အီရတ် စစ်မြေပြင်မှာ လူ့အသက်တွေကယ်နေတဲ့ ကရင်ဆေးမှူးတွေ


ကရင်တိုင်းရင်းသားဆေးမှူးနှစ်ယောက် (ဘယ်ဖက်အစွန်) ကို အီရစ်စစ်သားများနှင့်အတူ တွေ့ရစဉ်

"အီရတ်မသွားခင်က အိုင်အက်စ် (ISIS) သတင်းကြားတယ်။ စိုးရိမ်တယ်၊ ကြောက်တယ်။ ဒါပေမဲ့ ဟိုမှာ အီရတ် လည်း ရောက်တော့ သေနတ်ထိတဲ့လူတွေ ဒဏ်ရာနဲ့ အသက်လုထွက်ပြေးတာ တွေ့ တယ်။ တချို့ဆို ခြေထောက်တွေ လက်တွေ ကျိုးတယ်။ တချို့ဆို ဗိုက်ထဲက အူတွေထွက်ကျတယ်။ သူတို့တော်တော် ဒုက္ခရောက်တာတွေ့တော့ ကြောက်တာထက် သူတို့ကို ပိုကူညီချင်တယ်။ ကြောက်စိတ်တွေမေ့ထား လိုက်တယ်" လို့ အီရတ်မှာ စစ်ဘေးရှောင်တွေကို သွားရောက်ကူညီခဲ့တဲ့ မြန်မာပြည်က ကရင်လူမျိုးဆေးမှူး စောဆယ်လဗာဟွန်း က ပြောပါတယ်။

သူဟာ ကရင်ပြည်နယ် အခြေစိုက် လူသားချင်းကူညီကယ်ဆယ်ရေး အဖွဲ့တဖွဲ့ ဖြစ်တဲ့ Free Burma Rangers (FBR) ရဲ့ အဖွဲ့ဝင် တယောက်ဖြစ်ပါတယ်။ ဒီအဖွဲ့ဟာ မြန်မာပြည်က စစ်ပွဲဖြစ်တဲ့ တိုင်းရင်း သားနယ်မြေတွေမှာ အရေးပေါ် အကူအညီပေးနေတဲ့ အဖွဲ့ဖြစ်ပါတယ်။ အခုဆိုရင် သူတို့ရဲ့ ကူညီကယ်ဆယ်ရေး အလုပ်ကို အီရတ်၊ ဆီးရီးယားနိုင်ငံတွေအထိ ဖြန့်ကျက် လုပ်ပေးနေပါပြီ။

စောဆယ်လဗာဟွန်းနဲ့ တခြား ကရင်ဆေးမှူးတွေဟာ အီရတ်နိုင်ငံက ဆင်းဂျား နဲ့ မိုဆူးဒေသတွေကို ရောက်ခဲ့သလို ဆီးရီးယားနယ်စပ်နဲ့ ဆူဒန်နိုင်ငံတွေမှာလည်း ကယ်ဆယ်ရေးတွေ သွားရောက် ကူညီကြပါတယ်။

သူတို့အဖွဲ့မှာ ကရင်လူမျိုးလေးယောက်ပါပြီး ကိုယ့်ကိုယ်ကို ကာကွယ်တဲ့အနေနဲ့ ကျည်ကာအင်္ကျီတွေ ဝတ်ရတယ်၊ သံချပ်ကာကားနဲ့ သွား ရတယ်၊ သံခမောက်ဆောင်း ရတယ် လို့ စောဆယ်လဗာဟွန်းက ပြောပါတယ်။

"မြန်မာအစိုးရက ရခိုင်ပြည်က မွတ်ဆလင်တွေကို ဖိနှိပ်တယ်လို့ သူတို့ကြားထားတယ်။ အဲဒီတော့ အစပိုင်းမှာ ကျွန်တော်တို့ကို မေးတာတွေ ရှိတယ်။ ဒါပေမယ့် ကျွန်တော်တို့က အစိုးရကို ကိုယ်စားပြုပြီးလာ တာမဟုတ်ဘူးလို့ ရှင်းပြတော့ သူတို့နားလည် သွားတယ်။ ကျွန်တော်တို့ ကူညီမှုတွေကို အသိအမှတ်ပြုတယ်။ ကျွန်တော့်တို့ကိုလည်း ခင်သွားတယ်" လို့ သူကပြောပါတယ်။ အီရတ်နိုင်ငံက စစ်မြေပြင်တွေမှာ အရေးပေါ်ဆေးကုသပေးတာ၊ စစ်ဘေးရှောင်တွေကို ကယ်ထုတ်တာတွေ လုပ်နေရတဲ့ကြားက တဖက်က ရန်သူတွေရဲ့ အန္တရာယ်တွေကိုလည်း စိုးရိမ်နေရပါတယ်။ ဆင်းဂျားနဲ့ မိုဆူးဒေသတွေမှာ ကယ်ဆယ်ရေး လုပ်ရတာဟာ ဘာသာရေးအစွန်းရောက် စစ်သွေးကြွ အစ္စလာမ်မစ်နိုင်ငံအဖွဲ့(ISIS) တပ်ဖွဲ့ရဲ့တိုက်ခိုက်မှုကိုလည်း သတိထားရတယ်လို့ FBR အဖွဲ့ဝင်တွေက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် FBR
အီရတ်ရှေ့တန်း တစ်နေရာက ကရင်ဆေးမှူး အီလီယာ (ယာစွန်)

FBR ရဲ့ အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ အမေရိကန်အထူးတပ်ရဲ့ အရာရှိဟောင်းတယောက်ဖြစ်တဲ့ ဒေးဗစ်ယူဘန်း က မြန်မာပြည်ကဆေးမှူးတွေဟာ ဆေးကုတာ၊ လူသားချင်းအကူအညီ ပေးတဲ့နေရာမှာ ရဲရင့်ကြတယ်။ မြန်မာပြည်က စစ်ဘေးရှောင်တွေကို ကူညီသလိုပဲ အီရတ်မှာ တိုက်ခိုက်ခံရသူတွေ၊ စစ်ဘေးရှောင်တွေကို ကူညီကြတယ်လို့ ဆိုပါတယ်။

"အီရတ်မှာကျတော့ ဘာသာရေးအစွန်းရောက်ရန်သူတွေ ရှိတယ်။ သူတို့က ကလေးရော အမျိုး သမီးတွေပါ အကုန်လုံးကို သတ်တယ်။ မြန်မာပြည်မှာတော့ အာဏာရှင်က ဆင်းသက်လာတဲ့ စစ်တပ်တွေ ရှိတယ်။ ဒါပေမဲ့ သူတို့ဟာ နေရာတိုင်းမှာ အစွန်းရောက်တာတော့ မဟုတ်ဘူး။ ပြည်သူတွေကိုနှိပ်စက်တာရှိပေမဲ့ သူတို့နဲ့ ညှိနှိုင်းလို့ရတယ်။ အဲဒါကြောင့် အခုလိုပဲ အပစ်အခတ်ရပ်စဲရေးအတွက် ညှိနှိုင်းကြတယ်။ IS နဲ့တော့ ဘယ်လိုမှ ညှိနှိုင်းလို့မရဘူး" လို့ ဒေးဗစ် ယူဘန်းက ပြောပါတယ်။

"အီရတ်မှာက သဲသောင်ပြင်အကျယ်ကြီး၊ သစ်ပင် မရှိသလောက်ပဲ။ တအားခြောက်သွေ့တယ်၊ ပူတယ်၊ မြစ်ချောင်းလည်း မရှိသလောက်ပဲ။ အိုင်အက်စ်တွေမှာလည်း အဝေးပစ် လက်နက်ကြီးတွေ ရှိတယ်။ အဝေးကနေ မြို့ထဲကို လက်နက်ကြီးနဲ့ လှမ်းပစ်လို့ရတယ်။ တအိမ်ခြား၊ အဆောက်အဦး တခုခြားပြီး အနီးကပ်တိုက်ခိုက်ကြတယ်။ သူတို့ဟာ ကားနဲ့ အသေခံ ဗုံးခွဲတာတွေလည်း လုပ်တယ်။ ကားထဲမှာ ဗုံးတွေအများကြီးထည့်ပြီး အနီးကပ်ဗုံးခွဲကြတယ်" လို့ သူတို့ ရင်ဆိုင်နေရတဲ့ မြေပြင် အခြေအနေတွေအကြောင်း သူက ပြောပြပါတယ်။
IS အန္တရာယ် ဆက်ရှိနေတဲ့ အီရတ်

ကိုယ်တိုင်လည်း အန္တရာယ်နဲ့ လက်တစ်ကမ်းမှာ

ကရင်ဆေးမှူးလေးယောက်၊ ကရင်နီတယောက်နဲ့ ကချင်တယောက်ပါဝင်တဲ့ FBR ကယ်ဆယ်ရေး အဖွဲ့ဟာ အီရတ်နဲ့ ဆီးရီးယားတွေမှာ အကြိမ်ကြိမ်သွားပြီး စစ်ဘေးရှောင်တွေကို ကူညီပါတယ်။ စစ်မြေပြင်အထိသွားပြီး အရေးပေါ် ဆေးကုပေးတာ၊ ပိတ်မိတဲ့သူတွေကိုကယ်ထုတ်တာအပြင် ဓာတ်ပုံ၊ ဗွီဒီယိုမှတ်တမ်းတွေလည်း ရိုက်ကူးကြပါတယ်။ စစ်မြေပြင်မှာ အဲဒီလိုလုပ်ကိုင်ဆောင်ရွက်ရာမှာ မွတ်ဆလင်စစ်သွေးကြွ (ISIS) တွေရဲ့ အန္တရာယ်နဲ့ကြုံခဲ့ဖူးတယ်၊ စစ်ပွဲမှာလည်း အသက်လုပြီး ပြေးရလွှားရပါတယ်။ တခါတလေ ရှေ့တန်းမှာ မလွဲမရှောင်သာ ISIS တပ်ဖွဲ့တွေနဲ့လည်း ခုခံတိုက် ခိုက်ရတာလည်းရှိပါတယ်။

ဓာတ်ပုံ မူပိုင် FBR
 FBR အဖွဲ့ခေါင်းဆောင် ဒေးဗစ်ယူဘန်းက ဒဏ်ရာရထားတဲ့ ကလေးကို ကယ်တင်လာစဉ်

"ကျွန်တော်တို့အလုပ်က တိုက်ခိုက်တာမဟုတ်ဘူး။ အရေးပေါ်အခြေအနေမှာ ဆေးကုတာ၊ ကူညီတာလုပ်ဖို့ပဲ။ သံချပ်ကာကားနောက်ကနေ ကျွန်တော်တို့ လိုက်တယ်၊ IS တပ်သားတွေကို ရှောင် တယ်။ ဒါပေမဲ့ တခါတလေကျတော့ သူတို့ကို ဘယ်လိုမှရှောင်လို့မရဘူး။ ကျွန်တော်တို့ ဆေးကုနေတာကို လာတိုက်တယ်၊ ကလေးတွေကိုပစ်တယ်။ အဲဒီအတွက် ကိုယ့်ကိုယ်ကို ခုခံကာကွယ်ရ တာမျိုးတော့ရှိပါတယ်" လို့ ဒေးဗစ်ယူဘန်းက ပြောပါတယ်။

အီရတ်နိုင်ငံမှာ ကယ်ဆယ်ရေးအလုပ်ကို ကိုယ်တိုင်သွားကူခဲ့တဲ့ မားခီ လို့ ခေါ်တဲ့ ကရင်ဆေးမှူးက တော့ "ကျွန်တော်တို့က အဖွဲ့အစည်းရဲ့ ဆောင်ပုဒ်အတိုင်း ဖိနှိပ်ခံရသူတွေဘက်က ရပ်တည်ပေး တယ်။ ဆေးကုသမှု သင်တန်းတွေပေးတယ်။ စစ်မြေပြင်မှာ ဒဏ်ရာရတဲ့လူတွေကို ဘယ်လို အရေးပေါ်ကူညီရမလဲဆိုတဲ့ သင်တန်းတွေပေးတယ်။ နောက်ပြီး ကမ္ဘာသိအောင် ကျွန်တော်တို့မှတ်တမ်းဓာတ်ပုံ၊ ဗွီဒီယိုတွေလည်းရိုက်တယ်။"

မာခီးဟာ စစ်မြေပြင်မှာလည်း ဓာတ်ပုံနဲ့ ဗွီဒီယိုမှတ်တမ်းတွေ ရိုက်ကူးပါတယ်။

အခု လောလောဆယ်မှာ FBR ရဲ့အဖွဲ့ခေါင်းဆောင် ဒေးဗစ်ယူဘန်းနဲ့အတူ ကရင်ဆေးမှူးသုံးယောက် ဟာ အီရတ်နဲ့ ဆီးရီယားနယ်စပ်မှာ စစ်ဘေးရှောင်တွေကို သွားရောက်ကူညီနေပါတယ်။

"မြန်မာပြည်လိုပဲ အဖိနှိပ်ခံရသူတွေကို ကျွန်တော်တို့ ကူညီချင်တယ်။ မြန်မာပြည်က ဆေးမှူးတွေ ရဲ့ လုပ်ဆောင်မှုဟာ အံ့ဩဖို့ ကောင်းပါတယ်။ အခုဆိုရင် အီရတ်နဲ့ ဆီရီးယားနိုင်ငံကလူ တွေ မြန်မာပြည်က လာတဲ့လူတွေကိုတောင် သိနေပြီ။ သူတို့ကို လာကူညီတာကို ကျေးဇူးစကားဆိုကြပါတယ်" လို့ ဒေးဗစ် က ပြောပါတယ်။

ဓာတ်ပုံ မူပိုင် FBR
 အီရတ်စစ်မြေပြင်မှာ ကရင်အမျိုးသားအလံနဲ့အတူ တွေ့ရတဲ့ ဆေးမှူး ဆယ်လဗာဟွန်း

http://www.bbc.com/burmese/in-depth-44416497

COMMENTS

Name

art,1,article,1323,cartoon variety,22,crime,68,culture,1,documentary,8,Entertainment,9,health,33,history,2,international,7747,interview,221,knowledge,9,Live,8,LocalNews,16388,news,2842,opinion,767,photos,203,poem,116,satires,39,song,12,speech,12,sports,159,statement,59,technic,58,translate,34,video,1068,voice,76,
ltr
item
dawnmanhon: အီရတ် စစ်မြေပြင်မှာ လူ့အသက်တွေကယ်နေတဲ့ ကရင်ဆေးမှူးတွေ
အီရတ် စစ်မြေပြင်မှာ လူ့အသက်တွေကယ်နေတဲ့ ကရင်ဆေးမှူးတွေ
https://ichef.bbci.co.uk/news/624/cpsprodpb/6DB3/production/_101938082_elaya3.jpg
dawnmanhon
http://www.dawnmanhon.com/2018/06/blog-post_925.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2018/06/blog-post_925.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy