နေ၀င်ညကို ကူးဖြတ်နေဆဲ



သေခြင်း တရား၌

မှေးမှိန်ခြင်း မရှိသော

ကျော်ကြားမှု တည်ပါစေ ...

အသက်ရှင်တည်နေခြင်း၌

မပြယ်သော မေတ္တာတရား

တည်ပါစေ ...။

(တဂိုး)

လူတွေဟာ မွေးဖွားလာကြ တယ်၊ ရှင်သန်ကြီးပြင်းလာကြ တယ်၊ ပြီးတော့ တစ်ချိန်မှာ ပျောက်ကွယ်သွားကြတယ်၊ ဖြစ် တည်ရှင်သန်မှုလေး တည်တံ့နေ တုန်း ပုံရိပ်ကောင်းတွေ ခတ်နှိပ်ခဲ့ ဖို့ အချိန်တန်လို့ ပျောက်ကွယ် သွားချိန်မှာ သင့်ကိုလူတွေတမ်း တကြဖို့ ကဗျာစာဆိုကြီး ရာဘင်ဒြာနတ်တဂိုးက အဲသလိုသတိ ပေးခဲ့ဖူးပါတယ်။ ကမ္ဘာဦးကတည်းက လောကထဲ လူတွေဘယ်လောက် ၀င်လာခဲ့ကြ၊ လူတွေဘယ် လောက်ပြန်ထွက်သွားကြ၊ ကိန်း ဂဏန်းတွေနဲ့ ရေတွက်ဖို့ လုံ လောက်ချင်မှ လုံလောက်ပါလိမ့် မယ်။ ဒါပေမဲ့ ကျောက်ထက်အက္ခရာထွင်းနိုင်ချိန်၊ စာကမ္ပည်းထိုး တင်နိုင်ချိန်မှာတော့ ရုပ်ခန္ဓာသေ ပေမယ့် အမည်နာမ မသေကြသူ တွေ သမိုင်းမျက်နှာစာမှာ အက္ခ ရာချိတ်ဆွဲတည်မြဲလျက် ရှိနေကြ ပါတယ်။ ဒါကြောင့်မို့ အနောက် တိုင်းစကားပုံတစ်ခု ကြားဖူးပါ တယ်။ လူကောင်းတွေလည်း မုချ ဧကန်သေကြရမှာပါ။ ဒါပေမဲ့ သေမင်းမသတ်နိုင်တာ သူတို့ရဲ့ အမည်နာမကိုပါပဲတဲ့။

ဆောင်းပါးအစမှာ ရေးခဲ့ တဲ့တဂိုးရဲ့ ကဗျာထဲကလိုပဲ ဖြစ် တည်ခွင့်နဲ့ ကြုံကြိုက်နေချိန် လူ သားဟာ တစ်စုံတစ်ရာလူသား ထက်ပိုပြီး၊ မိသားစုတစ်ခုထက် ပိုပြီး၊ ရပ်ရွာအသိုင်းအ၀ိုင်း တစ် ခုထက်ပိုပြီး အများအတွက်၊ နိုင်ငံ အတွက်၊ ကမ္ဘာကြီးအတွက်၊ အနာဂတ်မျိုးဆက်အတွက် ကိုယ့်ဘ၀ ကို မီးစာကျစ်ပြီး အလင်းပြခဲ့သူ တွေလည်း ရှိခဲ့ကြပေါ့။ တကယ် တော့သူတို့တစ်တွေဟာ လျှပ်စစ် အလင်းရဖို့ ကြားခံပေးတဲ့ Fuse လေးတွေလိုပါပဲ။ တစ်စုံတစ်ရာ အန္တရာယ်ရှိလာရင် အပူကူးစက် မခံရအောင် သူတို့ကိုယ်တိုင် လောင်ကျွမ်းပြတ်တောက်ပေး လိုက်ကြသူတွေ ဖြစ်တယ်။ ကမ္ဘာ လောကကြီးထဲမှာ ကမ္ဘာသား တစ်ဦးအဖြစ်၊ လောကသားတစ် ဦးအဖြစ် နေထိုင်ခဲ့တာ မဆန်း ဘူး။ ဒါပေမဲ့ ကမ္ဘာကြီးအတွက်၊ လူထုလူတန်းစားတစ်ရပ်အတွက် ပေးဆပ်ရပ်တည်ခဲ့သူတွေရဲ့ လူ ဖြစ်ရတာကတော့ ဆန်းတယ်။ သူရှူရှိုက်ခဲ့တဲ့ အောက်ဆီဂျင်တွေ၊ သူ မှုတ်ထုတ်လိုက်တဲ့ ကာဗွန်ဒိုင် အောက်ဆိုက်တွေကအစ သူ့အ တွက် ဂုဏ်ယူနေကြမှာ အမှန်ပါ ပဲ။ မြေသားချင်းတူပေမယ့် လူ တွေမြတ်နိုးတဲ့ ပန်းခင်းလို၊ တချို့ လူတွေရှောင်ရှားတဲ့ ဆူးခင်းလို။

အမေရိကန်စာရေးဆရာ ကြီး ဖရန်ကလင် ဘင်ဂျမင်က ပြောခဲ့ဖူးတယ်။ သင်သေသွားရုံ နဲ့၊ သင့်ခန္ဓာကိုယ်ကြီးပုပ်ဆွေးသွား ရုံနဲ့ သင့်ကိုလူတွေ မေ့သွားတာ မျိုး မဖြစ်စေချင်ရင် ဖတ်ထိုက်တာ တွေ ရေးခဲ့ပါ။ ဒါမှမဟုတ် ရေး ထိုက်တာတွေကို အကောင်အ ထည်ဖော်လုပ်ကိုင်ခဲ့ပါတဲ့။ အခု တော့ ဖရန်ကလင်ဘင်ဂျမင်ပြော သလို ရုပ်ခန္ဓာကွယ်ပျောက်သွား ပေးမယ့် အမည်နာမ ဘယ်တော့ မှ ပျောက်ကွယ်မသွားနိုင်တဲ့ ၈၈ မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့် လင်းလူ့အဖွဲ့အစည်း) အမျိုးသ မီးရေးရာဌာနက ဒုတာဝန်ခံ မမီး မီးဟာ သက်သေပြခဲ့ပါပြီ။ ဒီနှစ် သြဂုတ်လမှာ အနုပညာကြယ်ပွင့် တွေ၊ နိုင်ငံရေးကောင်းကင်က ကြယ်ပွင့်တွေ ကြွေတာတွေ့ရလွန်းတော့ ရင်နာနာနဲ့ August ကဗျာရေးမိခဲ့ပါတယ်။

August ရေ

တောက်ပကြယ်တွေ

ခြွေပါ့မယ်လို့

ဘုရားသခင်ထံ

ကတိခံခဲ့သလား ...

မကြာသေးခင် ၈-၈-၂၀၁၈ အရေးတော်ပုံနှစ် (၃၀) ပြည့် သွေးစွန်းညကို မြို့တော်ခန်း မရှေ့မှာ မနီလာသိန်း၊ မမီးမီး၊ ကိုဘိုဘို အစရှိတဲ့ ပုဂ္ဂိုလ်တွေ၊ မျိုး ဆက်သစ်လူငယ်တွေနဲ့ ဖယောင်း တိုင်ထွန်း ဆုတောင်းကြ၊ ပေး ဆပ်ခဲ့ကြသူတွေအတွက် ဂုဏ်ပြု တေးသီကြ၊ ကဗျာရွတ်ကြ၊ သွေး စွန်းညအတွေ့အကြုံကို ရင်ဖွင့် ကြနဲ့ အမှောင်ထဲမှာ အလွမ်းတွေ တရှဲရှဲမြည်လို့၊ ခုတော့ ကျွန်တော့် အမြင်တောက်ပကြယ်မို့ အခြွေ ခံခဲ့ရတယ် ထင်ပေမယ့် ...။

ကြယ်ကြွေတိုင်း

မြေခတာ မဟုတ်ဘူး ...

တချို့က

မြေကြီးပေါ်ကနေ

ကောင်းကင်ဆီကိုကြွေတာ ..။

ဆရာထင်လင်းဦး(Wisdom Villa) ကတော့ မြတ်သောသူဟာ မြင့်မြတ်သော ဘုံဆီခရီးနှင်ပြီး ဖြစ်ကြောင်း မီးမောင်းထိုးပြတာ အတွေးမှန်ကူကွက်ထဲ ဖျတ်ခနဲ တွေ့လိုက်ရပါတယ်။ အို..သင့် ၀ိညာဉ်က မြတ်သောဘုံမှာ၊ သင့် နာမည်က ပြည်သူတွေရဲ့ နှလုံး သားထဲမှာ နေရာယူနေတုန်း အ သံတစ်ခုကြားလိုက်ရပါတယ်။ တောက်ခေါက်သံ မပါရုံမှ တစ်ပါး၊တကယ့်ကိုဆို့ဆို့နစ်နစ်၊ ကြေကြေ ကွဲကွဲ၊ ကြားရခဲ့တဲ့ ပေါက်ကွဲသံ၊ ပြီးတော့ ဘ၀ကို ပရဟိတလုပ် ငန်းထဲ ဒါန၀တ္ထုတစ်ခုကို မြှုပ်နှံ ထားတဲ့ ဦးကျော်သူရဲ့ အသံ ..။

သင်္ချိုင်းကို ကျွန်တော်မလာ ချင်တော့ဘူး

မျှမျှတတ မရှိဘူးဗျာ။

ကျွန်တော်သိတဲ့

ကျွန်တော်ချစ်တဲ့

လေးစားတဲ့...ကြည်ညိုတဲ့ ... ဂုဏ်ယူရမယ့်

သူတွေကိုပဲ ခေါ်ခေါ်သွားတယ်၊

တစ်ခါတလေ မျှမျှတတ ပေါ့ ဗျာ...။

ကိုကျော်သူဟာ သူ့နေ့နေ့၊ ညညတွေကို ဘယ်သူမှ နီးနီးစပ် စပ် မဖြစ်ချင်တဲ့ အလောင်းတွေ၊ အသုဘတွေ၊ နာရေးတွေမှာ မြှုပ်နှံထားသူပါ။ သာမန်လူတွေတောင် ရှောင်ရှားချင်တဲ့ကိစ္စ၊ အပြင်းထန်ဆုံးဗျာပါဒကြုံ မိသားစုတွေရဲ့ မျက်ရည်ကူသုတ်ပေးနေတဲ့ လက်အစုံပိုင်ရှင်ပါ။ ခုတော့နာကြည်းသံက မြည်ဟည်းလွန်းပါ့၊ ကဗျာဆရာ ဇော်လူစိမ်းကတော့ ခံယူ ချက်တစ်ခုရဲ့ တန်ဖိုးကို ရင်နာနာနဲ့ ခပ်မာမာရေးဖွဲ့တယ်။ ‘မီးမီး ကို မိတ္တူကူးမရဘူး’ ဆိုတဲ့အ ပြင်းစား ခေါင်းစဉ်တစ်ခုနဲ့ ..။

ပညာတတ်ကြိမ်လုံးနဲ့သာ ရိုက်ကြ

အဲဒီကျောင်းသူလေးကို ကူးမရ...

နှလုံးသားကို စစ်ဖိနပ်နဲ့

တက်နင်းကြ

အဲဒီ မိန်းကလေးကို ကူးမရ ..

ဘ၀တစ်ခုလုံး

ကြိုးကွင်းစွပ်ထားတောင်

အဲဒီမိန်းကလေးကို ကူးမရ...

စာရွက်အလွတ်ထဲ

ဒို့

မျက်

ရည်

သာ

ကျ

မီးမီးကိုတော့ မိတ္တူကူးမရ ...။

ကြည့်လိုက်ရင် နူးညံ့သွယ် ပျောင်းပေမယ့် သူ့ရဲ့ ခံယူချက်အ ပေါ်တော့ ဘယ်တော့မှ မီးပူအ ထိုးမခံတဲ့သူ၊ အာဏာရှင်တွေအ လိုကျ ခေါက်ရိုးကျိုးမခံခဲ့သူ၊ ပြီး တော့ ဘ၀မှာ လိုချင်တာတွေယူ ဖို့ လာခဲ့သူမဟုတ်သလို လိုအပ် တာတွေ ပေးဖို့လာခဲ့သူ၊ ၁၉၈၈ ကနေ ၂၀၁၂ အတွင်း ထောင် ဒဏ်(၆၅)နှစ်အပါအ၀င် ထောင် သုံးကြိမ်အကျဉ်းကျခံရခဲ့သူ။ ရုပ် ခန္ဓာကွယ်ပျောက်သွားပေမယ့် ပြည်သူတွေရဲ့ ရင်တွင်းမှာ၊ အနာ ဂတ်မှာ မင်းအမည်နာမဟာ ကျောက်ထွင်းကျန်ခဲ့မှာပါ။ မြတ် သော ဘုံမှာခိုလှုံပါလော့၊ ဖြစ်ရ လေ၊ နေ၀င်ညကို ကူးဖြတ်ရင်းနဲ့ မမီးမီးရယ် ...။ ။

(ဆောင်းပါးရှင် ကိုအင်းဝသည် မျက်မှောက်ရေးရာ ဆောင်းပါးများ ရေးသားနေသူဖြစ်သည်။)
7Day News Journal
http://www.7daydaily.com/story/1

COMMENTS

Name

art,1,article,1344,cartoon variety,22,crime,70,culture,1,documentary,9,Entertainment,9,health,36,history,2,international,8579,interview,223,knowledge,9,Live,8,LocalNews,17570,news,2842,opinion,781,photos,203,poem,117,satires,39,song,12,speech,12,sports,194,statement,59,technic,59,translate,34,video,1073,voice,76,
ltr
item
dawnmanhon: နေ၀င်ညကို ကူးဖြတ်နေဆဲ
နေ၀င်ညကို ကူးဖြတ်နေဆဲ
https://3.bp.blogspot.com/-U-hwKCabhBE/W3lyb0Wd0AI/AAAAAAAAfOc/p9h_dfaCgXQrxKRkReKKb89GwB25HVQSQCLcBGAs/s640/q1.jpg
https://3.bp.blogspot.com/-U-hwKCabhBE/W3lyb0Wd0AI/AAAAAAAAfOc/p9h_dfaCgXQrxKRkReKKb89GwB25HVQSQCLcBGAs/s72-c/q1.jpg
dawnmanhon
http://www.dawnmanhon.com/2018/08/blog-post_588.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2018/08/blog-post_588.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy