ပြင်သစ်လူဆိုးဂိုဏ်းခေါင်းဆောင်တစ်ဦး ရဟတ်ယာဉ်သုံးပြီး ထောက်ဖောက်ထွက်ပြေး


၂ ဇူလိုင်

နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ပြင်သစ်လူဆိုးဂိုဏ်းခေါင်းဆောင် ရီဒိုးရင်း ဖေ့ဒ် ဟာ ပဲရီမြို့ အနီးရှိ အကျဉ်းထောင် တစ်ခုကနေ ဖောက်ပြေးဖို့အတွက် ရဟတ်ယာဉ်တစ်စီး အသုံးပြုခဲ့ပါတယ်။ ဖေ့ဒ်ဟာ ဟောလီဝှဒ် ရုပ်ရှင်ဇာတ်ကားတွေထဲက "Scarface" ဟာ သူ့ ရာဇဝတ်မှုတွေ လုပ်ဖို့အတွက် အားကျခဲ့ကြောင်း သိရပါတယ်။

အခုထောင်ဖောက်ထွက်ပြေးရာမှာလည်း ဖေ့ဒ်ဟာ သူ့ကို လာခေါ်မယ့် ရဟတ်ယာဉ်ပေါ်ကို ကွန်မန်ဒို ပုံစံ ကြိုးနဲ့ တွယ်တက်ပြီး တနင်္ဂနွေနေ့ (ဇူလိုင် ၁ ရက်) က ထွက်ပြေးလွတ်မြောက်ခဲ့တာဖြစ်ပါတယ်။
ဖေ့ဒ် ဟာ လာတွေ့တဲ့ သူ့ညီ နဲ့ ထောင်တွင်း ဧည့်ခန်းမှာ စကားပြောနေစဉ် အဲဒီလိုထွက်ပြေးဖို့တွက် ကူညီပေးသူ၂ ဦး က မျက်ရည်ယိုဗုံးတွေနဲ့ အခန်းကို ဂရိုဒ်ဒါ လက်ကိုင် ကျောက်စက် တို့ကို အသုံးပြုပြီး ဖေ့ဒ် ထောင် အခန်းအပြင်ရောက်ကို လုပ်ဆောင်ပေးခဲ့ကြပါတယ်။


အခုတော့ ဖေ့ဒ်ကို လာတွေ့တဲ့ သူ့ညီက အဖမ်းခံရတယ်လို့ ထောင်အာဏာပိုင်တွေက ပြောကြားပါတယ်။ ဖေ့ဒ်ဟာ သူ့အဖမ်းခံနေရတဲ့ ပဲရစ်မြို့အပြင်ဘက် အရှေ့တောင် အရပ် ရိုး မှာ ရှိသော အကျဉ်းထောင် ကနေ လွတ်မြောက်ဖို့အတွက် ၁၀ မိနစ် အသုံးပြုခဲ့ရကြောင်း သိရပါတယ်။

ထွက်ပြေးရာမှာ အသုံးပြုခဲ့တဲ့ ရဟတ်ယာဉ်ဟာ ထောင်နဲ့ ၃၇ မိုင်ဝေတဲ့နေရာ မှာ ပစ်ထားခဲ့ပါတယ်။ ရဟတ်ယာဉ် မောင်းခဲ့တဲ့သူဟာ လေယာဉ်မောင်းနည်းပြတစ်ဦးဖြစ်ပြီး သူဟာ သူ့သင်တန်းသားတစ်ဦး ကို စောင့်နေစဉ်မှာ ဖေ့ဒ် လွတ်မြောက်ရေးကို ကူညီသူ ၂ ဦးက ဖမ်းဆီးခေါ်ဆောင်လာတာဖြစ်ပြီး ဖေ့ဒ်လွတ်မြောက်သွားချိန်မှာ ရဟတ်ယာဉ်နဲ့ ယာဉ်မောင်းကို ပစ်ထားခဲ့တာလို့ ဆိုပါတယ်။

ဒီတကြိမ် ထောင်ဖောက်ထွက်ပြေးတာ ဖေ့ဒ်အတွက် ဒုတိယအကြိမ် ဖြစ်ပါတယ်။ ၂၀၁၃ ခုနစ်ကလည်း သူ့ကို အကျဉ်းချထားတဲ့ ပြင်သစ် မြောက်ပိုင်းရှိ အကျဉ်းထောင်ကနေ ထွက်ပြေးဖို့ ဒိုင်းနမိုက်ကို အသုံးပြုခဲ့ဖူးပါတယ်။ အဲဒီတုန်းက ရဲအင်အား နှစ်ထောင့်ကိုးရာ ကို အသုံးပြုပြီး တနိုင်ငံလုံးကို ပိုက်စိတ်တိုက် ပြီး သီတင်း (၆) ပတ် တိတိ ရှာဖွေခဲ့ရဖူးပါတယ်။

ဖေ့ဒ်ဟာ ၂၀၁၀ ခုနစ်က လက်နက်ကိုင်ပြီး ဓါးမြတိုက်မှုနဲ့ ရဲမေ တစ်ဦးကို သတ်ခဲ့ တာကြောင့် ထောင်ဒဏ် ၂၅ နှစ် ကျခံခဲ့ရတာဖြစ်ပါတယ်။
အခုတစ်ကြိမ် ထောင်မကျခင် ၁၀ နှစ်လောက် လွတ်မြောက်နေစဉ် ကာလက ရာဇဝတ်မှုတွေကို မကျူးလွန်တော့ဘူး။ ဘဝသစ်ပြန်စမယ်ဆိုပြီး “ကြမ်းတမ်းတဲ့ သူ့ရဲ့ လူငယ်ဘဝ”အကြောင်း စာအုပ်နှစ်အုပ်ကို တခြားစာရေးသူနဲ့ ပူးတွဲပြီး ရေးသားခဲ့ပါတယ်။


ကြမ်းတမ်းတဲ့ နိုင်ငံရွှေ့ပြောင်းလာသူတွေနေထိုင်တဲ့ ပဲရစ်မြို့အပြင်မှာရှိတဲ့ ရပ်ကွက်မှာ ဖေ့ဒ်ဟာ ကြီးပြင်းခဲ့ရပါတယ်။ သူဟာ ရုပ်မြင်သံကြားလိုင်းတော်တော်များများမှာတွေ့မြင်ခဲ့ရဖူးသူ ဖြစ်ပါတယ်။ သူဟာ အင်မတန် ယဉ်ကျေးသူဖြစ်တယ်။

နာမယ်ကြီး သရုပ်ဆောင် အယ်ပါစီနို နဲ့ ရောဘတ် နီရို တို့ သရုပ်ဆောင်ထားတဲ့ “Heat” ရုပ်ရှင်ဒါရိုက်တာ မိုက်ကယ် မန်းကို ၂၀၀၉ ခုနစ် ပဲရစ်ရုပ်ရှင်ပွဲတော်မှာ ဖေ့ဒ်က တွေ့တော့ “ခင်ဗျားက ကျနော့်ရဲ့ အကြံပေး ဖြစ်ခဲ့တယ်”လို့ ပြောဖူးကြောင်း၊ အဲဒီရုပ်ရှင်ကို ၁၀ကြိမ် ကျော် ကြည့်ပြီး ဘဏ်ဓါးပြတိုက်ရာမှာ ကောင်းကောင်း အသုံးချဖူးကြောင်း သူ့စာအုပ်မှာ ရေးသားထားပါတယ်။

ထောင်အာဏာပိုင်တစ်ယောက်က “ဖေ့ဒ်ဟာ ထောင်တွင်းမှာလည်း အင်မတန် အေးဆေးကြောင်း ဘယ် ထောင်ဝန်ထမ်းနဲ့မှာ ပြဿနာ မဖြစ်ကြောင်း ဒါပေမယ့် ထောင်ဝန်ထမ်းတွေက အမြဲ စောင့်ကြည့်နေရကြောင်း၊ ဒီလိုအေးဆေးနေတာဟာ သူ့ထွက်ပြေးဖို့အတွက် အမြဲစိတ်ကူးနေတာသာဖြစ်တယ်” လို့ ပြောပါတယ်။

MDN
ကိုးကား-AFP
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews

COMMENTS

Name

art,1,article,1356,cartoon variety,23,crime,70,culture,1,documentary,9,Entertainment,9,health,36,history,2,international,8815,interview,230,knowledge,9,Live,8,LocalNews,18114,news,2842,opinion,795,photos,203,poem,117,satires,40,song,12,speech,13,sports,196,statement,59,technic,59,translate,36,video,1077,voice,76,
ltr
item
dawnmanhon: ပြင်သစ်လူဆိုးဂိုဏ်းခေါင်းဆောင်တစ်ဦး ရဟတ်ယာဉ်သုံးပြီး ထောက်ဖောက်ထွက်ပြေး
ပြင်သစ်လူဆိုးဂိုဏ်းခေါင်းဆောင်တစ်ဦး ရဟတ်ယာဉ်သုံးပြီး ထောက်ဖောက်ထွက်ပြေး
https://4.bp.blogspot.com/-X0nwX17UP_w/WzoGO8xbCcI/AAAAAAAB2u8/im6gRCiPr4kWbyXSuroIaZPZR_q1SZ3twCLcBGAs/s400/6.jpg
https://4.bp.blogspot.com/-X0nwX17UP_w/WzoGO8xbCcI/AAAAAAAB2u8/im6gRCiPr4kWbyXSuroIaZPZR_q1SZ3twCLcBGAs/s72-c/6.jpg
dawnmanhon
http://www.dawnmanhon.com/2018/07/blog-post_93.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2018/07/blog-post_93.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy