ထိုင်းနိုင်ငံ၊ ချင်းရိုင်မြို့က သဘာဝလိုဏ်ဂူအတွင်း ပျောက်ဆုံးနေတဲ့ ထိုင်းကျောင်းသား လူငယ် ၁၂ နဲ့ သူတို့ရဲ့ ဘောလုံးနည်းပြတို့ အားလုံးကို မကြာသေးခင် အချိန်ပိုင်း အတွင်းက အသက်မသေဘဲ ပြန်လည် တွေ့ရှိသွားပြီ ဖြစ်ပါတယ်။
သူတို့တွေဟာ မယ်ဆိုင်ခရိုင်၊ ချင်းရိုင်မြို့က the Khun Nam Nang Non သစ်တောဝိုင်းအတွင်းမှာရှိတဲ့ Tham Luang သဘာဝ လိုဏ်ဂူအတွင်း လွန်ခဲ့တဲ့ သီတင်းတပတ်ကျော် စနေနေ့ကတည်းက ၉ ရက်ကြာ ပျောက်ဆုံးနေခဲ့ပြီးနောက်မှာ အခုလို ပြန်တွေ့တာ ဖြစ်ပါတယ်။
ဒေသတွင်းမှာ ရက်ဆက် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လိုဏ်ဂူအတွင်းက ရေမျက်နှာပြင် မြင့်တက်ခဲ့ပေမယ့် သူတို့အနေနဲ့ ဘေးကင်း လုံခြုံတဲ့နေရာကို ရှာတွေ့နိုင်လိမ့်မယ်လို့ ကယ်ဆယ်ရေးဝန်ထမ်းတွေက မျှော်လင့်ထားခဲ့ကြတာပါ။
သူတို့ကို ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေအတွက် အမေရိကန်နဲ့ ဗြိတိန်တို့က သွားရောက် ကူညီနေတာလည်း ဖြစ်ပါတယ်။
သူတို့ကို ညပိုင်းမှာ ရှာမတွေ့ခင် ဒီကနေ့ အစောပိုင်းတုန်းကတော့ သူတို့ရှိတဲ့နေရာကို မကြာခင် တွေ့တော့မယ်လို့ ရှာဖွေ၊ ကယ်ဆယ်ရေးအဖွဲ့တွေက ခန့်မှန်း ပြောဆိုနေခဲ့ကြတာပါ။
VOA Burmese News

COMMENTS