လာမယ့် အမေရိကန် ရွေးကောက်ပွဲ ရုရှား က နှောက်ယှက်နိုင်

သတင်းစာ ရှင်းလင်းပွဲမှာ တွေ့ရတဲ့ လုံခြုံရေး ဌာန အကြီးအကဲတွေ
အမေရိကန် နိုင်ငံမှာ အခုနှစ် ထဲမှာ ကျင်းပဖို့ ရှိတဲ့ Mid-term အစိုးရ သက်တမ်းဝက် ရွေးကောက်ပွဲ တွေနဲ့ ၂၀၂၀ ခုနှစ်မှာ ကျင်းပမယ့် အထွေထွေ ရွေးကောက်ပွဲမှာ ရုရှား အနေနဲ့ နှောက်ယှက်မှုတွေ လုပ်နိုင်တယ် ဆိုတဲ့ သက်သေ အထောက်အထား တွေ ရရှိ ထားတယ်လို့ အမေရိကန် ရဲ့ ထောက်လှမ်းရေး ဌာန အကြီးအကဲတွေ က သြဂုတ်လ ၂ ရက်နေ့က လုပ်တဲ့ သတင်းစာ ရှင်းလင်း ပွဲမှာ ပြောကြား လိုက်ပါတယ်။

အိမ်ဖြူတော်မှာ လုပ်တဲ့ လုံခြုံရေး ဆိုင်ရာ သတင်းစာ ရှင်းလင်း ပွဲကို FBI ညွှန်ကြားရေးမှူး ခရစ္စတိုဖာ ရေး၊ အမျိုးသား လုံခြုံရေး အကြံပေး ဂျွန် ဘော်လ်တန် နဲ့ အမျိုးသား ထောက်လှမ်းရေး ဌာန ညွှန်ကြားရေးမှူး ဒန် ကုတ်စ် တို့ က ဦးဆောင် ရှင်းလင်း ခဲ့ကြတာ ဖြစ်ပါတယ်။

ရုရှား ရဲ့ နှောက်ယှက်မှုတွေကြောင့် အမေရိကန် နိုင်ငံ ရဲ့ ဒီမိုကရေစီ စနစ်ဟာ ခြိမ်းခြောက်မှုတွေ နဲ့ ရင်ဆိုင် နေရ ကြောင်း အမျိုးသား ထောက်လှမ်းရေး ဌာန ညွှန်ကြားရေးမှူး ဒန်ကုတ်စ် က ပြောပါတယ်။

အမေရိကန် ရဲ့ ဒီမိုကရေစီ စနစ် ကို ကို လွှမ်းမိုးဖို့ အတွက် ရုရှား အနေနဲ့ နည်းလမ်း ပေါင်းစုံ ကို အသုံးပြုပါတယ်။ သတင်းဌာနတွေ၊ လူမှုကွန်ရက်တွေ၊ ပြီးတော့ ရုပ်ရှင် သရုပ်ဆောင် တွေကို တောင် ငှားရမ်း ပြီး သုံးပါတယ် လို့ သူက ဆိုခဲ့ပါတယ်။

ဘယ်လို ပုံစံမျိုး နဲ့ ရုရှား က ဝင်ရောက် နှောက် ယှက်မှုတွေ လုပ်တာလဲ ဆိုတဲ အသေးစိတ် အချက်အလက်တွေက ထိပ်တန်း လျို့ဝှက် ချက်တွေ ဖြစ်တာကြောင့် မပြောလိုဘူး လို့လည်း သူက ဆိုပါတယ်။ ပြီးတော့ ဒီမိုကရက်တစ် စံတန်ဖိုးတွေကို နှောက်ယှက် ဖျက်ဆီးဖို့ အတွက် သွေးခွဲ သပ်လျို မှုတွေ ဆက်လက် လုပ်ဖို့ ရုရှား က ယတိပြတ် ဆုံးဖြတ် ထားပုံ ရတယ်လို့လည်း လုံခြံရေး အကြီးအကဲတွေက ဆိုပါတယ်။

ရုရှား က နှောက် ယှက်မှုတွေ လုပ်တယ်ဆိုရာမှာ လူ တစ်ဦးချင်း တစ်ယောက် ချင်း က လုပ်ဆောင်တာလား ဒါမှမဟုတ် ကရင်မလင် အစိုး ရ ကိုယ်တိုင် က လုပ်ဆောင် နေတာ လား ဆိုတဲ့ သတင်းထောက် တွေရဲ့ မေးမြန်းချက် ကိုလည်း နည်းလမ်း ၂ ခု စလုံး နဲ့ လုပ်ဆောင်နေတာလို့ ပြန်ဖြေကြပါတယ်။
အမျိုးသား လုံခြုံရေး အကြံပေး ဂျွန် ဘော်လ်တန်
အမေရိကန် ထောက်လှမ်းရေး အဖွဲ့တွေ အနေနဲ့လည်း ရုရှား ရဲ့ နှောက်ယှက်မှု တွေ နဲ့ ပတ်သက်လို့ စိုးရိမ်ပူပန် ကြောင်း မစ္စတာ ဒန်ကုတ်စ် က ပြောပါတယ်။ အခုလာမယ့် ရွေးကောက်ပွဲတွေနဲ့ ၂၀၂၀ မှာ ကျင်းပမယ့် အထွေထွေ ရွေးကောက်ပွဲတွေမှာ ရုရှား နိုင်ငံ က ဝင်ရောက် နှောင့်ယှက်မှာကို စိုးရိမ် မိတယ်လို့ လည်း ပြောပါတယ်။

ရုရှား အနေနဲ့ အင်တာနက် ကနေ ဖောက်ထွင်း ဝင်ရောက်မှုတွေ လုပ်ပြီး သတင်း အချက်အလက်တွေ ခိုးယူ နေဆဲ ဖြစ်ပြီး ရုရှား ရဲ့ သတင်းစကား ပေးပို့မှုတွေ က နေရာ အနှံ့မှာ ပြန့်နှံ့ ရောက်ရှိ နေတာကိုလည်း အခုထိ မြင်နေရတုန်း ပဲ လို့ ဆိုကြပါတယ်။

ဒီလို မျိုး လုပ်ဆောင်မှုတွေ နဲ့ ပတ်သက်လို့ စုံစမ်း အရေးယူမှုတွေ လုပ်ဖို့ သမ္မတ ဒေါ်နယ် ထရမ့် က ညွှန်ကြား ထားတယ်လို့ သူတို့ တွေက ပြောပါတယ်။ အိမ်ဖြူတော် ရဲ့ စွပ်စွဲ ချက်တွေနဲ့ ပတ်သက်လို့ ရုရှား အစိုးရ က ငြင်းဆိုထားပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ လတုန်း က ဖင်လန် နိုင်ငံ ဟယ်ဆင်ကီး မြို့မှာ ရုရှား သမ္မတ ဗလာဒီမီယာ ပူတင် နဲ့ တွေ့ဆုံ ခဲ့တုန်း က ဒီကိစ္စ အပေါ်မှာ မဆွေးနွေးခဲ့တဲ့ အတွက် ဝေဖန်မှုတွေ ကတော့ မြင့်တက် နေဆဲ ရှိနေပါတယ်။

၂၀၁၆ ခုနှစ် အထွေထွေ ရွေးကောက်ပွဲမှာ ရုရှား ရဲ့ ဝင်ရောက် နှောက်ယှက် မှုတွေ ရှိခဲ့ကြောင်း စွပ်စွဲချက်တွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ် ခဲ့တာပါ။ ဒါကို အမေရိကန် တို့ က စုံစမ်း စစ်ဆေးမှုတွေ လုပ်နေဆဲ ဖြစ်ပါတယ်။

ဒီ စုံစမ်း စစ်ဆေး မှုတွေ ဟာ ဒီမိုကရက်တို့ က သူတို့ မလိုလားတဲ့ သူကို ဖယ်ရှား ချင်တဲ့ လုပ်ဆောင်မှု မျိုး ဖြစ်တယ် ဆိုပြီး သမ္မတ ထရမ့် ကဝေဖန် ထားပါတယ်။

ဒါကြောင့် အခု လုံခြုံရေး အကြီးအကဲတွေရဲ့ သတင်းစာ ရှင်းလင်းချက် နဲ့ ၂၀၁၆ ခုနှစ် အထွေထွေ ရွေးကောက်ပွဲမှာ ရုရှား က နှောက်ယှက် ခဲ့သလား ဆိုတဲ့ ကိစ္စ က ကွဲကွဲပြားပြား ရှင်းရှင်းလင်းလင်း မရှိဘူး ဆိုပြီး နိုင်ငံရေး လေ့လာသူတွေက ပြောဆို ဝေဖန်နေပါတယ်။

BBC Burmese
https://www.bbc.com

COMMENTS

Name

art,1,article,1334,cartoon variety,22,crime,68,culture,1,documentary,8,Entertainment,9,health,35,history,2,international,8087,interview,222,knowledge,9,Live,8,LocalNews,16827,news,2842,opinion,772,photos,203,poem,117,satires,39,song,12,speech,12,sports,183,statement,59,technic,58,translate,34,video,1070,voice,76,
ltr
item
dawnmanhon: လာမယ့် အမေရိကန် ရွေးကောက်ပွဲ ရုရှား က နှောက်ယှက်နိုင်
လာမယ့် အမေရိကန် ရွေးကောက်ပွဲ ရုရှား က နှောက်ယှက်နိုင်
https://3.bp.blogspot.com/-wM458c11aek/W2O00-6-p0I/AAAAAAAB56s/OtAVkMmws6MyB4dJg7IrT74yWowCusSDACLcBGAs/s400/6.jpg
https://3.bp.blogspot.com/-wM458c11aek/W2O00-6-p0I/AAAAAAAB56s/OtAVkMmws6MyB4dJg7IrT74yWowCusSDACLcBGAs/s72-c/6.jpg
dawnmanhon
http://www.dawnmanhon.com/2018/08/blog-post_11.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2018/08/blog-post_11.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy