ဒုက္ခသည်အရေး စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ အမေရိကန်

ဒုက္ခသည်အရေး စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ အမေရိကန်
ဒုက္ခသည်တွေကို ဆန့်ကျင်တဲ့သူတွေ က ထရန့်အနေနဲ့ အမေရိကန်နိုင်ငံရဲ့ ကိုယ်ပိုင်နယ်စပ်တွေကို ကာကွယ်ဖို့ အမြင့်ဆုံးအချိန်တစ်ခု ဖြစ်ကြောင်း ထောက်ခံပြောကြားခဲ့ပါတယ်။ အမေရိ ကန်နိုင်ငံမှာ နိုင်ငံဖြတ်ကျော် ရာဇဝတ် ဂိုဏ်းတွေ၊ မူးယစ်ဆေးဝါး မှောင်ခို ရောင်းဝယ်သူတွေနဲ့ ဆက်စပ်နေတဲ့ ခြိမ်းခြောက်မှုတွေ၊ အကြမ်းဖက် ပစ်ခတ်မှုတွေ တစ်စတစ်စ များပြားလာ နေတဲ့အချိန်မှာ အမေရိကန်သမ္မတ ထရန့်က အခုလုပ်ဆောင်နေတဲ့ကိစ္စ တွေကို သူ့တာဝန်အရသူလုပ်ဆောင် ခြင်းသာဖြစ်ကြောင်း ကွင်တနာက ပြောခဲ့ပါတယ်။

ရက်စက်တဲ့လုပ်ရပ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် ရဲ့ လူဝင်မှုကြီးကြပ်ရေး မူဝါဒနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေး အလွဲ သုံးစားလုပ်နေတယ်လို့ အိမ်ဖြူတော် အနေနဲ့ စွပ်စွဲခံနေရပါတယ်။ သို့သော် လည်း အမေရိကန်အစိုးရက ဒါဟာ တရားမဝင် ရွှေ့ပြောင်းအခြေချသူ တွေကို တားဆီးတာဖြစ်တယ်လို့ ပြောနေပေမယ့် ဝေဖန်ရေးသမားတွေ ကတော့ အမေရိကအလယ်ပိုင်း အကြမ်းဖက်မှုတွေမှ ထွက်ပြေးလာတဲ့ ရွှေ့ပြောင်း အခြေချသူတွေအပေါ် ရက်စက်တဲ့လုပ်ရပ်လို့ ပြောခဲ့ပါတယ်။
လူမှုရေး၊ နိုင်ငံရေးကိစ္စတွေအပေါ် လူအများရဲ့ တုံ့ပြန်မှုအပေါ် အမေရိကန် သမ္မတထရန့်ကတော့ တရားမဝင်ရွှေ့ ပြောင်းအခြေချမှုကို တားဆီးသွား မယ်လို့ ကတိပေးခဲ့ပါတယ်။ ဒေါ်နယ် ထရန့် တစ်ယောက် သူ့ရဲ့နောင်တော် အိုဘားမား အစိုးရရဲ့ ခွဲထုတ်ရေးမူဝါဒ နဲ့ပတ်သက်ပြီး ပြစ်တင်မှုတွေလည်း လုပ်နေသလို လွှတ်တော်မှာရှိတဲ့ ဒီမိုကရက် အင်အားစုတွေကိုလည်း အခဲမကျေနိုင်ဘဲ ပြစ်တင်မှုတွေ လုပ်လျက်ရှိပါတယ်။

လူ့အခွင့်အရေးအုပ်စုပေါင်းများစွာဟာ အမေရိကန်ပြည်ထောင်စုရဲ့ မြို့အတော်များများမှာ အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်ရဲ့ လူဝင်မှု ကြီးကြပ်ရေးမူဝါဒကို ဆန့်ကျင်ဆန္ဒပြ မှုတွေပြုလုပ်ခဲ့ကြပါတယ်။

ရွှေ့ပြောင်းအခြေချသူတွေဟာ ခိုးကြောင်ခိုးဝှက်ဝင်လာဖို့ ကြိုးစား တဲ့သူတွေမဟုတ်ဘဲ သူတို့ဟာ နယ်စပ် ထိလာပြီး ကျွန်တော်တို့ရဲ့ အကူအညီ ကို တောင်းခံတဲ့သူတွေဖြစ်ပါတယ်လို့ ကယ်လီဖိုးနီးယား လွှတ်တော်အမတ် ဂျင်မီဂိုမက်က လော့စ်အိန်ဂျလိစ် လူထု ချီတက် ဆန္ဒပြပွဲမှာပြောခဲ့ပါတယ်။

မျှော်လင့်တကြီးရောက်လာခဲ့ကြ
ရွှေ့ပြောင်း အခြေချသူတွေဟာ အမေရိကန်နိုင်ငံမှာ ပိုမိုကောင်းမွန်တဲ့ ဘဝတွေရရှိမယ်လို့ အိပ်မက်တွေမက် ပြီး မျှော်လင့်တကြီးနဲ့ လာခဲ့ကြတာပဲ ဖြစ်ပါတယ်။ အမေရိကန်နဲ့ နယ်စပ်ချင်း ထိစပ်လျက်ရှိတဲ့ မက္ကဆီကိုနိုင်ငံက ဒုက္ခသည်တွေကလည်း အမေရိကန်ထဲ ကို စီးဝင်ဖို့ကြိုးစားခဲ့ပါတယ်။ အဲဒါ ကိုသိတဲ့ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်ဟာ နယ်စပ်တံတိုင်းကာရံမှုတွေတောင်လုပ်ဆောင်နေပြီဖြစ်ပါတယ်။

မက္ကဆီကိုမှာ အလုပ်လုပ်တာထက် အမေရိကန်မှာ အလုပ်လုပ်ရင် လုပ်ခ နှစ်ဆလောက်ရရှိနိုင်ကြောင်း တီဂျူ အန်နာမြို့မှ ဒေသခံ တက္ကဆီကားမောင်း တစ်ဦးက ဆိုပါတယ်။ သူက မက္ကဆီကို တွေအနေနဲ့ အမေရိကန်တို့ရဲ့ လုပ်ငန်းကို လုယူသွားမှာမဟုတ်ပါဘူး။ အမေရိကန် တွေ မလုပ်ချင်တဲ့ အလုပ်တွေကိုသာ လုပ်ကိုင်ပေးနေတာ ဖြစ်ပါတယ်လို့ ထရန့်ကို ပြောခဲ့ပါတယ်။
မကြာသေးခင်က အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်ဟာ ကလေးတွေ မိဘနဲ့ခွဲထားခံရမှုကို အဆုံးသတ်ဖို့ ဥပဒေ တစ်ခုမှာ လက်မှတ်ရေးထိုးလိုက်တာကို တွေ့ရပါတယ်။ ဒါပေမယ့် အဲဒီဥပဒေနဲ့ ပတ်သက်ပြီး ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်တာမျိုး အားနည်းနေသေးကြောင်း တွေ့ရပါတယ်။ မိသားစုတွေကို အကွဲကွဲအပြားပြား ဖြစ်အောင် ခွဲထားခြင်းဟာ ရက်စက်တာ ထက်ပိုသလို မလိုလားအပ်တဲ့ ကိစ္စလည်း ဖြစ်ပြီး နှိပ်စက်ကလူပြုမူမှုလည်း ဖြစ်ပါတယ်လို့ အမေရိကန်အရပ်ဘက် လွတ်မြောက်ရေးသမဂ္ဂအဖွဲ့က ပြောခဲ့ပါ တယ်။ အမေရိကန် အရပ်ဘက် လွတ်မြောက်ရေးသမဂ္ဂအဖွဲ့ဟာ လက်ရှိ မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ ခွဲထုတ်ရေးမူဝါဒကျင့် သုံးနေခြင်းအပေါ် ရပ်တန့်ရန် တောင်းဆိုနေတဲ့အဖွဲ့ ဖြစ်ပါတယ်။

ခိုလှုံခွင့်ရရေးတောင်းဆို
အမေရိကန်နိုင်ငံကို အိမ်နီးချင်း မက္ကဆီကိုနိုင်ငံကတင်မကပါဘူး။ ဂွါတီ မာလာ၊ အယ်လ်ဆာဗေဒိုနဲ့ ဟွန်ဒူး ရပ်စ်နိုင်ငံတွေကလည်း အမေရိကန် ပြည်ထောင်စုကိုစီးဝင်လာတဲ့ ဆင်းရဲသား မိသားစုတွေ ရှိပါတယ်။ လေ့လာမိ သလောက်တော့ သူတို့ရဲ့ နိုင်ငံတွေမှာ နေ့စဉ် အကြမ်းဖက်မှုတွေကြုံတွေ့နေ တဲ့အတွက် တစ်ပတ်ကိုလူပေါင်းထောင် ချီဟာ အမေရိကန်-မက္ကဆီကို နယ်စပ် တွေကိုဖြတ်ကျော်ပြီး သက်ဆိုင်ရာ အာဏာပိုင်တွေဆီမှာ ရွှေ့ပြောင်းအခြေချနေထိုင်သူတွေအဖြစ် ခိုလှုံခွင့်ရရေး အသနားခံတောင်းဆိုခဲ့ကြပါတယ်။

ဒီလိုမျိုးအခြေအနေတွေဟာ တရား မဝင် ဝင်ရောက်မှုတွေကို ပြန်လည် ဖြစ်စေတဲ့ အကြောင်းတရားအနက် တစ်ခုဖြစ်တယ်လို့ အမေရိကန်သမ္မတ ထရန့်က ယုံကြည်တဲ့အတွက် ဒီအပေါ် အတော်လေး ဒေါသထွက်လျက်ရှိပါတယ်။

စာရွက်စာတမ်းတစ်စုံတစ်ရာ တင်ပြနိုင် ခြင်းမရှိဘဲ နယ်စပ်ဖြတ်ကျော်ဝင်လာတဲ့ အတွက် ဧပြီလ တစ်လတည်းကိုပဲ လူပေါင်း ၅ဝ၉၂၄ ဦးလောက်ကို ဖမ်းဆီး ထိန်းသိမ်း ခဲ့ရပါတယ်။ အဲဒီထဲမှာ ကလေး တွေချည်းပဲ ၄၃၁၄ ဦးလောက်နဲ့ တခြား မိသားစု ၉၆၄၇ ဦးလောက်ပါပါတယ်လို့ အမေရိကန် အကောက်ခွန်နဲ့ နယ်စပ် ကင်းထောက်အဖွဲ့က ဆိုပါတယ်။

ရွှေ့ပြောင်းအခြေချသူများ စီးဝင်မှုကိုမထိန်းနိုင်
ထိန်းသိမ်းရေးစင်တာတွေလည်းရှိ ပြီး တရားရေးစနစ်ကအားကောင်းနေတာကြောင့် အိုဘားမားအစိုးရလက်ထက် ကတော့ ခိုလှုံခွင့်တောင်းခံသူတွေကို အစီအစဉ်တကျဆောင်ရွက်ပြီး ခွင့်ပြု ချက် စောင့်ဆိုင်းနေစဉ်အတွင်း လျှောက်လွှာတင်ထားတဲ့ မိသားစုဝင် တွေကို နိုင်ငံအတွင်း အတူတကွ ဝင်ရောက်စေပါတယ်။ ခွင့်ပြုချက်စောင့် ဆိုင်းရတဲ့ ပမာဏဟာ တစ်နှစ်ထက် ပိုမိုကြာတတ်ပါတယ်။

လွန်ခဲ့တဲ့နှစ်စက ဒေါ်နယ်ထရန့် အစိုးရဟာ တရားမဝင်နယ်စပ်ဖြတ်ကျော် လာသူတချို့ကို သူတို့ရဲ့ ကလေးတွေနဲ့ ခွဲထားပါတယ်။ ကလေးငယ်တွေကိုလည်း အမေရိကန်မှာ ရှိပြီးဖြစ်တဲ့ သူတို့ရဲ့ မိဘတွေ သို့မဟုတ် ဆွေမျိုးတွေဆီကို မလွှဲပြောင်းပေးခင် ရက်သတ္တပတ် အတော်ကြာကြာ ကလေးထိန်းသိမ်း ရေးနေရာကို ပို့ဆောင်ခဲ့ပါတယ်။

အောက်တိုဘာလမှ ဧပြီလအထိ ကလေးငယ် ၇ဝဝလောက် သူတို့ရဲ့မိဘ တွေနဲ့ ခွဲထားခဲ့ပါတယ်။ ဒီလိုလုပ်ခြင်းအား ဖြင့်လည်း ရွှေ့ပြောင်းအခြေချသူတွေ အမေရိကန်ပြည်ထောင်စုအတွင်း စီးဝင် လာမှုကို မဟန့်တားနိုင်ခဲ့ပါဘူး။ အမေရိ ကန်သမ္မတဒေါ်နယ်ထရန့်ဟာ မိသားစု တွေ ခွဲထားခံရတာကို အဆုံးသတ်ဖို့ လက်မှတ်ရေးထိုးပေးလိုက်သော်လည်း zero tolerance မူဝါဒကိုလည်း ဆက်လက်ကျင့်သုံးသွားမှာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

မေ ၇ ရက်နေ့မှာ ရှေ့နေချုပ် ဂျက်ဖ် ဆက်ရှင်က zero tolerance မူဝါဒ ကြေညာခဲ့ပြီး နယ်စပ်ကိုတရားမဝင် ဖြတ်သန်းခဲ့ပါက တရားစွဲဆိုခံရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ကလေးတစ်ဦးကို အမေရိကန်သို့ ဝင်ရောက်နိုင်ရေး တရားမဝင်မှောင်ခို ပြုလုပ် ခဲ့ပါက တရားစွဲဆိုခံရမည်ဖြစ် ကာ ဥပဒေအရ ကလေးကိုလည်း မိဘတွေနဲ့ ခွဲထားမှာဖြစ်ပါတယ်လို့ သူက ဆက်ပြောခဲ့ပါတယ်။ အကယ်၍ ယခုမူဝါဒကို သဘောမကျဘူးဆိုပါက ကလေးများကို နယ်စပ်ဖြတ်၍ တရားမဝင် မှောင်ခိုမလုပ်နဲ့ဟု သူက ထပ်မံပြောခဲ့ပါတယ်။

လူမှောင်ခိုသမားတွေရဲ့ လုပ်ရပ်တွေလား
အဆိုပါမူဝါဒကို ကြေညာပြီး နှစ်ပတ်အကြာမှာတော့ သက်ဆိုင်ရာ အာဏာပိုင်တွေဟာ ကလေးငယ် ၆၅၈ ဦးကို အရွယ်ရောက်ပြီးသူ ၆၃၈ ဦးနဲ့အတူ ဖမ်းဆီးမိခဲ့ကြောင်း အမေရိကန်နယ်စပ်ကင်းထောက်စစ်ဆင်ရေး ဒုတိယအကြီးအကဲ ရစ်ခ် ချက်ဒ် ဟွတ်ဒ်စိန်က ပြောပါတယ်။ သို့သော်လည်း မိသားစုဘယ်လောက် ကို ခွဲထားမှုတွေပြုလုပ်ခဲ့သလဲဆိုတဲ့ အချက်ကိုတော့ မပြောကြားခဲ့ပါဘူး။

နယ်စပ်ဖြတ်ကျော်ပြီး ကလေး တွေကို ဒီဘက်ကိုပို့လိုက်တဲ့မိသားစု တွေဟာ လူမှောင်ခိုကူးသူတွေနဲ့ ပူးပေါင်းလုပ်ဆောင်ပြီး အဲဒီ လူမှောင် ခိုသမားတွေက သူတို့ကို ခိုလှုံခွင့်ရရှိ ရေး ဘယ်လိုပြော၊ ဘယ်လိုလုပ်နဲ့ သင်ပေးလိုက်ကြောင်း အာဏာပိုင် တွေ က ဆိုပါတယ်။ ရွှေ့ပြောင်းအခြေချ သူတွေကတော့ သူတို့ရဲ့ ပြည်တွင်းမှာ အကြမ်းဖက်မှုတွေရှိနေလို့ တကယ့် အ္တရာယ်တောထဲကနေ ပြေးထွက် လာခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကတော့ အမျိုးသား လုံခြုံရေးအတွက် နောက်ထပ်လည်း လူဝင်မှုကြီးကြပ်ရေးနဲ့ ဆိုင်တဲ့ ကန့်သတ်မှုတွေ ပိုမိုလုပ်ဆောင်သွား မှာ ဖြစ်ပါတယ်လို့ ဆက်လက် ပြောခဲ့ပါတယ်။ ။

တင်လင်းအောင်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/

COMMENTS

Name

art,1,article,1344,cartoon variety,22,crime,70,culture,1,documentary,9,Entertainment,9,health,36,history,2,international,8679,interview,224,knowledge,9,Live,8,LocalNews,17729,news,2842,opinion,781,photos,203,poem,117,satires,39,song,12,speech,12,sports,194,statement,59,technic,59,translate,34,video,1074,voice,76,
ltr
item
dawnmanhon: ဒုက္ခသည်အရေး စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ အမေရိကန်
ဒုက္ခသည်အရေး စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ အမေရိကန်
https://1.bp.blogspot.com/-D6259nh8Js4/WzmlD5kZRdI/AAAAAAAB2sQ/z-W0-Fm8QWgcBzgRn2bGQfkBxD7vCZPdQCLcBGAs/s400/18.jpg
https://1.bp.blogspot.com/-D6259nh8Js4/WzmlD5kZRdI/AAAAAAAB2sQ/z-W0-Fm8QWgcBzgRn2bGQfkBxD7vCZPdQCLcBGAs/s72-c/18.jpg
dawnmanhon
http://www.dawnmanhon.com/2018/07/blog-post_8.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2018/07/blog-post_8.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy