မက်ကိန်းဖြတ်သန်းခဲ့တဲ့ စစ်သားဘဝ


စစ်သုံ့ပန်း ဘဝက လွတ်အပြီး ဗီယက်နမ်ကနေ ပြန်လာခဲ့တဲ့ မက်ကိန်းကို ဝါရှင်တန်မှာ အဲဒီတုန်းက သမ္မတ ရစ်ချတ် နစ်ဆင်က ကြိုဆို နှုတ်ဆက်ခဲ့။

အသက် ၈၁ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့တဲ့ အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းဟာ စစ်သား မျိုးရိုးကနေ ဆင်းသက်ခဲ့သူပါ။

ဖခင်ဖြစ်သူရော၊ အဖိုးဖြစ်သူပါ အမေရိကန် ရေတပ်မတော်က ကြယ်လေးပွင့် အဆင့် ရှိ ဗိုလ်ချုပ်ကြီး ရာထူး တာဝန်တွေ ထမ်းဆောင်ခဲ့ပါတယ်။

၁၉၃၆ ခုနှစ် သြဂုတ် ၂၉ ရက်နေ့ မှာ အဲ့တုန်းက အမေရိကန် ထိန်းချုပ်ထားတဲ့ ပနားမားတူးမြောင်းဇုံ က ကိုကိုးဆိုလိုရေတပ်စခန်းမှာ ဂျွန် ဆစ်ဒနီ မက်ကိန်း တတိယ ကို မွေးဖွားခဲ့ပါတယ်။

မွေးကတည်းက ရေတပ်နဲ့ ရင်းနှီးခဲ့တဲ့ မက်ကိန်း လေးဟာ မိသားစုရဲ့ အစဉ်အလာကို ဆက်ခံပြီး မေရီလန်းပြည်နယ် မြို့တော် အနာပိုလိစ် က နာမည်ကျော် အမေရိကန် ပြည်ထောင်စု ရေတပ်အကယ်ဒမီကို တက်ရောက်ခဲ့ပါတယ်။

နောက်ပိုင်းမှာ အမေရိကန်ရေတပ်ရဲ့ လေယာဉ်မှူး ဖြစ်လာခဲ့ပြီး ဗီယက်နမ် စစ်ပွဲကို ဖြတ်သန်းခဲ့ရပါတယ်။

၁၉၆၇ ခုနှစ် အောက်တိုဘာ ၂၆ မှာတော့ ဟနွိုင်းမြို့တော် ပေါ်မှာ စစ်ဆင်ရေး တခုသွားရင် သူ့လေယာဉ် ပစ်ချခံခဲ့ရပါတယ်။ သူ လေယာဉ်က ခုန်ထွက်ချိန်မှာ ခြေထောက် တဖက်နဲ့ လက်မောင်း နှစ်ဖက်လုံး အရိုးကျိုးသွားခဲ့ပါတယ်။

သူ့ကို မြောက်ဗီယက်နမ်တပ်တွေက ဖမ်းဆီးမိပြီး ညှဉ်းပန်း နှိပ်စက်တာတွေ လုပ်ပြီး စစ်ဆေးခဲ့ပေမယ့် အခြေခံ ကျန်းမာရေး စောင့်ရှောက်ပေးဖို့ တောင်းဆိုတာက လွဲလို့ မက်ကိန်းဟာ အခြား ဘာတခုကိုမှ ထုတ်မပြောခဲ့ပါဘူး။ နောက်ဆုံးမှာ သူဟာ အမေရိကန် ရေတပ် ဗိုလ်ချုပ်ကြီး တဦးရဲ့ သားဖြစ်မှန်း သိသွားချိန်ကျမှာ သူ့ကို ရိုက်နှက်တာတွေ ရပ်ခဲ့ပါတယ်။

၁၉၆၈ မတ်လမှာတော့ သူ့ကို ဘယ်သူနဲ့မှ ပေးမတွေ့၊ စကားမပြောစေဘဲ တယောက်တည်း ခွဲ ချုပ်ပြီး ၂ နှစ်တာ ထားခဲ့ပါတယ်။

မက်ကိန်းရဲ့ ဖခင်က ဗီယက်နမ်က တပ်ဖွဲ့တွေရဲ့ အကြီးအကဲ ဖြစ်လာချိန်မှာတော့ မြောက်ဗီယက်နမ်ဘက်က ဝါဒဖြန့်ချိရေးမှာ အသုံးချနိုင်ဖို့ မက်ကိန်းကို လွှတ်ပေးမယ် ဆိုပြီး ကမ်းလှမ်းခဲ့ပါတယ်။ ဒါပေမယ့် ဒီကမ်းလှမ်းချက်ကို မက်ကိန်းက ငြင်းပယ်ခဲ့ပြီး သူ့အရင် ဖမ်းခံထားရသူတွေကို အရင်လွှတ်ပေးရမယ်လို့ တောင်းဆိုခဲ့ပါတယ်။

အဲဒီအခါမှာ မက်ကိန်းကို ပြန်လည် နှိပ်စက်တာတွေ လုပ်ခဲ့ပါတယ်။ မက်ကိန်းဟာ အကျဉ်းသားဘဝမှာ ရောဂါဝေဒနာတွေလည်း ခံစားခဲ့ရပြီး ကိုယ့်ဘာသာ သေကြောင်းကြံစည်ဖို့ ကြိုးစားတဲ့ အထိ ဖြစ်ခဲ့ပါတယ်။

၅ နှစ်ခွဲ ကျော် အကြာမှာတော့ သူ့ကို ပြန်လွှတ်ပေးခဲ့ပေမယ့် ဒဏ်ရာတွေကတော့ သူနဲ့ အတူ ကျန်ခဲ့ပါတယ်။

၁၉၇၇ ခုနှစ်မှာ ရေတပ် ရဲ့ အမေရိကန် ဆီးနိတ်လွှတ်တော်နဲ့ ဆက်ဆံရေး ရုံးမှာ တာဝန်ထမ်းဆောင်ခဲ့ချိန်က စပြီး နိုင်ငံရေး ကို စတင် စိတ်ပါဝင်စားလာပါတယ်။

၁၉၈၁ ခုနှစ် မှာတော့ ရေတပ်ကနေ ထွက်ပြီး ကွန်ဂရက် လွှတ်တော် အမတ် ရွေးပွဲ ဝင်ရာကနေ စစ်သားဘဝက နိုင်ငံရေး လောကထဲ ရောက်ခဲ့ပါတယ်။

စစ်ပြန် တဖြစ်လဲ နိုင်ငံရေးသမား မစ္စတာမက်ကိန်းဟာ နှစ်ပေါင်း ၃၅ နှစ် ကျော် ကြာအောင် အောက်လွှတ်တော်အမတ်၊ အထက်လွှတ်တော်အမတ် စတဲ့ တာဝန်တွေ ယူခဲ့ဖူးခဲ့သလို ၂၀၀၈ ခုနှစ်မှာ ရီပတ်ပလီကန် ပါတီ ရဲ့ သမ္မတလောင်းအဖြစ် အမည်တင်သွင်းခံခဲ့ရပါတယ်။
BBC Burmese

COMMENTS

Name

art,1,article,1343,cartoon variety,22,crime,68,culture,1,documentary,9,Entertainment,9,health,35,history,2,international,8287,interview,222,knowledge,9,Live,8,LocalNews,17116,news,2842,opinion,774,photos,203,poem,117,satires,39,song,12,speech,12,sports,189,statement,59,technic,59,translate,34,video,1073,voice,76,
ltr
item
dawnmanhon: မက်ကိန်းဖြတ်သန်းခဲ့တဲ့ စစ်သားဘဝ
မက်ကိန်းဖြတ်သန်းခဲ့တဲ့ စစ်သားဘဝ
https://2.bp.blogspot.com/-u6zICF6Mx0A/W4K-YP9c0PI/AAAAAAAAfPg/Bvn_bFkWNU4ThifvPedxaY20ePJnFUY7ACLcBGAs/s1600/q1.jpg
https://2.bp.blogspot.com/-u6zICF6Mx0A/W4K-YP9c0PI/AAAAAAAAfPg/Bvn_bFkWNU4ThifvPedxaY20ePJnFUY7ACLcBGAs/s72-c/q1.jpg
dawnmanhon
http://www.dawnmanhon.com/2018/08/blog-post_586.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2018/08/blog-post_586.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy