ကလေးတွေကို ထိုင်းနေဗီဆီးလ် အဖွဲ့ငယ်တစ်ဖွဲ့က တွေ့ခဲ့တာဖြစ်ပြီး သူတို့ကို ပတ္တယားကမ်းခြေလို့ ဂူစူးစမ်းသူတွေ ခေါ်ကြတဲ့ အဆိုပါ ထျန်လျန်ဂူထဲက ကုန်းမြင့်နေရာမှာ တွေ့မယ်လို့ အစက မျှော်လင့်ထားပေမယ့် အဆိုပါ ကုန်းကို ကယ်ဆယ်ရေး နေဗီဆီးလ်အဖွဲ့ရောက်သွားချိန်မှာ ကလေးတွေကို မတွေ့ခဲ့ရပါဘူး။ ပတ္တယားကမ်းခြေကုန်းကလည်း ရေမြုပ်နေပါပြီ။ ဒီလိုနဲ့ ဆက်ရှာရာမှာ ကလေးတွေနဲ့ နည်းပြ ၁၃ဦးတို့ဟာ အဆိုပါကုန်းရဲ့ မီတာ ၃၀၀-၄၀၀ အကွာက နောက်ထပ်ကုန်းမြင့်နေရာတစ်ခုမှာ ခိုလှုံနေတာကို တွေ့ရှိခဲ့ရပါတယ်။
အခုထိ အန္တရာယ်ရှိတဲ့အခြေအနေမှာရှိနေသေးပြီး ရေမြုပ်နေတဲ့နေရာကနေ ပြန်လည်ကယ်ဆယ်ရေးဟာ အသက်အန္တရာယ် ရှိနေသေးတယ်လို့ ဆိုပါတယ်။ အထဲမှာ လုံလောက်တဲ့ အောက်ဆီဂျင်မရဘဲနေမှာ ဒါမှမဟုတ် အဆိုပါ လှိုဏ်ခေါင်း ပိတ်ဆို့သွားမှာတွေက စိုးရိမ်စရာ ဖြစ်နေပါသေးတယ်။
လောလောဆယ် ကလေးတွေရဲ့ ကျန်းမာရေးက အပြင်ကို ချက်ချင်းကယ်ထုတ်လို့ ရ မရ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။ လောလောဆယ် သူတို့ အစားအစာတွေ ချက်ချင်းစားနိုင်မယ်ဆိုတာလည်း မသေချာသေးဘူးလို့ချင်းရိုင်အုပ်ချုပ်ရေးမှူးက ရှင်းပြထားပါတယ်။
Kumudra

COMMENTS