အမုန်းတရားပွားစေရန်(သို့) အကြမ်းဖက်မှု လှုံ့ဆော်ရန်အတွက် facebook ကို အသုံးချနေခြင်းများအား မလိုလားကြောင်းနှင့် ယင်းတို့ကိုလည်း အမြန်ဆုံးဖယ်ရှားပစ်နေကြောင်း facebook မှ တာဝန်ရှိသူများပြောကြား

အမုန်းတရားပွားစေရန်(သို့)အကြမ်းဖက်မှု လှုံ့ဆော်စေရန်အတွက် facebook ကို အသုံးချနေခြင်းကို မလိုလားကြောင်း နှင့် ယင်းသို့သော အကြောင်းများကို facebook ပေါ်မှ တတ်နိုင်သမျှ အမြန်ဆုံး ဖယ်ရှားပစ်ရန် အစဉ်ကြိုးစားလျှက်ရှိကြောင်း facebook မှ တာဝန်ရှိသူများက ယနေ့ပြောသည်။

ရန်ကုန်၊ ကမ္ဘာအေး ဘုရားလမ်းရှိ ဆီဒိုးနားဟိုတယ်တွင် ယနေ့ နံနက်ပိုင်းကပြုလုပ်သော facebook တာဝန်ရှိသူအဖွဲ့မှ ၄င်းတို့၏ လုပ်ဆောင်နေမှုများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် ထိုသို့ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

"မြန်မာနိုင်ငံတွင်သာမက ကမ္ဘာတစ်ဝန်းမှာရှိတဲ့ facebook အသုံးပြုသူလူထုရဲ့ လုံခြုံမှုဟာ ကျွန်မတို့အတွက် အမှန်တကယ် ဦးစားပေးတဲ့ အရာပါပဲ။ ဒီလိုလုံခြုံမှုရှိစေဖို့လည်း ကဏ္ဍပေါင်းစုံမှ အင်တိုက်အားတိုက် ကြိုးပမ်းလျှက်ရှိပါတယ်။
မြန်မာနိုင်ငံအကြောင်းနဲ့ ကြုံတွေ့ရတဲ့ ပြဿနာတွေကို ကောင်းကောင်းနားလည်တဲ့ product အဖွဲ့သားတွေလည်း ရှိနေပါပြီ။ ဆက်လက်ပြီး ကျွန်မတို့ရဲ့ product ကို တိုးတက်အောင်ပြုလုပ်တိုင်း မြန်မာကို ခေါင်းထဲထည့်ထားဖို့လဲ စဉ်းစားထားပါတယ်။ အဖြေတွေအားလုံးတော့ မရှိသေးပါဘူး။ ဒါပေမယ့် ကျွန်မတို့ရဲ့ လူမှုပတ်ဝန်းကျင်ရဲ့ ကောင်းမှုအတွက် အားလုံးကို မှန်ကန်စွာ လုပ်ဆောင်သွားဖို့ ကတိပေးဆောင်ရွက်နေပါတယ်"ဟု facebook မှ ထုတ်လုပ်မှုမန်နေရာ မစ္စ ဆာရာ စု က ပြောသည်။

ထို့အပြင် မြန်မာနိုင်ငံတွင်သာ ကြုံတွေ့ရသည့် စိန်ခေါ်မှုများရှိကြောင်း၊ မိမိတို့ဖက်မှ တုံ့ပြန်ရာတွင် နှောင့်နှေးခဲ့သည် ဆိုသည်ကို သိသော်ငြားလည်း မြန်မာနိုင်ငံမှ သုံးစွဲသူများလုံခြုံစေရေးအတွက် ယင်းစိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရန်နှင့် ကဏ္ဍမျိုးစုံတွင်လည်း ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ထားကြောင်း မစ္စ ဆာရာ စုက ပြောပါသေးသည်။

"မြန်မာနိုင်ငံက လူပေါင်း ၁၈သန်းလောက်ဟာ facebook ပေါ်မှာ ရှိကြပါတယ်။ ဒီသုံးစွဲသူ လူထုဟာဆိုရင် ကျွန်မတို့အတွက် အဆမတန်အရေးပါပြီး၊ သူတို့ရဲ့ facebook ပေါ်က အတွေ့အကြုံတွေဟာ အဓိပ္ပါယ်ရှိပြီး အပြုသဘောဆောင်တဲ့အပြင် အရေးအကြီးဆုံးကတော့ လုံခြုံမှုရှိစေဖို့ ကတိပေးဆောင်ရွက်လျှက်ရှိပါတယ်"ဟုလည်း သူမကပြောပါသေးသည်။

facebook အား အစဉ်အမြဲ ကူညီပံ့ပိုးပေးနေသည့် အရပ်ဖက်လူမှုအဖွဲ့အစည်းများကိုလည်း အထူးကျေးဇူးတင်ကြောင်း သူမကပြောသည်။

အဖော်အချွတ်ပါဝင်သော အကြောင်းအရာများ၊ လိင်ကိစ္စများ၊ အမုန်းစကားများနှင့် အကြမ်းဖက်မှုပါဝင်သောအကြောင်းအရာများနှင့်ပတ်သက်၍ facebook သို့ မြန်မာဘာသာဖြင့်ပင် အကြံပြုချက်များ facebook သို့ ပေးပို့နိုင်ပြီဖြစ်ပြီး၊ ထိုသို့ပေးပို့လာသော အကြံပြုချက်များကို Community Operation အဖွဲ့သားများက ၂၄ နာရီအတွင်း ဆန်းစစ်သွားမည်ဖြစ်သည်။

facebook သည် မြန်မာနိုင်ငံရှိ သုံးစွဲသူများကို ဆက်လက်လုံခြုံမှုရှိစေရန် မူဝါဒများ၊ လူအင်အား၊ ပရိုဂရမ်နှင့် Product စသော အဓိကနေရာ လေးခုတွင် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ထားသည်။

ယနေ့ပြုလုပ်သော facebook တာဝန်ရှိသူအဖွဲ့မှ ၄င်းတို့၏ လုပ်ဆောင်နေမှုများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပွဲသို့ စာနယ်ဇင်းဆရာများနှင့် စိတ်ပါဝင်စားသူများတက်ရောက်ခဲ့ကြသည်။

---

သီဟ
ဓာတ်ပုံ - အောင်နိုင်စိုး(ကစ္ဆပ)

===========

Popular News Journal

ရန်ကုန်၊ ဇွန် ၈

COMMENTS

Name

art,1,article,1344,cartoon variety,22,crime,70,culture,1,documentary,9,Entertainment,9,health,36,history,2,international,8576,interview,223,knowledge,9,Live,8,LocalNews,17554,news,2842,opinion,781,photos,203,poem,117,satires,39,song,12,speech,12,sports,194,statement,59,technic,59,translate,34,video,1073,voice,76,
ltr
item
dawnmanhon: အမုန်းတရားပွားစေရန်(သို့) အကြမ်းဖက်မှု လှုံ့ဆော်ရန်အတွက် facebook ကို အသုံးချနေခြင်းများအား မလိုလားကြောင်းနှင့် ယင်းတို့ကိုလည်း အမြန်ဆုံးဖယ်ရှားပစ်နေကြောင်း facebook မှ တာဝန်ရှိသူများပြောကြား
အမုန်းတရားပွားစေရန်(သို့) အကြမ်းဖက်မှု လှုံ့ဆော်ရန်အတွက် facebook ကို အသုံးချနေခြင်းများအား မလိုလားကြောင်းနှင့် ယင်းတို့ကိုလည်း အမြန်ဆုံးဖယ်ရှားပစ်နေကြောင်း facebook မှ တာဝန်ရှိသူများပြောကြား
https://1.bp.blogspot.com/-aHFTgvU5dc0/WxqrMZV3tBI/AAAAAAAAe9k/gpk9w8AT4ywXkVLlM_QMgHcK3M2VE4DigCLcBGAs/s640/q1.jpg
https://1.bp.blogspot.com/-aHFTgvU5dc0/WxqrMZV3tBI/AAAAAAAAe9k/gpk9w8AT4ywXkVLlM_QMgHcK3M2VE4DigCLcBGAs/s72-c/q1.jpg
dawnmanhon
http://www.dawnmanhon.com/2018/06/facebook-facebook.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2018/06/facebook-facebook.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy