YBS ယဉ်မောင်းအမှုနဲ့ ကိုကျော်နေဝင်း တို့အမှု တရားရုံးလက်ခံ

အလုပ်ရှင်က ဖိနပ်အချွန်နဲ့ ကန်လိုက်တဲ့အတွက် YBS ၂၀ ယာဉ်မောင်း ဦးအောင်မြတ်ရဲ့ ရင်ဘတ်နေရာမှာ ဒဏ်ရာရနေတာကို တွေ့ရစဉ်/ Photo: BO Hla Gyi - facebook
YBS  20 ယာဉ်မောင်း တစ်ယောက်ကို ကိုယ်ထိလက်ရောက်ကျုးလွန်ခဲ့တယ်ဆိုပြီး YBS 20 ယာဉ်လိုင်းပိုင်ရှင် ဦးကျော်နေ၀င်းနဲ့ ဦးဇွဲနေ၀င်းတို့ကို တစ်စုံတစ်ယောက်အား နာကျင်စေမှုပုဒ်မ  ၃၂၃ နဲ့ တရားစွဲဆိုဖို့ကို လှိုင်သာယာမြို့နယ် တရားရုံးက လက်ခံလိုက်ပါတယ်။

အဲဒီအမှုနဲ့ပတ်သက်ပြီး တိုင်ကြားခံရသူတွေကိုပါ ဆင့်ခေါ်သွားမှာဖြစ်တဲ့အကြောင်း တရားသူကြီးက ပြောလိုက်တယ်လို့  ကားမောင်းသမားဘက်က လိုက်ပါကူညီပေးနေတဲ့ အလုပ်သမားအရေးလှုပ်ရှားသူ ဦးမောင်မောင်ဟန် က ပြောပါတယ်။

"တွဲဖက်တရားသူကြီး ၁ ကနေ ရှင်းပြပါတယ်။ ကိုအောင်မြတ်ရဲ့အမှုက နှစ်ဖက်ရဲ့ စွဲဆိုချက်တွေကို ပြန်လည်တင်ပြချက်နဲ့ တရားသူကြီးကနေ ၂၉၄/၃၂၃ လူတဖက်သားကို ထိခိုက်ဒဏ်ရာရလိုမှု၊ အဲဒါကို ဆင့်ခေါ်ပါမယ်တဲ့။"

ပြီးခဲ့တဲ့မေလတုန်းက ယာဉ်မတော်တဆ ထိခိုက်တာကြောင့် ကားပျက်စီးတယ်ဆိုပြီး ယာဉ်မောင်း ဦးအောင်မြတ်ကို ယာဉ်လိုင်းပိုင်ရှင် ဦးကျော်နေ၀င်းနဲ့ ဦးဇွဲနေ၀င်းတို့က ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့တယ်ဆိုပြီး လှိုင်သာယာမြို့နယ်တရားရုံးမှာ  ဦးတိုက်လျှောက်ထားခဲ့တာဖြစ်ပါတယ်။

ယာဉ်ထိခိုက်တာကြောင့် အလုပ်ထုတ်ခံလိုက်ရတဲ့ ဦးအောင်မြတ်နဲ့ ဦးကျော်မင်းထွန်း အတွက် အလုပ်ထုတ်နစ်နာကြေး၊ လုပ်ခလစာကျန်ငွေနဲ့ အလုပ်ထုတ်မယ်ဆိုရင် ၁ လ ကြိုတင်အကြောင်းမကြားတဲ့ လျော်ကြေးတွေအတွက် မြို့နယ်ညှိနိုင်းဖျဉ်ဖြေရေးရုံးကို တိုင်ကြားခဲ့ပါတယ်။ YBS 20 ယာဉ်လိုင်းဘက်ကနေ လုပ်ခလစာကျန်ငွေသာပေးမယ်ဆိုတဲ့အတွက် အလုပ်သမား ခုံသမာဓိကို ထပ်တိုင်ကြားထားတယ်လို့ ဦးမောင်မောင်ဟန်က ပြောပါတယ်။

ယာဉ်မောင်း ဦးကျော်မင်းထွန်း နစ်နာကြေး ၃ ခုအတွက် ငွေကျပ် ၇ သိန်း ၄ သောင်း၊ ဦးအောင်မြတ်အတွက် ၅ သိန်း ၉ သောင်းကို YBS 20 ယာဉ်လိုင်းကပေးဖို့ တောင်းဆိုထားတာလို့ ပြောပါတယ်။

RFA Burmese
https://www.rfa.org/burmese

COMMENTS

Name

art,1,article,1344,cartoon variety,22,crime,70,culture,1,documentary,9,Entertainment,9,health,36,history,2,international,8684,interview,224,knowledge,9,Live,8,LocalNews,17738,news,2842,opinion,781,photos,203,poem,117,satires,39,song,12,speech,12,sports,194,statement,59,technic,59,translate,34,video,1074,voice,76,
ltr
item
dawnmanhon: YBS ယဉ်မောင်းအမှုနဲ့ ကိုကျော်နေဝင်း တို့အမှု တရားရုံးလက်ခံ
YBS ယဉ်မောင်းအမှုနဲ့ ကိုကျော်နေဝင်း တို့အမှု တရားရုံးလက်ခံ
https://4.bp.blogspot.com/-OhPC4k-0u6E/WxFDJQGDjpI/AAAAAAABzVo/ExtfTGOg6LQVRa4Y2i-608KIW7rhl6vUACLcBGAs/s400/10.jpg
https://4.bp.blogspot.com/-OhPC4k-0u6E/WxFDJQGDjpI/AAAAAAABzVo/ExtfTGOg6LQVRa4Y2i-608KIW7rhl6vUACLcBGAs/s72-c/10.jpg
dawnmanhon
http://www.dawnmanhon.com/2018/06/ybs.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2018/06/ybs.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy