ဓားထောက်လုယက်မှုကျူးလွန်သူအား သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီး

လှိုင်သာယာမြို့နယ်တွင် ဓားထောက်လုယက်မှုကျူးလွန်သူအား ဖမ်းဆီးစဉ် ရဲတပ်ဖွဲ့ဝင်များကို ဓားဖြင့်ပြန်လည် ခုခံသဖြင့် သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီး
ရန်ကုန်၊ ဇူလိုင် ၂၈

လှိုင်သာယာမြို့နယ်တွင် အလုပ်မှပြန်လာသူကို ဓားထောက်လုယက်မှု
ကျူးလွန်သူအား လှိုင်သာယာမြို့မရဲ စခန်းမှ ရဲတပ်ဖွဲ့ဝင်များက လိုက်လံ
ဖမ်းဆီးစဉ် ရဲတပ်ဖွဲ့ဝင်များအား ဓားဖြင့်ရန်ပြုတိုက်ခိုက်သဖြင့် သေနတ်ဖြင့်
ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ၂၈.၇.၂၀၁၈ ရက်နေ့ နံနက် ၁ နာရီအချိန်ခန့်က စက်မှုဇုန်
လုံခြုံရေးဝန်ထမ်းဖြစ်သူ ကိုနိုင်လင်းမှ နေအိမ်သို့ပြန်လာစဉ် စက်မှုဇုန်(၂)၊
ဦးရွှေအိုးလမ်းသို့ အရောက်တွင် လူတစ်ဦးမှ ၎င်း၏လည်ပင်းအား ဓားဖြင့်
ထောက်ပြီး ငွေ ၂၀၀၀၀ကျပ် လုယူစဉ် ငွေများအား ပြန်လည်ဆွဲယူခဲ့၍
လုယက်မှုကျူးလွန်သူက ဓားဖြင့်ထိုးခဲ့ ရာ ကိုနိုင်လင်း၏ ၀ဲဘက်တံတောင်
ဆစ်တွင် ပြတ်ရှဒဏ်ရာရှိခဲ့ကြောင်း တိုင်တန်းချက်အရ လှိုင်သာယာမြို့မ
ရဲစခန်း(ပ)၂၇၈၁/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄ဖြင့် အမှုဖွင့်အရေးယူ
ဆောင်ရွက်ခဲ့ပါသည်။

အခင်းဖြစ်ပွားကြောင်း သိလျင်သိခြင်း လုယက်မှုကျူးလွန်သူအား ဖမ်းဆီး
ရမိရေးအတွက် လှိုင်သာယာမြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက
သက်သေများနှင့်အတူ လိုက်လံရှာဖွေခဲ့ရာ စက်မှုဇုန် (၃)၊ ဦးမြဲလမ်းတွင်
လုယက်မှုကျူးလွန်ထားသူအား ဓားကိုင်ဆောင်ထားလျက်တွေ့ရှိသဖြင့်
အသာတကြည်အဖမ်းခံရန် ပြောဆို ခဲ့သော်လည်း အဖမ်းမခံဘဲ
ကိုင်ဆောင်ထားသော အရိုးအသွား(၁၀)လက်မခန့်ရှိ ဓားဖြင့် ခုခံရန်ပြု
သဖြင့် ရဲတပ်ကြပ် ဇေယျာဖြိုးက ကိုင်ဆောင်ထားသော MA 13
မောင်းပြန်သေနတ်ဖြင့် တားဆီးကာကွယ်ခဲ့ရသည့် အပြင် ပြစ်မှုကျူးလွန်သူ
က ရဲတပ်ကြပ်ကြီး မြင့်သိန်းကို ဓားဖြင့်ဆက်လက်ထိုးခဲ့သဖြင့် တပ်ကြပ်ကြီး
မြင့်သိန်း၏ ၀ဲလက်ခုံတွင် ဓားဒဏ်ရာရရှိခဲ့ခြင်းကြောင့် ရဲတပ်ဖွဲ့ဝင်များအား
အသက်အန္တရာယ်ဖြစ်စေရန် ရန်ပြုတိုက်ခိုက်လာသဖြင့် သေနတ်ဖြင့်
ပစ်ခတ်ဖမ်းဆီးခဲ့ရပါသည်။
ပြစ်မှုကျူးလွန်သူမှာ သေနတ်ဒဏ်ရာရရှိသဖြင့် လှိုင်သာယာဆေးရုံသို့
ပို့ဆောင်ကုသစဉ် ဆေးရုံတွင်သေဆုံး သွားခဲ့ပါသည်။စစ်ဆေးချက်အရ
လုယက်မှုကျူးလွန်သူမှာ ဆန်းလင်းဦး၊ (၂၅)နှစ်ဖြစ်ပြီး ၎င်းထံမှ
အရိုးအသွား (၁၀)လက်မခန့်ရှိ ဓားဦးချွန်တစ်ချောင်းနှင့် လုယူခဲ့သည့်
ငွေ ၂၀၀၀၀ကျပ်တို့ကို ပြန်လည်သိမ်းဆည်းရမိခဲ့ ပါသည်။

ပြစ်မှုကျူးလွန်သူ ဆန်းလင်းဦးသည် ပိတောက်ချောင်းနယ်မြေရဲစခန်းတွင်
ခိုးမှုမသင်္ကာဖြင့် ဖမ်းဆီးရမိခဲ့ပြီး လှိုင်မြို့နယ်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ
၁၇.၇.၂၀၁၇ ရက်နေ့တွင် ရန်ကုန်ရဲအက်ဥပဒေပုဒ်မ ၃၁ ဖြင့် ထောင်ဒဏ်
၂ လ ကျခံဖူးသူဖြစ်ကြောင်း၊ သီရိမင်္ဂလာဈေးအတွင်း ဓားကိုင်ဆောင်
ရမ်းကားခဲ့သဖြင့် ပိတောက် ချောင်းနယ်မြေရဲစခန်းမှ ဖမ်းဆီးတရားစွဲတင်
ပို့ခဲ့ရာ ၂၉.၁.၂၀၁၈ ရက်နေ့တွင် လက်နက်များအက်ဥပဒေပုဒ် ၁၉(င)ဖြင့်
ထောင်ဒဏ် ၄ လ ကျခံခဲ့ဖူးသူဖြစ်ကြောင်းနှင့် ၎င်းမှာ လွန်ခဲ့သော (၃)ရက်က
ထောင်မှလွတ်လာသူဖြစ်ကြောင်း သတင်းရရှိသည်။

Yangon Police
https://www.facebook.com/yangonpolice/posts

COMMENTS

Name

art,1,article,1344,cartoon variety,22,crime,68,culture,1,documentary,9,Entertainment,9,health,35,history,2,international,8450,interview,223,knowledge,9,Live,8,LocalNews,17349,news,2842,opinion,780,photos,203,poem,117,satires,39,song,12,speech,12,sports,193,statement,59,technic,59,translate,34,video,1073,voice,76,
ltr
item
dawnmanhon: ဓားထောက်လုယက်မှုကျူးလွန်သူအား သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီး
ဓားထောက်လုယက်မှုကျူးလွန်သူအား သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီး
https://4.bp.blogspot.com/-ZWG_kn1BXGI/W1v4asasR2I/AAAAAAAB5XI/t-cBUWpkOdI9sekjUffrJeEso9V4kSLGACLcBGAs/s400/22.jpg
https://4.bp.blogspot.com/-ZWG_kn1BXGI/W1v4asasR2I/AAAAAAAB5XI/t-cBUWpkOdI9sekjUffrJeEso9V4kSLGACLcBGAs/s72-c/22.jpg
dawnmanhon
http://www.dawnmanhon.com/2018/07/blog-post_847.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2018/07/blog-post_847.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy