်းဘက်က သစ်တွေ ပါဝင်နေတာကို တွေ့ရတဲ့အတွက် အစိုးရ စစ်တပ် ပါဝင် ပတ်သက်မှု ထင်ရှားနေတယ်လို့လည်း ဆိုပါတယ်။

တနှစ်ကို ဒေါ်လာ သန်း ၆၀၀ဘိုး သစ်တွေ ခိုးထုတ်နေတယ် ဆိုတာ တရုတ် အကောက်ခွန် ဌာနက ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေနဲ့ ကုလသမဂ္ဂက ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေကနေ ရခဲ့တာလို့ Jago Wadleyက ပြောပါတယ်။

အထူးသဖြင့် မြန်မာနိုင်ငံက ထွက်တဲ့ တမလန်းနဲ့ ပိတောက်ကို ပရိဘောဂအတွက် တရုတ်နိုင်ငံက လိုချင်သူတွေ သိပ်များကြောင်း၊ ၂၀၁၂ ခုနှစ်တုန်းက တမလန်းနဲ့ ပိတောက် သစ်တွေ ဒေါ်လာ သန်း ၁၀၀ဖိုး တရုတ်ပြည်ကို ပို့ခဲ့ပြီး ၂၀၁၃ ခုနှစ်မှာတော့ ဒေါ်လာ သန်း ၃၀၀ ဖိုးပို့ခဲ့တာမို့ နောက်ထပ် ၁၁နှစ်လောက် ကြာရင် မြန်မာနိုင်ငံထဲမှာ တမလန်းနဲ့ ပိတောက် မျိုးတုံးသွားနိုင်ကြောင်း၊ ဒါ့ကြောင့် တမလန်းနဲ့ ပိတောက် မျိုးစိတ် မတုံးအောင် ထိန်းသိမ်းစေလိုကြောင်း ပြောပါတယ်။

၂၀၁၄ ခုနှစ် ဧပြီ လတုန်းက မြန်မာအစိုးရနဲ့ လက်မှတ်ရေးထိုးထားတဲ့ သစ်ခိုးထုတ်လုပ်မှု တားဆီးပိတ်ပင်တဲ့ ဥပဒေကို တရုတ်အစိုးရအနေနဲ့ လေးစားလိုက်နာဖို့နဲ့ တရားဥပဒေ စိုးမိုးရေးကို စစ်တပ်ကပါ လိုက်နာအောင် မြန်မာ အစိုးရဘက် ကလည်း လုပ်ဆောင်ဖို့ တိုက်တွန်းချင်ကြောင်း အစီရင်ခံစာ ရေးသားသူ Jago Wadley က ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese

COMMENTS

Name

art,1,article,1344,cartoon variety,22,crime,70,culture,1,documentary,9,Entertainment,9,health,36,history,2,international,8672,interview,224,knowledge,9,Live,8,LocalNews,17710,news,2842,opinion,781,photos,203,poem,117,satires,39,song,12,speech,12,sports,194,statement,59,technic,59,translate,34,video,1074,voice,76,
ltr
item
dawnmanhon: တိုင်းဧရာ သစ်ခိုးထုတ်ကိစ္စ စစ်ဆေးဖို့ ကော်မရှင်ဖွဲ့
တိုင်းဧရာ သစ်ခိုးထုတ်ကိစ္စ စစ်ဆေးဖို့ ကော်မရှင်ဖွဲ့
https://4.bp.blogspot.com/-LlxrUGh_g6M/WxtWFLZSfgI/AAAAAAAB0NU/33V6apNXMQsmt-RJtkZsr1aCU08ZpEXeQCLcBGAs/s400/3.jpg
https://4.bp.blogspot.com/-LlxrUGh_g6M/WxtWFLZSfgI/AAAAAAAB0NU/33V6apNXMQsmt-RJtkZsr1aCU08ZpEXeQCLcBGAs/s72-c/3.jpg
dawnmanhon
http://www.dawnmanhon.com/2018/06/blog-post_828.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2018/06/blog-post_828.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy