တရားရင်ဆိုင်နေရသော မော်လမြိုင်မြို့နယ်၊ လှိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ပြန်လည်ရွေးချယ်ခွင့် မပေးသည့်အတွက် ဆန္ဒထုတ်ဖော်

မော်လမြိုင်၊ သြဂုတ်- ၅

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ လှိုင်ရပ်ကွက်တွင် အသစ်ပြန်လည်ရွေးကောက်မည့် အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲ၌ ဆယ်အိမ်စုမှူးများ ရွေးချယ်ရာတွင် မှတ်ပုံတင် နှစ်ခု ကိုင်ဆောင်မှုဖြင့် တရားရင်ဆိုင်နေရသော လက်ရှိ လှိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းလွင်ဦး ဝင်ရောက်ယှဉ်ပြိုင်ခြင်းကို ကြီးကြပ်ရေးအဖွဲ့ဝင် ၃ ဦးက ကန့်ကွက်လိုက်သည့်အတွက် ဦးဝင်းလွင်ဦးအား ထောက်ခံသည့် ဒေသခံ ၃၀၀ ခန့်က သြဂုတ် ၅ ရက်နေ့ နံနက် ၁၀ နာရီက မော်လမြိုင်မြို့ ပြည်နယ်ခန်းမအရှေ့မှ လှိုင်ရပ်ကွက် အထက (၂) ကျောင်းအရှေ့ထိ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

လက်ရှိအုပ်ချုပ်ရေးမှူး ဦးဝင်းလွင်ဦးမှ ဆယ်အိမ်စုမှူးအဖြစ် ယှဉ်ပြိုင်ခြင်းကို လှိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်မှု ကြီးကြပ်ရေးအဖွဲ့ဝင် ၃ ဦးက ကန့်ကွက်လိုက်သဖြင့် ကျန်ရှိသည့် ကြီးကြပ်ရေးအဖွဲ့ဝင် နှစ်ဦးအပါဝင် ဦးဝင်းလွင်ဦးအား ထောက်ခံသူတစ်ချို့က ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။

“ကိုသိန်းဇော်ရယ်၊ ကိုထိန်လင်းရယ်၊ ကိုစိုးမိုးအောင်ရယ်က ဖယ်မယ်လို့ပြောတယ်၊ ကျွန်တော်တို့ကတော့ ကျွန်တော်တို့ကို ခန့်ထားတဲ့ စာရွက်အတိုင်း ပုဒ်မ ၅ နဲ့ မငြိစွန်းတဲ့အတွက် သူကို ရွေးချယ်ခွင့်ပေးရမယ်၊ သူမှာ ရွေးချယ်ပိုင်ခွင့်ရှိတယ်လေ၊ အဲ့ဒါ ကျွန်တော်တို့က ပြောတယ်၊ သူတို့က မပေးဘူး၊ ဖယ်တယ်၊ အဲ့ဒီကနေ စဖြစ်တာပေါ့၊ အနှစ်ချုပ်ကတော့ တရားမျှတမှု မရှိဘူးပေါ့”ဟု ဦးဝင်းလွင်ဦးအား ထောက်ခံဆန္ဒထုတ်ဖော်ခဲ့သော လှိုင်ရပ်ကွက်မှ ကြီးကြပ်ရေးမှူးအဖွဲ့ဝင် ကိုနေလင်းအောင်က ပြောသည်။

နိုင်သားစိစစ်ရေးကဒ်နှစ်ခု ကိုင်ဆောင်မှုဖြင့် အမှုဖွင့်ခံထားရသော မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ လှိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်လွင်ဦးကို မေ ၂၉ ရက်နေ့က မော်လမြိုင်မြို့နယ်တရားရုံးတွင် ရာဇသတ်ကြီးပုဒ်မ ၄၂၀ ဖြင့် တရားစွဲဆိုသည်။

“အကျင့်စာရိတ္တ ညံဖျင်းစွာနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး အရွေးချယ်ခံတာကို နိုင်ငံသားကတ်အတု ကိုင်ဆောင်ပြီးတော့ နိုင်ငံတော်ကိုလည်း လိမ်လည်ခဲ့တယ်၊ ရပ်ကွက်နေ ပြည်သူကိုလည်း လိမ်လည်ခဲ့တယ်၊ နိုင်ငံတော်က ကိုယ်စားပြုပြီးတော့ သူကို တရားရုံးမှာလည်း တရားစွဲခံအဖြစ်နဲ့ တရားစွဲဆိုခြင်း ခံနေရသူဖြစ်တဲ့အတွက်ကြောင့် အုပ်ချုပ်ရေးမှူး အရည်အချင်းနဲ့ မကိုက်ညီဘူးဆိုတာ ထင်ရှားနေတယ်ပေါ့ အဲ့ဒီအချက်တွေကြောင့် ဆယ်အိမ်စုမှူးစာရင်းကနေ ပယ်ချလိုက်တယ်”ဟု လှိုင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရွေးချယ်မှု ကြီးကြပ်ရေးအဖွဲ့ဝင် ဦးသိန်းဇော်က ဆိုသည်။

နိုင်သားစိစစ်ရေးကတ်အား လိမ်လည်ရန်အလို့ဌာ လိမ်လည်အတုပြုကိုင်ဆောင်ခြင်း၊ မရိုးမဖြောင့်သောသဘောဖြင့် ဖခင်အမည်နှင့် လူမျိုးတို့အား ဖုံးကွယ်လိမ်လည်၍ နိုင်သားစိစစ်ရေးကဒ် ပြုလုပ်ခဲ့သူ မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်လွင်ဦးအပေါ် ဥပဒေအရအရေးယူပေးရန် မော်လမြိုင်မြို့နယ်(လ၀က)ဦးစီးမှူး ဦးအေးမင်းမှ တရားလိုပြုလုပ်၍ ဖေဖေါ်ဝါရီ ၁ ရက်နေ့က ဒိုင်းဝန်ကွင်းနယ်မြေရဲစခန်းတွင် တိုင်ကြားထားခြင်းဖြစ်သည်။

၂၀၁၅ ခုနှစ်၊ လွှတ်တော်မဲဆန္ဒနယ် မော်လမြိုင်မြို့နယ်
မဲဆန္ဒရှင်များစာရင်းတွင် လှိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်လွင်ဦးသည် မဲပေးပိုင်ခွင့်ရှိသူအမှတ်စဉ် ၈၆၁၁ နှင့် နိုင်ငံသားစီစစ်ရေးကတ်ပြားအမှတ် ၁၀ / သထန (နိုင်) ၀၉၉၈၇၁ ဖြင့် ပါရှိခဲ့ပြီး သထုံမြို့နယ် မဲဆန္ဒရှင်များစာရင်းတွင် ဒေါ်ချိုအေးသည် မဲပေးပိုင်ခွင့်ရှိသူအမှတ်စဉ် ၅၁၃၀ နှင့် နိုင်ငံသားစီစစ်ရေးကတ်ပြားအမှတ် ၁၀ / သထန (နိုင်) ၀၉၉၈၇၁ ဖြင့် ပါရှိခဲ့သည်။

မော်လမြိုင်မြို့နယ်၊ လှိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်လွင်ဦး ကိုင်ဆောင်ခဲ့သော နိုင်ငံသားစီစစ်ရေးကတ်ပြား သည် သထုံမြို့နယ်၊ ဘင်လှိုင်ရပ်ကွက်၊ အောက်လမ်းတွင်နေထိုင်သော ဒေါ်ချိုအေးကိုင်ဆောင်သည့် နိုင်ငံသားစီစစ်ရေးကတ်ပြားအမှတ် ၁၀ / သထန (နိုင်) ၀၉၉၈၇၁ နှင့် တူနေခြင်းဖြစ်သည်။

မော်လမြိုင်မြို့နယ်၊ လှိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်လွင်ဦးသည် ရပ်ကွက်နေပြည်သူတို့၏ တိုင်ကြားချက်များအရ ကိုယ်ပိုင်မှတ်ပုံတင် မဟုတ်ဘဲ သက်ရှိထင်းရှားရှိနေသည့် သထုံမြို့နယ်မှ အမျိုးသမီးတစ်ဦး၏ မှတ်ပုံတင်ကို ကိုင်ဆောင်ထားသူဖြစ်သည့်အပြင် နောက်ထပ် မှတ်ပုံတင်တစ်ခုကိုလည်း ကိုင်ဆောင်ထားသည်မှာ ပေါ်လွင်နေကြောင်း မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိက ပြောကြားထားသည်။

အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ လှိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်လှိုင်ဦးသည် ဒုတိယအကြိမ် အုပ်ချုပ်ရေးမှူး ထပ်မံဝင်ရောက်အရွေးချယ်ခံနေခြင်းအား ၇ . ၁၂. ၂၀၁၇ ရက်နေ့တွင် ကျင်းပပြုလုပ်သော တိုင်ကြားစာ၊ တင်ပြစာ၊ အသနားခံစာနှင့် အထွေထွေကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၂၇ / ၂၀၁၇) ဆုံးဖြတ်ချက် အပိုဒ် ၃(ခ)(၁)အရ အုပ်ချုပ်ရေးမှူးတစ်ယောက်အနေဖြင့် အရည်အချင်းမရှိဟု မွန်ပြည်နယ်အစိုးရအဖွဲ့သို့ အကြောင်းကြားစာ ပို့ထားကြောင်း မွန်ပြည်နယ်လွှတ်တော်မှ သိရသည်။

မုံရွာမြို့တွင် ကျင်းပသည့် ၁၉၉၉ ခုနှစ် ပြည်ခိုင်ဖြိုးဖလား ပြည်နယ်နှင့် တိုင်းဒေသကြီး ဘောလုံးပြိုင်ပွဲအတွက် စခန်းဝင်လေ့ကျင့်စဉ် ဘောလုံးအသင်းအုပ်ချုပ်သူ ဦးသန်းနိုင် (ကွယ်လွန်)မှ ဦးဝင်းလွင်ဦးကို နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် ၁၀/သထန (နိုင်) ၀၉၉၈၇၁ အား ထုတ်ပေးခဲ့ကြောင်း မော်လမြိုင်ခရိုင် လဝက ဦးစီးမှူးရုံးက ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီ ၂ ရက်တွင် မော်လမြိုင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ ပေးပို့ခဲ့သော စာအရ သိရှိရသည်။
သတင်း/ဓာတ်ပုံ-နေမင်း

The Speaker

COMMENTS

Name

art,1,article,1334,cartoon variety,22,crime,68,culture,1,documentary,8,Entertainment,9,health,35,history,2,international,8087,interview,222,knowledge,9,Live,8,LocalNews,16827,news,2842,opinion,772,photos,203,poem,117,satires,39,song,12,speech,12,sports,183,statement,59,technic,58,translate,34,video,1070,voice,76,
ltr
item
dawnmanhon: တရားရင်ဆိုင်နေရသော မော်လမြိုင်မြို့နယ်၊ လှိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ပြန်လည်ရွေးချယ်ခွင့် မပေးသည့်အတွက် ဆန္ဒထုတ်ဖော်
တရားရင်ဆိုင်နေရသော မော်လမြိုင်မြို့နယ်၊ လှိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ပြန်လည်ရွေးချယ်ခွင့် မပေးသည့်အတွက် ဆန္ဒထုတ်ဖော်
https://4.bp.blogspot.com/-eV8HD6lKm_M/W2bPUCB787I/AAAAAAAAfLw/JwxVcbE4hPAZfBFlo36MSBKr0a6OagiUACLcBGAs/s400/q1.jpg
https://4.bp.blogspot.com/-eV8HD6lKm_M/W2bPUCB787I/AAAAAAAAfLw/JwxVcbE4hPAZfBFlo36MSBKr0a6OagiUACLcBGAs/s72-c/q1.jpg
dawnmanhon
http://www.dawnmanhon.com/2018/08/blog-post_51.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2018/08/blog-post_51.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy