နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် နှင့် ဇနီး ဒေါ်ချိုချို ဗုဒ္ဓဘုရားရှင် ဖွားမြင်တော်မူရာနေရာအား ဖူးမြော်ကြည်ညို


ကတ္တမန္ဒူး၊ သြဂုတ် ၂၉
နီပေါဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ၌ တရားဝင်ချစ်ကြည်ရေးခရီးရောက်ရှိ နေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် နှင့်ဇနီး ဒေါ်ချိုချို တို့သည် ယနေ့တွင် နီပေါဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ အမှတ် (၅)ပြည်နယ်၊ Bharawaမြို့ လုမ္ဗိနီဥယျာဉ်တော်အတွင်းရှိ ဗုဒ္ဓဘုရားရှင်ဖွားမြင်တော် မူရာနေရာအား ဖူးမြော်ကြည်ညိုကြသည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် နှင့်ဇနီး ဒေါ်ချိုချို နှင့်အဖွဲ့သည် ယနေ့ ဒေသစံတော်ချိန် နံနက် ၉ နာရီ မိနစ် ၅၀ တွင် အထူးလေယာဉ် ဖြင့် ကတ္တမန္ဒူးမြို့ ထရီဗူဗန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ Bharawa မြို့ ဂေါတမဗုဒ္ဓ လေဆိပ်သို့ ရောက်ရှိ ကြသည်။

ထိုမှတဆင့် နိုင်ငံတော်သမ္မတနှင့် ဇနီးနှင့် အဖွဲ့သည့် နီပေါဖက်ဒရယ်ဒီမိုကရက်တစ် သမ္မတနိုင်ငံ တပ်မတော်ရဟတ်ယာဉ်ဖြင့် လုမ္ဗိနီယျာဉ်သို့ရောက်ရှိကြရာ အမှတ်(၅) ပြည်နယ်အကြီးအကဲ Mr. Umakant Jha ၊ ယဉ်ကျေးမှု၊ ခရီးသွားလာရေးနှင့် မြို့ပြလေကြောင်းဝန်ကြီး Mr. Rabindra Adhikari ၊ Bharawa ပြည်နယ်ဝန်ကြီးချုပ် Mr. Shankar Pokharel ၊ Bharawa မြို့တော်ဝန်နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြ သည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့် ဇနီးနှင့် အဖွဲ့သည် မော်တော်ယာဉ်များဖြင့် မယ်တော်မာယာကျောင်းတော်သို့ရောက်ရှိပြီး ကျောင်းတော် အတွင်း လှည့်လည်ကြည့်ရှု ဖူးမြော်ကြည်ညိုကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် မယ်တော်မာယာကျောင်းရှိ ဗုဒ္ဓရုပ်ပွား တော်မြတ်အား ပန်း၊ ရေချမ်း၊ ဆီမီး၊ သစ်သီးနှင့် အမွှေးနံသာများကပ်လှူပူဇော်ပြီး မြန်မာ ရွှေကျောင်းဆရာတော် ဘဒ္ဒန္တကောဝိဒ အမှူးပြုသည့် ဆရာတော်သံဃာတော်များ ရွတ်ပွားတော်မူသည့် ပရိတ်တရားတော်များကိုနာယူကြည်ညိုကြကာ လှူဖွယ်ဝတ္တုပစ္စည်း များဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် မယ်တော်မာယာကျောင်း ယာယီရှင်းလင်းဆောင်သို့ ရောက်ရှိကြရာ နီပေါဖက်ဒရယ် ဒီမိုကရက် တစ်သမ္မတနိုင်ငံ ယဉ်ကျေးမှု၊ ခရီးသွားလာရေးနှင့် မြို့ပြလေကြောင်းဝန်ကြီး Mr. Rabindra Adhikari က ကြိုဆိုနှုတ်ခွန်းဆက် စကား ပြောကြားသည်။

ထို့နောက် လုမ္ဗိနီဥယျာဉ်တော်ထိန်းသိမ်းရေးဌာနတာဝန်ခံအရာရှိ က လုမ္ဗိနီ ဥယျာဉ် တော်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် သည် မယ်တော်မာယာကျောင်းတော် ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးပြီး တာဝန်ရှိသူများနှင့်အတူ မှတ်တမ်း တင်ဓာတ်ပုံရိုက်သည်။

ထို့နောက် ပဏ္ဍိတာရာမအပြည်ပြည် ဆိုင်ရာသာသနာ့ရိပ်သာသို့ရောက်ရှိပြီး ကျောင်းတိုက်ပဓာနနာယက ဆရာတော် ဘဒ္ဒန္တ ၀ိဝေကာနန္ဒ အား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ဝတ္တုပစ္စည်းများဆက်ကပ်လှူဒါန်းသည်။

ဆက်လက်၍ မြန်မာ ရွှေကျောင်းတော်သို့ ရောက်ရှိပြီး လောကမဏိစူဋ္ဌာစေတီ တော်မြတ်ကြီးအား ပန်း၊ ရေချမ်း၊ ဆီးမီး၊ သစ်သီးနှင့် အမွှေးနံ့သာတိုင်များ ကပ်လှူ ပူဇော်ပြီး သာသနာ့ဗိမာန်တော်၌ ကျောင်းတိုက် ပဓာန နာယက ဆရာတော် ဘဒ္ဒန္တ ကောဝိဒအမှူးပြုသည့် ဆရာတော် သံဃာတော်များအားဖူးမြော်ကြည်ညိုပြီး လှူဖွယ်ဝတ္တု ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် မော်တော်ယာဉ်များဖြင့် ခေတ္တနားနေမည့် Lumbini Hotel Kasai သို့ရောက်ရှိကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီးဒေါ်ချိုချိုနှင့်အဖွဲ့သည် နီပေါဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ တပ်မတော်ရဟတ်ယာဉ်ဖြင့် လုမ္ဗိနီဥယျာဉ်မှ ဂေါတမဗုဒ္ဓလေဆိပ်သို့ရောက်ရှိကြပြီး ထိုမှတဆင့် အထူးလေယာဉ်ဖြင့် ထရီဗူဗန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိကြသည်။

ဆက်လက်၍ မော်တော်ယာဉ်များဖြင့် ခေတ္တတည်းခိုသည့် Soaltee Crown Palaza Hotel သို့ ပြန်လည်ရောက်ရှိကြသည်။
Myanmar President Office

COMMENTS

Name

art,1,article,1357,cartoon variety,23,crime,70,culture,1,documentary,9,Entertainment,9,health,36,history,2,international,8821,interview,230,knowledge,9,Live,8,LocalNews,18130,news,2842,opinion,795,photos,203,poem,117,satires,40,song,12,speech,13,sports,196,statement,59,technic,59,translate,36,video,1077,voice,76,
ltr
item
dawnmanhon: နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် နှင့် ဇနီး ဒေါ်ချိုချို ဗုဒ္ဓဘုရားရှင် ဖွားမြင်တော်မူရာနေရာအား ဖူးမြော်ကြည်ညို
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် နှင့် ဇနီး ဒေါ်ချိုချို ဗုဒ္ဓဘုရားရှင် ဖွားမြင်တော်မူရာနေရာအား ဖူးမြော်ကြည်ညို
https://2.bp.blogspot.com/-IiOvnAUllmE/W4clsJiv_rI/AAAAAAAAfQk/KAg5k_8qI6IgQ80wBT5nfgZmql4QEb0zgCLcBGAs/s640/q1.jpg
https://2.bp.blogspot.com/-IiOvnAUllmE/W4clsJiv_rI/AAAAAAAAfQk/KAg5k_8qI6IgQ80wBT5nfgZmql4QEb0zgCLcBGAs/s72-c/q1.jpg
dawnmanhon
http://www.dawnmanhon.com/2018/08/blog-post_713.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2018/08/blog-post_713.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy