![]() |
ရဲတပ်ဖွဲ့ရဲ့ အမှုတည်ဆောက်ပုံ က တရားစီရင်ရေး အတွက် အရေးကြီး |
တရားရုံး က ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၉၄ (က) အရ အမှုကို ရုပ်သိမ်းခွင့်ပြုတယ် လို့ ဆုံးဖြတ်ပေးခဲ့တာပါ။
တရားလိုအဖြစ်လျှောက်ထားတဲ့သူ က အမှုကို ကျေအေးပြီး အမှုကို ရုပ်သိမ်းဖို့ တရားရုံး ကို လျှောက်ထားခဲ့ပြီးတဲ့နောက် အခုအမှု ကို စွဲချက်မတင်ခင် ပြန်ရုပ်သိမ်းဖို့ တရားရုံးက ဆုံးဖြတ်ခဲ့ကြောင်း ဒီအမှု က တရားခံ တယောက်အတွက် ရှေ့နေလိုက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးချစ်ကိုကို က ဘီဘီစီ ကို ပြောပါတယ်။
အမှုကိုစွဲချက်တင်ဖို့အတွက် လုံလောက်တဲ့ သက်သေထွက်ဆိုချက်တွေ မရခဲ့တဲ့အချက် က လည်း အခုလို အမှုကို တရားရုံး က ရုပ်သိမ်းပေးတဲ့ အကြောင်းရင်းတွေထဲက တခု လို့ လည်း သူ က ဆိုပါတယ်။
သေဆုံးသွားသူဟာ မွတ်စလင် တယောက် ဖြစ်ပြီး ကျူးလွန်တယ်လို့ မသင်္ကာခံရသူတွေ ထဲ က တယောက်ကလည်း မွတ်စလင် ဖြစ်တဲ့အတွက် အစ္စလာမ် ဘာသာရေး ဆရာတွေ က ကြားဝင်စေ့စပ် ပေးခဲ့တယ် လို့ သူ က ပြောပါတယ်။
အခုလို ပုဒ်မ ၄၉၄ (က) အရ အမှု ကို ရုပ်သိမ်းတာမျိုး ဆိုတာ လူသတ်မှုလို၊ မုဒိမ်းမှု လို၊ လူကုန်ကူးမှု လို လူ့အသိုင်းအဝိုင်း ကို အကြီးအမား ထိခိုက်တဲ့ အမှုမျိုးတွေမှာ အမှုကို ရုပ်သိမ်းတာမျိုး လုပ်လို့ မရကြောင်း တရားလွှတ်တော် ရှေ့နေ တယောက် လည်းဖြစ်၊ ပြည်ထောင်စုရှေ့နေများနှင့် ဥပဒေ အထောက်အကူပြုသူများ အဖွဲ့ ဥက္ကဌလည်း ဖြစ်တဲ့ ဦးကြီးမြင့် က ဘီဘီစီ ကို ပြောပါတယ်။
![]() |
သေဆုံးခဲ့တဲ့ သရုပ်ဆောင် အောင်ရဲထွေး |
တရားရုံးအနေနဲ့လည်း မည်သို့သော အခြေအနေမှာ ဖြစ်စေ အမှုကို မရုပ်သိမ်းဘူးလို့ ဆုံးဖြတ်မယ် ဆိုရင်လည်း ဆုံးဖြတ်နိုင်ခွင့် ရှိကြောင်း သူ က ရှင်းပြပါတယ်။
လူမြင်ကွင်းမှာ အုပ်စုဖွဲ့ လူသတ်ခဲ့ကြသူတွေ လို့ မသင်္ကာခံကြရသူတွေ အနေနဲ့ စီရင်ချက် မချခင် ကျူးလွန်သူလို့ မသတ်မှတ် နိုင်ပေမယ့် လူသတ်မှု တခု ကို ရ်ုသိမ်းလိုက်တယ် ဆိုတဲ့ အဖြစ် က ပြည်သူတွေအနေနဲ့ လုံခြုံစွာ နေထိုင်နိုင်ရေး၊ တရားဥပဒေ စိုးမိုးမှု ကို ခံစားနိုင်ရေး စတာတွေ အတွက် မေးခွန်းထုတ်စရာ တွေ ဖြစ်နေတယ်လို့လည်း သုံးသပ်နေကြပါတယ်။
BBC Burmese
https://www.bbc.com/burmese
COMMENTS