၈ လေးလုံးအနှစ် ၃၀ ပြည့်မှသည် အနာဂတ်ခြေလှမ်းသစ်ပြင်ဆင်ဖို့ ၈၈ မျိုးဆက်ခေါင်းဆောင်တွေ တိုက်တွန်း


ရှစ်လေးလုံး နှစ်သုံးဆယ်ပြည့် နှစ်ပတ်လည်လို နိုင်ငံရေး အခမ်းအနားတွေ ကျင်းပတာဟာ အတိတ်ကိုပဲ ပြန်တူးဖေါ်နေတာမျိုး မဟုတ်ဘဲ အနာဂတ်အတွက် ပြင်ဆင်တဲ့ခြေလှမ်းတွေဖြစ်တယ်လို့ ရှစ်ဆယ့်ရှစ် မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ က ပြောဆိုပါတယ်။ လူထုရဲ့ အသံကို အစိုးရက နားမထောင်ခဲ့တဲ့ အတွက် အုံကြွမှုဖြစ်ခဲ့တဲ့ သင်္ခန်းစာကို ယူသင့်တယ်လို့ ပြောဆိုပြီး ရှစ်လေးလုံးရဲ့ ကတိက၀တ်တွေ အကောင်အထည်ဖေါ်နိုင်ရေးကို အဓိက ထောက်ပြကြပါတယ်။ ဒီကနေ့ ရန်ကုန် တက္ကသိုလ်မှာ ကျင်းပတဲ့ အခမ်းအနားကြောင်း ကိုသိန်းထိုက်ဦးက ပြောပြပါလိမ့်မယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ က ရဟန်းရှင်လူတွေအားလုံးပါဝင်ခဲ့တဲ့ ဒီမိုကရေစီအရေးလှုပ်ရှားမှု ကြီးအနှစ် ၃၀ပြည့်တဲ့ အခါမှာဒီလှုပ်ရှားမှုကြီး နိုင်သလားရှုံးသလားဆိုတဲ့သုံးသပ်ချက်တွေ ဒီလှုပ်ရှားမှု ကြီးကနေဘယ်လိုသင်ခန်းစာတွေယူမလဲ ဆိုတဲ့ပြောဆိုစမ်းစစ်ချက်တွေကို ကျနော်တို့ကြား နေရပါ တယ်။ ဒီဒီမိုကရေစီလှုပ်ရှားမှုကို ဘယ်လိုဆက်ပြီးချီတက်ကြမလဲ။ ဒီခရီးကပြီးပြီ လားဆိုတဲ့ ဝေဖန် ဆန်းစစ်ချက်တွေကိုလည်းကြားနေရပါတယ်။ဒါမဲ့ဒီနေ့ဒီမိုကရေစီအရေး နှစ် ၃၀အတွင်း ပါဝင်ခဲ့ သူ တွေကတော့ ရန်ကုန်တက္ကသိုလ်မှာ နှစ် ၃၀အခမ်းအနားကျင်းပပြီးတော့ မိတ်ဆွေ ဟောင်း တွေ တွေ့ကြမြင်ကြနှုတ်ဆက်နေကြပါတယ်။ သမိုင်းကြောင်းတွေကို အမှတ်တရနဲ့ အလွမ်းတွေ ရောထွေး နေတဲ့ ကာလလည်းဖြစ်ပါတယ်။

"အဲတုန်းက နှစ် ၃၀တုန်းကအတူလျှောက်ခဲ့တဲ့ အတူတက်ခဲ့တဲ့ ခြေအစုံပိုင်ရှင်တွေ အားလုံးကို အထူးသဖြင့် ဘယ်တော့မှ ပြန်မလာနိုင်တော့တဲ့ ဒေါင်းအလံတွေ တလူလူလွင့်လာတာကို မြင်ခွင့်မရတော့တဲ့ သူတွေအတွက် အထူးသဖြင့် ဦးညွှန့်ဂုဏ်ပြုပါတယ်။ ဒီနေရာကိုရွေးချယ်ရခြင်းကိုက ကျနော်တို့ရဲ့ ဘူမိနတ်သံလို့ ယုံကြည်လို့ပါ။ ဒါဟာအိပ်မက်ဆန်ကောင်းဆန်ပါလိမ့်မယ်။ ကျနော်တို့ အကြမ်းတမ်းဆုံးအချိန် အမှောင်ထဲကာလတုန်းက အဲခံစားချက်တွေနဲ့ပြန်ယှဉ်ရင် ဖြစ်တောင်ဖြစ် ပါ့မ လား ဒီလိုပြန်ဆုံနိုင်ပါ့မလားလို့တွေးကောင်း တွေးမိပါလိမ့်မယ်။ ဒါမဲ့ဒီနေ့ကျနော်တို့ ပြန်ရောက်လာပါပြီ ဒေါင်းအလံတွေနဲ့အတူပြန်ရောက်လာတာပါ"

အခမ်းအနားမှာပြောသွားတဲ့ရှစ်ဆယ့်ရှစ်မျိုးဆက် ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်ရဲ့ မိန့်ခွန်း တချို့ပါ။ အနာဂတ်ကို မျက်နှာမူဖို့ဆိုရင်၊ နောင်မျိုးဆက်သစ် လူငယ်တွေအတွက် သင်ခန်းစာ ယူဖို့လိုသလို အတိတ်ကို ချန်လှပ်လို့ မရဘူးလို့ သူက ဆိုပါတယ်။

လွန်ခဲ့တဲ့ နှစ်သုံးဆယ် ဒီမိုကရေစီရေး လှုပ်ရှားမှုအတွင်း အားလုံး မျှော်မှန်းခဲ့တဲ့ တိုင်းပြည်တခုကို ရောက်အောင် ဆက်ပြီး ကြိုးစားဖို့ သူက အဓိက တိုက်တွန်းသွားတာပါ။

"နောက်ဆုံးအနေနဲ့ တချိန်ကစကားလုံးတွေ နဲ့အတိအကျမပြောတတ်သည့် တိုင်အောင်ကျနော်တို့မျှော် မှန်း ခဲ့တဲ့နိုင်ငံတခုကို ခုရောက်နေတဲ့နေရာကနေ ခရီးဆက်ဖို့ကျနော်တိုက်တွန်းပါတယ်။ ဘယ်လိုနိုင်ငံ မျိုးလဲ သယံဇာတ ကျိန်စာသင့်နေတဲ့ နိုင်ငံဆီကနေ လူသားအရင်းအမြစ်ကိုတန်ဖိုးထားတဲ့ နိုင်ငံ၊ ရုပ်ဝထ္တုနဲ့ ဓနအင်အားကိုသာ တွင်တွင်ပြောနေမယ့် အစား ကျင့်ဝတ်ကောင်းတွေနဲ့ ဂုဏ်သတင်းကျော် ဇောတဲ့နိုင်ငံ အမိန့်အာဏာတခုထဲနဲ့လူတွေကိုစေခိုင်းနေမယ့် အစား အပြန်အလှန်ညှိုနှိုင်းဆွေးနွေးသ ဘောတူပြီး ပြည်သူ့ဆန္ဒတွေကို ဦးညွှတ်ပြီး ပူးပေါင်းဆောင်ရွက်တဲ့နိုင်ငံ လူမျိုးတွေကွဲပြားမှုကိုရေတွက် နေမယ့်အစား ခွဲခြားယူတတ်မှုတာဝန်ခွဲခြားယူတတ်တဲ့အပေါ်မှာ ဂရုဓမ္မပြုတဲ့ နိုင်ငံ ထစ်ခနဲရှိရင် လက်နက်အားကိုးနဲ့ အရာရာကို ဖြေရှင်းမယ်ဆိုတဲ့ အသိလောက်မဟုတ်ဘဲ ညဏ်ပညာဆင်ခြင်တုံတ ရားစာနာမှု တို့နဲ့ ပြဿနာတွေကိုဖြေရှင်းတတ်သော မျိုးဆက်သစ်တွေရဲ့ နိုင်ငံ ရောက်အောင်ကျနော်တို့ ချီတက်ကြတဲ့နေရာမှာ ၈၈၈၈ဟာ အတိတ်သမိုင်းထဲမှာ အိပ်မောကျနေတာမဟုတ်ပါဘူး။ မျိုးဆက်အ သီးသီသွေးကြောတွေထဲ စီးဝင်ပြီး ခုနကျတော်တို့တောင့်တသော ကမ္ဘာကလေးစားဦးညွှတ်ရသော ကျ နော်တို့ကိုယ်တိုင်သမိုင်းတကွေကမှာခေါင်းမော့နိုင်တဲ့ အထိသယ်ဆောင်သွားတဲ့ ဝိညာဉ်ဖြစ်ပါတယ်လို့ ပြောရင်း အဆုံးသတ်ပါတယ်"

ပြည်သူတွေရဲ့ တိတ်နေတဲ့ အသံတွေကို နားစွင့်ဖို့ ပျက်ကွက်ခဲ့တာကြောင့် လူထုအုံကြွမှု ဖြစ်ခဲ့တယ်ဆိုတာကို ရှစ်ဆယ့်ရှစ်မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက ထောက်ပြ ပြောဆို သွားပါတယ်။ သမိုင်းကြောင်းတွေ ပြန်လှန်ရတာ အကြောင်းရှိပါတယ်လို့ သူက ဆိုပါတယ်။

"တချိန်တုန်းကတပ်မတော်မှာထိပ်ပိုင်းတာဝန်ထမ်းဆောင်ခဲ့တဲ့ တယောက်က ပြီးခဲ့တဲ့ အစိုးရလက် ထက် မှာကျနော်တို့နဲ့တွေ့တယ် သူကကျနော်တို့ကို ရင်းရင်းနှီးနှီးမေးတာပေါ့ ခင်ဗျားတို့ထောင်တွေထဲ မှာဘယ်လောက်ကြာသွားလဲတဲ့ ကျနော်တို့ဖြေပါတယ်။ တဦးချင်းပြောပါတယ် ကျနော်တို့က နှစ် ၂၀ သူကတော့ ၂၂နှစ် အစရှိသဖြင့်ပြောကြတာပေါ့။ သူတကယ့်ကို အံအားသင့်မှင်သက်ပြီးတော့ ဟာခင် ဗျားတို့အဲလောက်တောင်ကြာသွားတာလားတဲ့။ ပြုသူအတွက် ခဏလေးထင်ပေမယ့် ခံရသူအတွက်က တော့ တကမ္ဘာပါ။ ဒါတွေ ပြန်ပြန်ပြောနေရတာက နာကြီးစိတ်မဟုတ်ဘူး။ အနိမ့်ဆုံးအဆင့် ပြုပြင် ပြောင်းလဲခဲ့ကြတဲ့ လူတွေရဲ့ အခန်းကဏ္ဍကို ဒီလူ့အဖွဲ့အစည်းက အသိအမှတ်ပြုတန်ဖိုးထားတယ်ဆိုရင် ဘဲ သေတဲ့လူတွေလဲသေပျော်ပါတယ်။ ခံစားနေရသူတွေလည်းနေပျော်ပါတယ်။"

ရှစ်လေးလုံး နှစ်ပတ်လည်အဖြစ် သုံးရက် ကျင်းပတဲ့အခမ်းအနားတွေမှာ လူထုလှုပ်ရှားမှုကြီး ကို ပြန်လည်သုံးသပ်တဲ့ ဆွေးနွေးပွဲတွေလည်း ကျင်းပခဲ့ပါတယ်။ ဒီဆွေးနွေးပွဲတွေအကြောင်း ကိုတော့ ရှစ်ဆယ့်ရှစ်မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေးက အခုလို VOA ကို ပြောပါတယ်။

"နံပါတ် ၁ခေါင်းစဉ်က နှစ် ၃၀ဒီမိုကရေစီခရီး၊ အဲမှာတော့ရှင်းတယ် ကျနော်တို့လက်ရှိရောက်နေတဲ့ ပန်း တိုင်က ကျနော်တို့မျှော်မှန်းထားတဲ့နေရာမရောက်သေးဘူး။ အဲတော့ဒီပန်းတိုင်ရောက်ဖို့ ဘယ်လိုသွား သင့်လဲ။ ခွဲခြမ်းစိတ်ဖြာတဲ့ အခါမှာ အစိုးရဘက်ကဆန္ဒပြတာတွေကို လက်ခံဖို့ပြောထားတာပါသလို ဒီမို ကရေစီအင်အားစုတွေ စည်းလုံးညီညွှတ်ကြဖို့ မီးမောင်းထိုးထားတာလည်းပါတယ်။ နံပါတ် ၂ကတော့ တိုင်းရင်းသားတန်းတူညီမျှမှုနဲ့ဖက်ဒရယ်ပြည်ထောင်စု အဲမှာ အခုကတော့ဒီဖွဲ့စည်းပုံနဲ့အလုပ်မဖြစ်ဘူး တန်းတူရေးနဲ့ကိုက်ညီတဲ့ ဖွဲ့စည်းပုံပေါ်ပေါက်ရေးက အရေးကြီးတယ်။ နံပါတ် ၃ကတော့ မြန်မာ့ နိုင်ငံရေး နဲ့စစ်အာဏာရှင် အဲမှာလဲရှင်းတယ် စစ်အာဏာရှင်အမြစ်တွယ်လာတာပြောတယ်။ လက်ရှိကာလမှာ စစ်ဘောင်ကျဉ်းသွားဖို့ အရပ်ဖက်ပိုကျယ်ပြန့်အောင်လုပ်ဖို့ဆွေးနွေးထားတယ်။"

ဒီနေ့အခမ်းအနားမှာ ခေတ်အဆက်ဆက် နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့သူတွေအပြင် မျိုးဆက်သစ်ကျောင်းသားလူငယ်တွေလည်း တော်တော်များများ တွေ့ရပါတယ်။ ရှစ်လေးလုံး စိတ်ဓါတ်တွေ လူငယ်တွေကြားမှာ လက်ဆင့်ကမ်းနိုင်ဖို့ အရေးကြီးတယ်လို့ လွှတ်တော်ကိုယ်စားလှယ် တဦးဖြစ်တဲ့ ဦးနေဘုန်းလတ်က ပြောပါတယ်။

" ဒီတက္ကသိုလ်ဝင်း ဒီလိုနေရာတွေက လူငယ်တွေရဲ့ နေ့ရာတွေဘဲလေ။ အရင်က ၈၈၈၈ ဆိုနိုင်ငံရေး ပွဲလိုလို သတ်သတ်ဆီဖြစ်နေတယ်။ ဒီလိုနေရာမှာလုပ်ရတာအရမ်းသဘောကျတယ်။ ဘာလို့ဆိုလူငယ် တွေနဲ့ပိုနီးလာတယ်။ ဒီလိုနေရာတွေမှာ များများလုပ်ဖို့ ကျနော်တောင်းဆိုတယ်"

ရှစ်ဆယ့်ရှစ်ခုနှစ်ကလက အကသ ကျောင်းသားခေါင်းဆောင်တဦးဖြစ်ပြီး လက်ရှိ မဟာဗျုဟာနဲ့ မူဝါဒဆိုင်ရာ လေ့လာရေး အင်စတီကျုက အမှုဆောင်ဒါရိုက်တာ ဦးမင်းဇင်ကတော့ ရှစ်ဆယ့်ရှစ်ရဲ့ ကတိက၀တ်တွေ အကောင်အထည်ပေါ်လာဖို့ အရေးကြီးတဲ့အကြောင်း ပြောဆိုသပါတယ်။

"နိုင်ငံရေးမှာ ၂ပိုင်းပေါ့။ တပိုင်းက သင်္ကေတပိုင်းပေါ့။ ဒီလိုအထိမ်းအမှတ်လုပ်ခွင့်ရတာတော့ ကိုယ်တိုင်လဲ ပါဝင်ပတ်သတ်ခဲ့သူတယောက်အနေနဲ့ ကြက်သီးမွှေးညင်းထရအောင်စိတ်ကျေနပ်ပါ တယ်။ နောက်တပိုင်းကတော့ ရှစ်လေးလုံးရဲ့ ကတိကဝတ်တွေပါ။ ၈၈၈၈ ကဖြစ်စဉ်ကြီးတခုပါ။ ဖြစ်ရပ် တခုနဲ့မတူပါဘူး။ ဆိုတော့ အခါကျတော့ ၆၂ကစတဲ့ ဖြစ်စဉ်မှာ ဒီ ၈၈၈၈ အလွန်မှာ ဒီမိုကရေစီအရေး စစ်အာဏာရှင်အရေးမကတော့ဘဲနဲ့ တိုင်းရင်းသားတန်းတူရေး ဖက်ဒရယ်အရေးတို့ပါပါလာတာပေါ့။ ၈၈၈၈ ကတိကဝတ်တွေ ပြည့်ပြီလားဆိုတာပြောရမယ်ဆိုရင်တော့ အများကြီးလိုသေးတယ်လို့ ပြောရမယ်ထင်ပါတယ်။ ကတိကဝတ်တွေပြည့်ဖို့ ဒီလိုအခမ်းအနားတွေလုပ်တာအပြင် စေ့ဆော်မှုရှိလာ တာပိုကောင်းမယ်လို့ပြောချင်ပါတယ်။ ၈၈၈၈ ကတိကဝတ်တွေ ပြည့်ဖို့က အစိုးရတခုထဲနဲ့မသက်ဆိုင် ပါဘူး။ ၈၈၈၈ မှာပါဝင်ခဲ့သူတွေကော အဲလူတွေကနောက်မျိုးဆက်ကို ဘယ်လောက်လက်ဆင့်ကမ်းနိုင် မလဲဆိုတာလည်း ပါဝင်တယ်လို့ထင်ပါတယ်"

ဒီနေ့ ရှစ်လေးလုံး နှစ်သုံးဆယ်ပြည့် အခမ်းအနားမှာ နိုင်ငံခြားသံတမန်တွေအပြင် မြန်မာအစိုးရ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဖေမြင့်နဲ့ ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့ တက်ရောက်ခဲ့ပေမယ့် အမှတ်တရ မိန့်ခွန်း တစုံတရာပြောဆိုသွားတာ မတွေ့ရပါဘူး။ အရပ်သားအစိုးရလက်ထက် ရန်ကုန်တက္ကသိုလ်မှာ ပထမဆုံးကျင်းပခွင့်ရတဲ့ အခမ်းအနား ဖြစ်တာကြောင့် ကျောင်းသားဟောင်းတွေ၊ ခေတ်အဆက်ဆက် နိုင်ငံရေးလှုပ်ရှားသူတွေ၊ အထူးစည်ကားနေခဲ့ပါတယ်။
https://burmese.voanews.com/a/myanmar-88-uprising-30-years-anniversary-ceremony-/4518556.html

COMMENTS

Name

art,1,article,1344,cartoon variety,22,crime,70,culture,1,documentary,9,Entertainment,9,health,36,history,2,international,8668,interview,224,knowledge,9,Live,8,LocalNews,17706,news,2842,opinion,781,photos,203,poem,117,satires,39,song,12,speech,12,sports,194,statement,59,technic,59,translate,34,video,1074,voice,76,
ltr
item
dawnmanhon: ၈ လေးလုံးအနှစ် ၃၀ ပြည့်မှသည် အနာဂတ်ခြေလှမ်းသစ်ပြင်ဆင်ဖို့ ၈၈ မျိုးဆက်ခေါင်းဆောင်တွေ တိုက်တွန်း
၈ လေးလုံးအနှစ် ၃၀ ပြည့်မှသည် အနာဂတ်ခြေလှမ်းသစ်ပြင်ဆင်ဖို့ ၈၈ မျိုးဆက်ခေါင်းဆောင်တွေ တိုက်တွန်း
https://gdb.voanews.com/189C2716-618B-4405-8785-150E16302B32_w1023_r1_s.jpg
dawnmanhon
http://www.dawnmanhon.com/2018/08/blog-post_971.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2018/08/blog-post_971.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy